Spots news

ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဘာစီလိုနာကွင်းလယ်လူ ပီယာနစ်ကို ကမ်းလှမ်းမယ့် စပါး

Unicode Version

စပါးအသင်းဟာ အခုနှစ် နွေစျေးကွက်အတွင်း ပထမဦးဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် အနာဂတ်အခြေအနေတွေ မရေမရာ ဖြစ်လို့နေရတဲ့ ဘာစီလိုနာကွင်းလယ်ကစားသမားဖြစ်သူ ပီယာနစ်ကို ခေါ်ယူသွားဖို့အတွက် အနီးစပ်ဆုံး အခြေအနေတစ်ခုကို ရောက်ရှိနေပြီလို့ သိရှိရပါတယ်။

ပီယာနစ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ ဂျုဗင်တပ်စ်အသင်းကနေ ဘာစီလိုနာဆီကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းမှာ ရုန်းကန်နေခဲ့ရသလို နည်းပြ ကိုးမန်းရဲ့ အနာဂတ်စီမံကိန်းအတွင်းမှာပါ ပါဝင်ဖွယ် မရှိနေတာကြောင့် အသင်းကနေ ပြန်လည်ထွက်ခွာရဖို့ နီးစပ်လာခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာကလည်း ဘာစီလိုနာအသင်းက အသင်းအတွင်း ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရသလို အသင်းရဲ့ ကစားသမား လီယွန်နယ်မက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့လည်း ရှိနေတာကြောင့် ပီယာနစ်လို လစာမြင့်မားတဲ့ ကစားသမားတွေနဲ့ လက်တွဲဖြုတ်လာနိုင်ခြေ ရှိနေပါတယ်။

လတ်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင် ဘာစီလိုနာအသင်းဟာ ပီယာနစ် အမ်တီတီတို့လို အသင်းနဲ့ စာချုပ်သက်တမ်းကိုယ်စီ ကျန်ရှိနေသေးတဲ့ လစာမြင့် ကစားသမားတွေကို စာချုပ်ဖျက်သိမ်းပြီး အသင်းကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ပါ ထွက်ခွာသွားစေဖို့အထိပါ စီစဉ်နေတယ်လို့ သိရှိရပါတယ်။

ဒီလို အခြေအနေရှိနေတဲ့ ပီယာနစ်ကို ဥရောပ ကလပ်အသင်းများစွာကနေ စောင့်ကြည့်လာခဲ့ပြီး ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကလည်း အသင်းဆီ အရခေါ်ယူသွားဖို့ ကြိုးပမ်းမှုတွေ စတင်လုပ်ဆောင်လာခဲ့ပါတယ်။

စပါးအသင်းရဲ့ ဘောလုံးဒါရိုက်တာသစ်တစ်ဦးဖြစ်သူ ပါရာတီခီက သူနဲ့အတူ ဂျုဗင်တပ်စ်အသင်းမှာ အလုပ်တွဲဖက် လုပ်ကိုင်ခဲ့ဖူးတဲ့ ပီယာနစ်ကို စပါးအသင်းဆီ ရောက်ရှိလာအောင်

အဓိကကြိုးပမ်းနေတာဖြစ်ပြီး ဘာစီလိုနာအသင်းဘက်ကလည်း သူတို့ကစားသမားကို လက်လွတ်သွားဖို့ သေချာသလောက် ဖြစ်နေတာမို့ ပီယာနစ်က ဒီနှစ်နွေစျေးကွက်အတွင်း စပါးအသင်းရဲ့ ကစားသမားသစ် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

ဒါပေမယ့် စပါးအသင်းဟာ ကစားသမားသစ် ခေါ်ယူဖို့ထက် အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ တိုက်စစ်မှူးဟာရီကိန်းကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ရေးကိုသာ ဦးစားပေး လုပ်ဆောင်လျက် ရှိနေပါတယ်။

Zawgyi Version

စပါးအသင္းဟာ အခုႏွစ္ ေႏြေစ်းကြက္အတြင္း ပထမဦးဆုံး ကစားသမားသစ္ ေခၚယူမႈအျဖစ္ အနာဂတ္အေျခအေနေတြ မေရမရာ ျဖစ္လို႔ေနရတဲ့ ဘာစီလိုနာကြင္းလယ္ကစားသမားျဖစ္သူ ပီယာနစ္ကို ေခၚယူသြားဖို႔အတြက္ အနီးစပ္ဆုံး အေျခအေနတစ္ခုကို ေရာက္ရွိေနၿပီလို႔ သိရွိရပါတယ္။

