Spots news

ချန်ပီယံလိဂ်ဖလားအိမ်မက်အတွက် ပေါ့ဘာကို ဈေးကြီးပေးပြီးခေါ်မယ့် ပီအက်စ်ဂျီ

Unicode Version

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပိုမိုအင်အား တောင့်တင်းဖို့အတွက် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ ပြင်သစ်သတင်း မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

ပေါ့ဘာဟာ ၂၀၂၂ခုနှစ်မှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ယူနိုက်တက် ဘက်ကနေ သူတို့ရဲ့ကြယ်ပွင့် ကစားသမားကို သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်ထိ သက်တမ်းတိုးဖို့က အဆင်မပြေနေတာပဲ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်ရဲ့ သမိုင်းမှာ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ပေးချေကာ ခေါ်ယူထားရတဲ့ ကစားသမား တဦး ဖြစ်သလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ

သူ့ကို အသင်းရဲ့ အဓိက ကစားသမား အဖြစ် ရှုမြင်ထားပြီး စာချုပ်သစ်မှာ တပတ်လုပ်ခ ယူရို ၃သိန်းခွဲအထိ ပေးချေမယ် ဆိုပြီး ကမ်းလှမ်းထားကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်း ဌာနတွေက ဖော်ပြထားပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမား ဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေကို အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းမှာ ရရှိခဲ့ပြီး

ဂျူဗင်တပ်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၅သန်းနဲ့ ပြန်လည် ပြောင်းရွှေ့လာအပြီးမှာ အသင်းနဲ့ ယူရိုပါလိဂ်ဖလား တလုံး ၊ ကားလင်းဖလား တလုံးနဲ့ ကွန်မြူနတီဒိုင်း တကြိမ်တို့ကိုသာ ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ပေ့ါဘာရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ပီအက်စ်ဂျီ အသင်းဥက္ကဌအယ်လ်ခီလိုင်ဖီနဲ့ တွေ့ဆုံခဲ့ပြီး ယူနိုက်တက်အသင်းက ပေ့ါဘာကို စာချုပ်သက်တမ်း တိုးချင်နေပေမယ့် သူ့ကစားသမားက ငြင်းဆန်ဖို့ ရှိနေတယ်လို့ အသိပေး ပြောကြားခဲ့ကြောင်း သတင်းတွေထွက်ပေါ် နေပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိလို့နေပြီး ရွိုင်အိုလာကလည်း အေးဂျင့်ကြေးကို မြိုးမြိုးမြက်မြက် ရနိုင်တာကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ စွမ်းဆောင်ဖွယ် ရှိနေပါတယ်။

ဒါပေမယ့် ယူနိုက်တက် အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားကတော့ ပေါ့ဘာကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်း ထားချင်နေ ပေမယ့် ကစားသမားကသာ ယူနိုက်တက်နဲ့ သက်တမ်းမတိုးနိုင်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ် ရနိုင်တာမို့ ဒီနှစ်နွေမှာပဲ သူ့ကို ရောင်းထုတ် သွားနိုင်ပါတယ်။

လက်ရှိအချိန်မှာ ပေ့ါဘာကို ပီအက်စ်ဂျီအသင်း အပါအဝင် ဥရောပထိပ်သီး အသင်းတွေက ပစ်မှတ်ထား နေကြပြီး ရိုင်အိုလာကလည်း ပေ့ါဘာကို ယူနိုက်တက်နဲ့ လမ်းခွဲဖို့ တိုက်တွန်းသွားမယ့် အနေအထားပါပဲ။

Zawgyi Version

ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းဟာ အသင္းရဲ႕ ကြင္းလယ္ပိုင္းကို ပိုမိုအင္အား ေတာင့္တင္းဖို႔အတြက္ မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာကို ေခၚယူသြားဖို႔ ျပင္ဆင္ေနတယ္လို႔ ျပင္သစ္သတင္း မီဒီယာေတြကေန ေဖာ္ျပလာခဲ့ပါတယ္။

ေပါ့ဘာဟာ ၂၀၂၂ခုႏွစ္မွာပဲ ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္တဲ့အတြက္ ယူနိုက္တက္ ဘက္ကေန သူတို႔ရဲ႕ၾကယ္ပြင့္ ကစားသမားကို သက္တမ္းတိုးဖို႔ လုပ္ေဆာင္ေနေပမယ့္ လက္ရွိအခ်ိန္ထိ သက္တမ္းတိုးဖို႔က အဆင္မေျပေနတာပဲ ျဖစ္ပါတယ္။

