Spots news

ငွေကြေးပြသနာတွေကြောင့် ဘာစီလိုနာကနေ ထွက်ခွာသွားရဖွယ်ရှိနေတဲ့ ဂရဇ်မန်း

Unicode Version

ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ နွေစျေးကွက်မှာ ကစားသမားသစ်တွေကို အလွတ်ပြောင်းရွေ့ကြေးတွေနဲ့သာ ခေါ်ယူထားခဲ့ရသလို

အသင်းရဲ့ လစာမြင့်မားလှတဲ့ ကစားသမားတွေကိုလည်း ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့ရာ တိုက်စစ်ကစားသမား ဂရဇ်မန်းပါ ပါဝင်လာခဲ့တယ်လို့ သိရှိရပါတယ်။

ဘာစီလိုနာအသင်းဟာ အံ့မဝင်ဖြစ်နေတဲ့ ကစားသမားတွေကို ရှင်းထုတ်ပြီး အသင်းရဲ့ ဘဏ္ဍာရေးဟန်ချက်ကို ပြန်လည်ညီမျှသွားဖို့ လုပ်ဆောင်ချင်နေတာဖြစ်လို့

ဂရဇ်မန်းအပါအဝင် ကော်တင်ဟို ပီယာနစ် အမ်တီတီ အစရှိတဲ့ ကစားသမားတွေကို အသင်းကနေ ရှင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ စပိန်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ El Chiringuito TV ရဲ့ ဖော်ပြချက်တွေအရ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ဂရဇ်မန်းအနေနဲ့ အသင်းကနေ ထွက်ခွာရတော့မယ်

ဆိုတဲ့အကြောင်းကို ဘာစီလိုနာအသင်းကနေ အသိပေးထားတယ်လို့ ဖော်ပြလာခဲ့တာကြောင့် ဂရီးဇ်မန်းရဲ့ အနာဂတ်က လှုပ်ခတ်လာရဖွယ် ရှိနေပါတယ်။

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂရဇ်မန်းဟာ ရီးယဲလ်ဆိုစီဒက် အက်သလက်တီကိုမက်ဒရစ်အသင်းတွေနဲ့ လာလီဂါမှာ

ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ အက်သလက်တီကိုကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွေ့ကြေး ပေါင်(၁၀၈)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဂရဇ်မန်းဟာ ဘာစီလိုနာမှာ ရုန်းကန်ခဲ့ရသလို ဘာစီလိုနာမှာ (၂)ရာသီအတွင်း သွင်းဂိုး (၃၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နွေစျေးကွက်အတွင်းမှာပါ တိုက်စစ်ကစားသမားတွေ

ဖြစ်တဲ့ ဆာဂျီယိုအဂွဲရိုးနဲ့ မန်ဖစ်ဒီပိုင်းတို့ကို ခေါ်ယူထားတာဖြစ်လို့ ဂရဇ်မန်းအတွက် ပွဲထွက်ခွင့်ရဖို့က မရေရာတော့တဲ့ အနေအထားတွေ ဖြစ်လာခဲ့ရပါတယ်။

လက်ရှိမှာ ဘာစီလိုနာဟာ မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေပြီး မက်ဆီသာ အသင်းမှာ ဆက်ရှိနေဖြစ်မယ်ဆိုရင် တိုက်စစ်ပိုင်းမှာ မက်ဆီ အဂွဲရိုးနဲ့ ဒီပိုင်းတို့ကို တွဲဖက်အသုံးပြုလာနိုင်သလို

ဂရဇ်မန်းထက် လူငယ်တိုက်စစ်မှူးလေး အန်ဆူဖာတီကိုသာ ပိုမိုနေရာပေးဖွယ် ရှိနေတာကြောင့် ဂရဇ်မန်းအနေနဲ့ နွေစျေးကွက်ထဲမှာ သူ့အတွက် အသင်းသစ်တစ်သင်းကို ရှာဖွေထားရဖွယ် ရှိနေပါတယ်။

Zawgyi Version

ဘ႑ာေရးအက်ပ္အတည္းေတြနဲ႕ ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာအသင္းဟာ ေႏြေစ်းကြက္မွာ ကစားသမားသစ္ေတြကို အလြတ္ေျပာင္းေ႐ြ႕ေၾကးေတြနဲ႕သာ ေခၚယူထားခဲ့ရသလို

