Spots news

ဆန်ချိုနဲ့ လုခ်ရှောတို့ကြောင့် ယူနိုက်တက်ကိုပြောင်းရွေ့ဖို့ စိတ်ဝင်စားလာတဲ့ ဒီကလန်ရိုက်စ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းကို မကြာသေးမီက ရောက်ရှိ ခဲ့တဲ့ ကစားသမားသစ် အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုနဲ့ အသင်းရဲ့ ဘယ်နောက်ခံလူ

လုခ်ရှောတို့ကြောင့် ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ပိုမို နီးစပ်လာကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ အပြောင်းအရွှေ့မှာ ညာတောင်ပံ ၊ ဗဟိုနောက်ခံလူ တဦး ၊ ကွင်းလယ်လူ တဦးနဲ့ တိုက်စစ်မှူး တဦးတို့ကို ခေါ်ယူဖို့ လျာထားပြီး

ညာတောင်ပံနေရာ အတွက် ဆန်ချိုကို ရရှိပြီးနောက်မှာ ဗဟိုနောက်ခံလူ တဦးနဲ့ ကွင်းလယ်လူ တဦးတို့ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။

ငယ်စဉ်က ချယ်လ်ဆီးအသင်းရဲ့ ပရိသတ် ဖြစ်ဖူးသူ ဒီကလန်ရိုက်စ်ဟာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း မရှိပေမယ့် ငယ်စဉ်က သူ့နည်းတူ ချယ်လ်ဆီးအသင်းရဲ့ ပရိသတ် ဖြစ်ခဲ့ဖူးတဲ့ အင်္ဂလန်လက်ရွေးစင် အသင်းဖော်လုခ်ရှော အပြင်

ဆန်ချိုကပါ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ပြီး နောက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလာကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဝက်စ်ဟမ်းကတော့ ရိုက်စ် ကို အသင်းမှာ ဆက်ထိန်း ထားချင်နေပေမယ့် ကစားသမားကိုယ်တိုင်က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားချင်တယ်လို့ ဖွင့်ဟထားပြီး

လက်ရှိအချိန်မှာ ဝက်စ်ဟမ်းအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို (၂) ကြိမ်တိုင်တိုင် ပယ်ချထားကြောင်း သတင်းများက ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကတော့ ဒီကလန်ရိုက်စ်ကို သူ့ရဲ့ နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဝက်စ်ဟမ်းအသင်းက တန်ကြေး ပေါင် ၁၀၀သန်း အထိ သတ်မှတ်ထားတဲ့ ဒီကလန်ရိုက်စ်ကို

အသင်းရဲ့ တောင်ပံကစားသမား လင်ဂတ် + ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ပြောကြားထားပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းကို မၾကာေသးမီက ေရာက္ရွိ ခဲ့တဲ့ ကစားသမားသစ္ အဂၤလန္ လူငယ္ ေတာင္ပံ ကစားသမား ဆန္ခ်ိဳနဲ႕ အသင္းရဲ႕ ဘယ္ေနာက္ခံလူ

လုခ္ေရွာတို႔ေၾကာင့္ ဝက္စ္ဟမ္းအသင္းရဲ႕ ကြင္းလယ္လူ ဒီကလန္ရိုက္စ္ကို ေခၚယူနိုင္ဖို႔ ပိုမို နီးစပ္လာေၾကာင္း မန္ခ်က္စတာ ညေနခင္း သတင္းဌာနက ေဖာ္ျပသြားပါတယ္။

ယူနိုက္တက္ဟာ လက္ရွိ အေျပာင္းအေ႐ႊ႕မွာ ညာေတာင္ပံ ၊ ဗဟိုေနာက္ခံလူ တဦး ၊ ကြင္းလယ္လူ တဦးနဲ႕ တိုက္စစ္မႉး တဦးတို႔ကို ေခၚယူဖို႔ လ်ာထားၿပီး

ညာေတာင္ပံေနရာ အတြက္ ဆန္ခ်ိဳကို ရရွိၿပီးေနာက္မွာ ဗဟိုေနာက္ခံလူ တဦးနဲ႕ ကြင္းလယ္လူ တဦးတို႔ကို ေခၚယူဖို႔ အျပင္းအထန္ ႀကိဳးစားေနပါတယ္။

ငယ္စဥ္က ခ်ယ္လ္ဆီးအသင္းရဲ႕ ပရိသတ္ ျဖစ္ဖူးသူ ဒီကလန္ရိုက္စ္ဟာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားျခင္း မရွိေပမယ့္ ငယ္စဥ္က သူ႕နည္းတူ ခ်ယ္လ္ဆီးအသင္းရဲ႕ ပရိသတ္ ျဖစ္ခဲ့ဖူးတဲ့ အဂၤလန္လက္ေ႐ြးစင္ အသင္းေဖာ္လုခ္ေရွာ အျပင္

ဆန္ခ်ိဳကပါ မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ၿပီး ေနာက္မွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားလာေၾကာင္း လန္ဒန္ၿမိဳ႕ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

ဝက္စ္ဟမ္းကေတာ့ ရိုက္စ္ ကို အသင္းမွာ ဆက္ထိန္း ထားခ်င္ေနေပမယ့္ ကစားသမားကိုယ္တိုင္က ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ ကစားခ်င္တယ္လို႔ ဖြင့္ဟထားၿပီး

လက္ရွိအခ်ိန္မွာ ဝက္စ္ဟမ္းအသင္းရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို (၂) ႀကိမ္တိုင္တိုင္ ပယ္ခ်ထားေၾကာင္း သတင္းမ်ားက ေဖာ္ျပထားပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ ဆိုးလ္ရွားကေတာ့ ဒီကလန္ရိုက္စ္ကို သူ႕ရဲ႕ နံပါတ္တစ္ ပစ္မွတ္အျဖစ္ သတ္မွတ္ထားၿပီး ဝက္စ္ဟမ္းအသင္းက တန္ေၾကး ေပါင္ ၁၀၀သန္း အထိ သတ္မွတ္ထားတဲ့ ဒီကလန္ရိုက္စ္ကို

အသင္းရဲ႕ ေတာင္ပံကစားသမား လင္ဂတ္ + ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၀သန္း ဝန္းက်င္နဲ႕ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနေၾကာင္း မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ နီးစပ္တဲ့ သတင္းေထာက္ေတြက ေျပာၾကားထားပါတယ္။