ေပါ့ဘာဟာ ယူနိုက္တက္ရဲ႕ သမိုင္းမွာ ေျပာင္းေ႐ႊ႕ေၾကး အျမင့္မားဆုံး ေပးေခ်ကာ ေခၚယူထားရတဲ့ ကစားသမား တဦး ျဖစ္သလို လက္ရွိ ကမာၻ႔အေကာင္းဆုံး ကြင္းလယ္လူေတြထဲက တဦး ျဖစ္တာေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ

သူ႕ကို အသင္းရဲ႕ အဓိက ကစားသမား အျဖစ္ ရႈျမင္ထားၿပီး စာခ်ဳပ္သစ္မွာ တပတ္လုပ္ခ ယူရို ၃သိန္းခြဲအထိ ေပးေခ်မယ္ ဆိုၿပီး ကမ္းလွမ္းထားေၾကာင္း မန္ခ်က္စတာၿမိဳ႕ အေျခစိုက္ သတင္း ဌာနေတြက ေဖာ္ျပထားပါတယ္။

ေပါ့ဘာဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ လူငယ္ အကယ္ဒမီကေန ထြက္ေပၚလာတဲ့ ကစားသမား တဦး ျဖစ္ေပမယ့္ သူ႕ရဲ႕ ကစားသမား ဘဝ အျမင့္မားဆုံး ေအာင္ျမင္မႈေတြကို အီတလီ စီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္းမွာ ရရွိခဲ့ၿပီး

ဂ်ဴဗင္တပ္အသင္း ကေန မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၀၅သန္းနဲ႕ ျပန္လည္ ေျပာင္းေ႐ႊ႕လာအၿပီးမွာ အသင္းနဲ႕ ယူရိုပါလိဂ္ဖလား တလုံး ၊ ကားလင္းဖလား တလုံးနဲ႕ ကြန္ျမဴနတီဒိုင္း တႀကိမ္တို႔ကိုသာ ရရွိခဲ့ပါတယ္။

ဒါေပမဲ့ ေပ့ါဘာရဲ႕ေအးဂ်င့္ျဖစ္သူ ရိုင္အိုလာဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ပီအက္စ္ဂ်ီ အသင္းဥကၠဌအယ္လ္ခီလိုင္ဖီနဲ႕ ေတြ႕ဆုံခဲ့ၿပီး ယူနိုက္တက္အသင္းက ေပ့ါဘာကို စာခ်ဳပ္သက္တမ္း တိုးခ်င္ေနေပမယ့္ သူ႕ကစားသမားက ျငင္းဆန္ဖို႔ ရွိေနတယ္လို႔ အသိေပး ေျပာၾကားခဲ့ေၾကာင္း သတင္းေတြထြက္ေပၚ ေနပါတယ္။

ပီအက္စ္ဂ်ီ အသင္းဟာ ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္သူ ရိုင္အိုလာနဲ႕ပါ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိလို႔ေနၿပီး ႐ြိုင္အိုလာကလည္း ေအးဂ်င့္ေၾကးကို ၿမိဳးၿမိဳးျမက္ျမက္ ရနိုင္တာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕ ျဖစ္ေပၚလာဖို႔ စြမ္းေဆာင္ဖြယ္ ရွိေနပါတယ္။

ဒါေပမယ့္ ယူနိုက္တက္ အသင္းနည္းျပ အိုေလဂန္နာဆိုးလ္ရွားကေတာ့ ေပါ့ဘာကို အသင္းမွာပဲ ဆက္လက္ ထိန္းသိမ္း ထားခ်င္ေန ေပမယ့္ ကစားသမားကသာ ယူနိုက္တက္နဲ႕ သက္တမ္းမတိုးနိုင္ရင္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ လက္လြတ္ ရနိုင္တာမို႔ ဒီႏွစ္ေႏြမွာပဲ သူ႕ကို ေရာင္းထုတ္ သြားနိုင္ပါတယ္။

လက္ရွိအခ်ိန္မွာ ေပ့ါဘာကို ပီအက္စ္ဂ်ီအသင္း အပါအဝင္ ဥေရာပထိပ္သီး အသင္းေတြက ပစ္မွတ္ထား ေနၾကၿပီး ရိုင္အိုလာကလည္း ေပ့ါဘာကို ယူနိုက္တက္နဲ႕ လမ္းခြဲဖို႔ တိုက္တြန္းသြားမယ့္ အေနအထားပါပဲ။