Spots news

ပရီးမီးယားလိဂ်နဲ့ အထိုင်ကျပြီးသား တိုက်စစ်မှူး ကယ်ဗက်လီဝင်ကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲဗာတန်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးကယ်လ်ဗတ်လူဝင် ကို ခေါ်ယူဖို့အတွက်

ပစ်မှတ်ထား ပြင်ဆင်လျက်ရှိနေကြောင်း ဥရောပအ‌ခြေစိုက် သတင်းမီဒီယာ များက ရေးသားဖော်ပြထားပါတယ်။

ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကာလရှည်ပစ်မှတ် ဒေါ့မွန် တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဗဟိုခံစစ်နေရာအတွက်

ပြင်သစ် နောက်ခံလူ ဗာရန်းကို ထပ်မံခေါ်ယူဖို့ လျင်လျင် မြန်မြန် လှုပ်ရှားနေသလို လိုအပ်နေတဲ့ တိုက်စစ်နေရာကိုလည်း ထပ်မံအားဖြည့်ဖို့အတွက် စီစဉ်နေတာပါ။

ယူနိုက်တက်ဟာ တိုက်စစ်အတွက် အဓိက ပစ်မှတ်အဖြစ် ဒေါ့မွန် လူငယ်တိုက်စစ်မှူး ဟာလန်း နဲ့ စပါး အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်း တို့ကို သတ်မှတ်ထားပေမယ့်

အဆိုပါ ကစားသမား (၂) ယောက်လုံးမှာ ပြောင်းရွေ့ကြေး မြင့်မားပြီး ယူနိုက်တက်ကိုရောက်ရှိဖို့ မလွယ်ကူတာကြောင့် လီဝင် ကို ပြောင်းလဲပစ်မှတ်ထားနေတာဖြစ်ပါတယ်။

အသက် (၂၄) နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှုးဟာ ၂၀၂၀-၂၁ ရာသီမှာ အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ (၃၄)ပွဲ ကစား ၊ (၂၁)ဂိုး သွင်းယူခဲ့ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ

ရွေးချယ်ခံထားရတဲ့ ကစားသမားဖြစ်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ အင်္ဂလန် နဲ့ ယူကရိန်းတို့ ပွဲစဉ်တွေမှာလည်း လီဝင်ဟာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူး ကာဗာနီကို စာချုပ်သက်တမ်း တိုးထားနိုင်ခဲ့သလို အသင်းမှာ လူငယ်တိုက်စစ်မှူးတွေလဲ ရှိနေပေမယ့်

နည်းပြဆိုးလ်ရှားက တိုက်စစ်အင်အား ဆက်လက်ဖြည့်တင်းမှာ ဖြစ်ကြောင်း ပြောကြားထားပြီး အဲဗာတန်က ကယ်လ်ဗက်လူဝင်က ယူနိုက်တက်ရဲ့ ပစ်မှတ်များထဲက တစ်ဦးဖြစ်ပါတယ်။

လီဝင်ကို ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးပမ်းနေသလို ရီးရဲလ်မက်ဒရစ် နည်းပြသစ်ဖြစ်လာတဲ့ အန်ဆယ်လော့တီကလည်း အဲဗာတန်မှာ လက်တွဲခဲ့ဖူးတဲ့

သူ့ တပည့်ဟောင်းကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီး အူဘာမီးယန်း ကိုအားမလို အားမရဖြစ်နေတဲ့ အာဆင်နယ် အသင်းကလဲ ခေါ်ယူဖို့ အလိုရှိနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ အဲဗာတန္အသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ တိုက္စစ္မႉးကယ္လ္ဗတ္လူဝင္ ကို ေခၚယူဖို႔အတြက္

ပစ္မွတ္ထား ျပင္ဆင္လ်က္ရွိေနေၾကာင္း ဥေရာပအ‌ေျခစိုက္ သတင္းမီဒီယာ မ်ားက ေရးသားေဖာ္ျပထားပါတယ္။

ယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ကာလရွည္ပစ္မွတ္ ေဒါ့မြန္ ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူနိုင္ခဲ့ၿပီးေနာက္ ဗဟိုခံစစ္ေနရာအတြက္

ျပင္သစ္ ေနာက္ခံလူ ဗာရန္းကို ထပ္မံေခၚယူဖို႔ လ်င္လ်င္ ျမန္ျမန္ လႈပ္ရွားေနသလို လိုအပ္ေနတဲ့ တိုက္စစ္ေနရာကိုလည္း ထပ္မံအားျဖည့္ဖို႔အတြက္ စီစဥ္ေနတာပါ။

ယူနိုက္တက္ဟာ တိုက္စစ္အတြက္ အဓိက ပစ္မွတ္အျဖစ္ ေဒါ့မြန္ လူငယ္တိုက္စစ္မႉး ဟာလန္း နဲ႕ စပါး အသင္းရဲ႕ အဓိကတိုက္စစ္မႉး ဟယ္ရီကိန္း တို႔ကို သတ္မွတ္ထားေပမယ့္

အဆိုပါ ကစားသမား (၂) ေယာက္လုံးမွာ ေျပာင္းေ႐ြ႕ေၾကး ျမင့္မားၿပီး ယူနိုက္တက္ကိုေရာက္ရွိဖို႔ မလြယ္ကူတာေၾကာင့္ လီဝင္ ကို ေျပာင္းလဲပစ္မွတ္ထားေနတာျဖစ္ပါတယ္။

အသက္ (၂၄) ႏွစ္အ႐ြယ္ အဂၤလန္ တိုက္စစ္မႈးဟာ ၂၀၂၀-၂၁ ရာသီမွာ အဲဗာတန္အသင္းအတြက္ ၿပိဳင္ပြဲစုံ (၃၄)ပြဲ ကစား ၊ (၂၁)ဂိုး သြင္းယူခဲ့ၿပီး ယူရို ၂၀၂၀ ၿပိဳင္ပြဲဝင္ အဂၤလန္အသင္းမွာ

ေ႐ြးခ်ယ္ခံထားရတဲ့ ကစားသမားျဖစ္ပါတယ္။ မေန႕ညက ကစားခဲ့တဲ့ အဂၤလန္ နဲ႕ ယူကရိန္းတို႔ ပြဲစဥ္ေတြမွာလည္း လီဝင္ဟာ လူစားဝင္ ကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့ပါေသးတယ္။

လက္ရွိအခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ ဥ႐ုေဂြးလက္ေ႐ြးစင္ တိုက္စစ္မႉး ကာဗာနီကို စာခ်ဳပ္သက္တမ္း တိုးထားနိုင္ခဲ့သလို အသင္းမွာ လူငယ္တိုက္စစ္မႉးေတြလဲ ရွိေနေပမယ့္

နည္းျပဆိုးလ္ရွားက တိုက္စစ္အင္အား ဆက္လက္ျဖည့္တင္းမွာ ျဖစ္ေၾကာင္း ေျပာၾကားထားၿပီး အဲဗာတန္က ကယ္လ္ဗက္လူဝင္က ယူနိုက္တက္ရဲ႕ ပစ္မွတ္မ်ားထဲက တစ္ဦးျဖစ္ပါတယ္။

လီဝင္ကို ယူနိုက္တက္က ေခၚယူဖို႔ ႀကိဳးပမ္းေနသလို ရီးရဲလ္မက္ဒရစ္ နည္းျပသစ္ျဖစ္လာတဲ့ အန္ဆယ္ေလာ့တီကလည္း အဲဗာတန္မွာ လက္တြဲခဲ့ဖူးတဲ့

သူ႕ တပည့္ေဟာင္းကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနၿပီး အူဘာမီးယန္း ကိုအားမလို အားမရျဖစ္ေနတဲ့ အာဆင္နယ္ အသင္းကလဲ ေခၚယူဖို႔ အလိုရွိေနပါတယ္။