အသင္းရဲ႕ လစာျမင့္မားလွတဲ့ ကစားသမားေတြကိုလည္း ေရာင္းထုတ္သြားဖို႔ ျပင္ဆင္လာခဲ့ရာ တိုက္စစ္ကစားသမား ဂရဇ္မန္းပါ ပါဝင္လာခဲ့တယ္လို႔ သိရွိရပါတယ္။

ဘာစီလိုနာအသင္းဟာ အံ့မဝင္ျဖစ္ေနတဲ့ ကစားသမားေတြကို ရွင္းထုတ္ၿပီး အသင္းရဲ႕ ဘ႑ာေရးဟန္ခ်က္ကို ျပန္လည္ညီမွ်သြားဖို႔ လုပ္ေဆာင္ခ်င္ေနတာျဖစ္လို႔

ဂရဇ္မန္းအပါအဝင္ ေကာ္တင္ဟို ပီယာနစ္ အမ္တီတီ အစရွိတဲ့ ကစားသမားေတြကို အသင္းကေန ရွင္းထုတ္သြားဖို႔ ျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ စပိန္႐ုပ္သံလိုင္းတစ္ခုျဖစ္တဲ့ El Chiringuito TV ရဲ႕ ေဖာ္ျပခ်က္ေတြအရ ဒီႏွစ္ေႏြေစ်းကြက္အတြင္းမွာ ဂရဇ္မန္းအေနနဲ႕ အသင္းကေန ထြက္ခြာရေတာ့မယ္

ဆိုတဲ့အေၾကာင္းကို ဘာစီလိုနာအသင္းကေန အသိေပးထားတယ္လို႔ ေဖာ္ျပလာခဲ့တာေၾကာင့္ ဂရီးဇ္မန္းရဲ႕ အနာဂတ္က လႈပ္ခတ္လာရဖြယ္ ရွိေနပါတယ္။

အသက္(၃၀)အ႐ႊယ္ရွိ ျပင္သစ္လက္ေ႐ြးစင္ တိုက္စစ္ကစားသမား ဂရဇ္မန္းဟာ ရီးယဲလ္ဆိုစီဒက္ အက္သလက္တီကိုမက္ဒရစ္အသင္းေတြနဲ႕ လာလီဂါမွာ

က်င္လည္ခဲ့ဖူးသူျဖစ္ၿပီး ၂၀၁၉ခုႏွစ္မွာပဲ အက္သလက္တီကိုကေန ဘာစီလိုနာအသင္းဆီကို ေျပာင္းေ႐ြ႕ေၾကး ေပါင္(၁၀၈)သန္းနဲ႕ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဂရဇ္မန္းဟာ ဘာစီလိုနာမွာ ႐ုန္းကန္ခဲ့ရသလို ဘာစီလိုနာမွာ (၂)ရာသီအတြင္း သြင္းဂိုး (၃၅)ဂိုးသာ သြင္းယူနိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ေႏြေစ်းကြက္အတြင္းမွာပါ တိုက္စစ္ကစားသမားေတြ

ျဖစ္တဲ့ ဆာဂ်ီယိုအဂြဲရိုးနဲ႕ မန္ဖစ္ဒီပိုင္းတို႔ကို ေခၚယူထားတာျဖစ္လို႔ ဂရဇ္မန္းအတြက္ ပြဲထြက္ခြင့္ရဖို႔က မေရရာေတာ့တဲ့ အေနအထားေတြ ျဖစ္လာခဲ့ရပါတယ္။

လက္ရွိမွာ ဘာစီလိုနာဟာ မက္ဆီကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ႀကိဳးပမ္းေနၿပီး မက္ဆီသာ အသင္းမွာ ဆက္ရွိေနျဖစ္မယ္ဆိုရင္ တိုက္စစ္ပိုင္းမွာ မက္ဆီ အဂြဲရိုးနဲ႕ ဒီပိုင္းတို႔ကို တြဲဖက္အသုံးျပဳလာနိုင္သလို

ဂရဇ္မန္းထက္ လူငယ္တိုက္စစ္မႉးေလး အန္ဆူဖာတီကိုသာ ပိုမိုေနရာေပးဖြယ္ ရွိေနတာေၾကာင့္ ဂရဇ္မန္းအေနနဲ႕ ေႏြေစ်းကြက္ထဲမွာ သူ႕အတြက္ အသင္းသစ္တစ္သင္းကို ရွာေဖြထားရဖြယ္ ရွိေနပါတယ္။