ရောဘတ် လီဝမ်ဒေါစကီးဟာ ၂၀၂၀ အတွက် အကောင်းဆုံး ကစားသမား တယောက်ဆိုတာ ဆူဖလားတွေ အရရော၊ သွင်းဂိုးတွေ အရပါ သံသယ ဖြစ်စရာ အကြောင်း မရှိပါဖူး။
ဒီပိုလန် သားကြီးဟာ ၂၀၁၉/၂၀ မှာ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ် အသင်းနဲ့ တရာသီထဲ ဆုဖလား ၃ လုံး ရရှိခဲ့တဲ့ အပြင် အသက် ၃၂ နှစ်သားကြီးက ၂၀၂၀ မှာ ဘယ်ကသားသမားထက်မဆို ခေါင်းတလုံးမြင့်တဲ့ အနေထားမှာ ရှိခဲ့ပါတယ်။
၂၀၂၀ အတွင်း ပြန်လည် စတင်တဲါ ရာသီသစ်မှာလည်း သူ့ရဲ့ ခြေစွမ်းတွေက အမြင့်သို့သာ တက်နေဆဲ ဖြစ်ပြီး ဘွန်ဒက်လီဂါ ၁၂ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၁၇ ဂိုးနဲ့ ဖန်တီးမှုက လေးကြိမ်ထိ ရှိထားပြီ ဖြစ်ပါတယ်။
သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ သွင်းဂိုးတွေကြောင့် သက်ဆိုင်ရာ ကလပ်တွေနဲ့ ၂၀၂၀ အတွင်း အသင်းရဲ့ သွင်းဂိုးတွေကို ပါဝင် ပတ်သက်ခဲ့တဲ့ ကစားသမား စာရင်း ထိပ်ဆုံးမှာ ဦးဆောင်နေခဲ့ တာပါ။
ဒီပိုလန်သား တိုက်စစ်မှုးက ၂၀၂၀ အသင်းရဲ့ ဂိုးတွေနဲ့ ပါဝင် ပတ်သက်မှု အများဆုံး ကစားသမား စာရင်းမှာ ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့တာပါ။
ဒီသွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေကို ၂၀၂၀ အတွင်း ကစားခဲ့တဲ့ သက်ဆိုင်ရာ လိဂ် ပြိုင်ပွဲတွေ၊ နိုင်ငံ အသင်းပြိုင်ပွဲတွေ၊ နေးရှင်းလိဂ်၊ ချန်ပီယံလိဂ် စတဲ့ ပွဲစဉ်ရဲ့ အချက်လက်တွေကိုပါ ထည့်သွင်း တွက်ချက် ထားတာ ဖြစ်ပါတယ်။
ဒီစာရင်းအရ ဘာစီလိုနာ စတား မက်ဆီ တယောက် သွင်းဂိုးတွေ နည်းပါးနေပေမယ့် ဖန်တီးမှုတွေ တော်တော် များပြားခဲ့တာကြောင့် ဂိုးပါဝင်ပတ်သက်မှုမှာ ရော်နယ်ဒိုထက် ပိုမို မြားပြားခဲ့ပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ မန်ယူအသင်းကို ပြောင်းရွှေ့ပြီးနောက်ပိုင်း တောက်လျောက် ခြေစွမ်းပြနေတဲ့ ဘရူနို ဖာနန်ဒက်ကလဲ ထိပ်ဆုံးနားမှာ ရှိနေတာ တွေ့ရပါတယ်။
၂၀။ နေမာ (PSG) ၃၁
သွင်းဂိုး – ၁၉ ဖန်တီးမှု – ၁၂
၁၉။ ဟာဗက် (ချဲဆီး) ၃၁
သွင်းဂိုး – ၁၉ ဖန်တီးမှု – ၁၂
၁၈။ ဒီဘရိုင်း (မန်စီးတီး) ၃၂
သွင်းဂိုး – ၁၁ ဖန်တီးမှု – ၂၁
၁၇။ ကယ်ဟန်နီဂလူ (အေစီ) ၃၂
သွင်းဂိုး – ၁၅ ဖန်တီးမှု – ၁၇
၁၆။ မာရှယ် (မန်ယူ) ၃၂
သွင်းဂိုး – ၁၇ ဖန်တီးမှု – ၁၅
၁၅။ ဘန်ဇီးမား (ရီးရဲ) ၃၂
သွင်းဂိုး – ၂၃ ဖန်တီးမှု – ၁၉
၁၄။မားကပ် ရပ်ဖို့ (မန်ယူ) ၃၃
သွင်းဂိုး – ၂၀ ဖန်တီးမှု – ၁၃
၁၃။ ဆွန်ယောင်မင် (စပါး) ၃၃
သွင်းဂိုး – ၂၃ ဖန်တီးမှု – ၁၀
၁၂။ အန်ဒရီ ဆေးဗား (ဖရန့်ဖတ်) ၃၃
သွင်းဂိုး – ၂၃ ဖန်တီးမှု – ၁၀
၁၁။ ဟယ်ရီကိန်း (စပါး) ၃၆
သွင်းဂိုး – ၂၃ ဖန်တီးမှု – ၁၃
၁၀။ ဆာလက် (လီပါပူး) ၃၆
သွင်းဂိုး – ၂၆ ဖန်တီးမှု – ၁၀
၉။ ဟာလန်း (ဒေါ့မွန်) ၃၉
သွင်းဂိုး – ၃၃ ဖန်တီးမှု – ၆
၈။ လူကာကူ (အင်တာ) ၄၁
သွင်းဂိုး – ၃၆ ဖန်တီးမှု – ၆
၇။ သောမတ် မူလာ (ဘိုင်ယန်) ၄၂
သွင်းဂိုး – ၂၆ ဖန်တီးမှု – ၁၈
၆။ ဘရူနို ဖာနန်ဒက် (မန်ယူ) ၄၄
သွင်းဂိုး – ၂၆ ဖန်တီးမှု – ၁၈
၅။ အမ် ဘာပေ (PSG) ၄၅
သွင်းဂိုး – ၂၆ ဖန်တီးမှု – ၁၉
၄။ အမ်မိုဘီလီ (လာဇီယို) ၄၇
သွင်းဂိုး – ၃၄ ဖန်တီးမှု – ၁၃
၃။ ရော်နယ်ဒို (ဂျူဗင်တပ်) ၄၉
သွင်းဂိုး – ၄၁ ဖန်တီးမှု – ၈
၂။ မက်ဆီ ( ဘာစီလိုနာ) ၅၀
သွင်းဂိုး – ၂၆ ဖန်တီးမှု – ၂၄
၁။ လီဝမ်ဒေါစကီး ( ဘိုင်ယန် ) ၆၀
သွင်းဂိုး – ၄၅ ဖန်တီးမှု – ၁၅