ပီယာနစ္ဟာ ၿပီးခဲ့တဲ့ႏွစ္ကမွ ဂ်ဳဗင္တပ္စ္အသင္းကေန ဘာစီလိုနာဆီကို ေရာက္ရွိလာခဲ့တာျဖစ္ေပမယ့္ အသင္းမွာ ႐ုန္းကန္ေနခဲ့ရသလို နည္းျပ ကိုးမန္းရဲ႕ အနာဂတ္စီမံကိန္းအတြင္းမွာပါ ပါဝင္ဖြယ္ မရွိေနတာေၾကာင့္ အသင္းကေန ျပန္လည္ထြက္ခြာရဖို႔ နီးစပ္လာခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာကလည္း ဘာစီလိုနာအသင္းက အသင္းအတြင္း ဘ႑ာေရး အက်ပ္အတည္းေတြနဲ႕ ရင္ဆိုင္ေနရသလို အသင္းရဲ႕ ကစားသမား လီယြန္နယ္မက္ဆီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔လည္း ရွိေနတာေၾကာင့္ ပီယာနစ္လို လစာျမင့္မားတဲ့ ကစားသမားေတြနဲ႕ လက္တြဲျဖဳတ္လာနိုင္ေျခ ရွိေနပါတယ္။

လတ္တေလာမွာ ထြက္ေပၚေနတဲ့ သတင္းေတြအရဆိုရင္ ဘာစီလိုနာအသင္းဟာ ပီယာနစ္ အမ္တီတီတို႔လို အသင္းနဲ႕ စာခ်ဳပ္သက္တမ္းကိုယ္စီ က်န္ရွိေနေသးတဲ့ လစာျမင့္ ကစားသမားေတြကို စာခ်ဳပ္ဖ်က္သိမ္းၿပီး အသင္းကေန အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕ပါ ထြက္ခြာသြားေစဖို႔အထိပါ စီစဥ္ေနတယ္လို႔ သိရွိရပါတယ္။

ဒီလို အေျခအေနရွိေနတဲ့ ပီယာနစ္ကို ဥေရာပ ကလပ္အသင္းမ်ားစြာကေန ေစာင့္ၾကည့္လာခဲ့ၿပီး ပရီးမီးယားလိဂ္ကလပ္ စပါးအသင္းကလည္း အသင္းဆီ အရေခၚယူသြားဖို႔ ႀကိဳးပမ္းမႈေတြ စတင္လုပ္ေဆာင္လာခဲ့ပါတယ္။

စပါးအသင္းရဲ႕ ေဘာလုံးဒါရိုက္တာသစ္တစ္ဦးျဖစ္သူ ပါရာတီခီက သူနဲ႕အတူ ဂ်ဳဗင္တပ္စ္အသင္းမွာ အလုပ္တြဲဖက္ လုပ္ကိုင္ခဲ့ဖူးတဲ့ ပီယာနစ္ကို စပါးအသင္းဆီ ေရာက္ရွိလာေအာင္

အဓိကႀကိဳးပမ္းေနတာျဖစ္ၿပီး ဘာစီလိုနာအသင္းဘက္ကလည္း သူတို႔ကစားသမားကို လက္လြတ္သြားဖို႔ ေသခ်ာသေလာက္ ျဖစ္ေနတာမို႔ ပီယာနစ္က ဒီႏွစ္ေႏြေစ်းကြက္အတြင္း စပါးအသင္းရဲ႕ ကစားသမားသစ္ ျဖစ္လာနိုင္ဖြယ္ ရွိေနပါတယ္။

ဒါေပမယ့္ စပါးအသင္းဟာ ကစားသမားသစ္ ေခၚယူဖို႔ထက္ အသင္းရဲ႕ အဓိက ကစားသမားျဖစ္တဲ့ တိုက္စစ္မႉးဟာရီကိန္းကို အသင္းမွာ ဆက္လက္ထိန္းသိမ္းထားနိုင္ေရးကိုသာ ဦးစားေပး လုပ္ေဆာင္လ်က္ ရွိေနပါတယ္။