Spots news

တစ်ပတ်လုပ်ခ ပေါင် ၆ သိန်းကို မမက်မောပဲ အများနဲ့ မတူ အနားယူပြမယ့် ဂါရတ်ဘေးလ်

Unicode Version

ရီးရဲမက်ဒရစ်အသင်း နဲ့ ဝေးလ်လက်ရွေးစင် ‌ကစားသမား ဂါရတ်ဘေးကတော့ လက်ရှိ ရီးရဲမက်ဒရစ်အသင်းနဲ့ ချုပ်ဆို ထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးရင် ကလပ်အသင်း ကစားသမားဘဝက အနားယူဖို့ ရှိတယ်လို့ထုတ်ဖော်ပြောလာတဲ့အကြောင်း Daily Mailက ဖော်ပြလာပါတယ်။

ဘောလုံးလောကမှာ ပုံမှန်အားဖြင့် ဆိုရင် ကစားသမားတွေဟာာ ကလပ်အသင်းမှာ ပိုမိုပြီး အာရုံစိုက်ကာ ပရော်ဖက်ရှင်နယ် ကျကျ ကစားနိုင်စေဖို့ အတွက် နိုင်ငံ လက်ရွေးစင် ကစားသမားအဖြစ်ကနေသာ ကနဦး အနားယူကြတာ များပါတယ်။

ဘေးလ်ကတော့ အဲ့ဒီလိုမဟုတ်ပဲ ၂၀၂၂ ကမ္ဘာ့ဖလားကို နိုင်ငံအသင်းနှင့်အတူ ပါဝင်ကစားနိုင်ဖို့သာ အဓိက ဦး တည်ထားပြီး တစ်ပတ်လုပ်ခ ပေါင် ၆သိန်းလောက်ရနေတဲ့ ကလပ်အသင်းနဲ့ လက်တွဲဖြုတ်ပြီး နိုင်ငံအသင်း အတွက်သာ အာရုံစိုက်ဖို့ ရည်စူးလာတာပါ။

ဒီလို အကြောင်းတရား တိုက်ဆိုက်ဖို့ ဆိုရင်တော့ ဝေးလ်အသင်းဟာလည်း ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ခြေစစ်ပွဲအောင်ဖို့ လိုနေပြီး အောင်မြင်ခဲ့မယ်ဆိုရင် ဘေးလ်ဟာလည်း သူ့ကတိကို တည်ပြီး ကလပ် ကစားသမား အဖြစ်ကနေ အနားယူဖို့ ပိုမို ယုံကြည်ချက် ရှိလာစေမှာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဘေးလ်ရဲ့ ဝေးလ်ဟာ ခြေစစ်ပွဲ အုပ်စု အဖွင့် ၂ပွဲကစားအပြီး ၃မှတ်ရရှိထားကာ အုပ်စုပွဲ အပြီးမှာ ခြေစစ်ပွဲအောင်ဖို့ဆိုရင် အနည်းဆုံး အုပ်စုဗိုလ်(သို့)ဒုတိယဆိုရင် ဒုတိယအဆင့် ပလေးအော့ဖ် ကစားရ မှသာ ဖြစ်မှာပါ။

ယခု ကျင်းပလျက်ရှိတဲ့ ယူရိုပြိုင်ပွဲကနေ ဝေးလ်အသင်းဟာ စောစီးစွာ ထွက်ခွာခဲ့ရလို့လည်း အသက် ၃၂နှစ် အရွယ် ဘေးလ်အတွက် ဒါဟာ နိုင်ငံအတွက် နောက်ဆုံးပြိုင်ပွဲ ဖြစ်လာတော့မယ်လို့ အများက ထင်နေကြတဲ့ အချိန်မှာ ဘေးလ်ရဲ့ ဆုံးဖြတ်ချက်က အနည်းငယ်တော့ ရှုပ်ထွေးစေခဲ့တာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဘေးလ်ဟာ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဦးပီသ သလို နိုင်ငံချစ်စိတ်ပြင်းထန်ပြီး နိုင်ငံနှင့်အတူ အောင်မြင်မှုဂုဏ်ကို ပိုမို မက်မောတဲ့ နိုင်ငံကြီးသား တစ်ယောက်ဆိုတာကတော့ လေးစားစွာပဲ လက်ခံရမှာပါ။

Zawgyi Version

ရီးရဲမက္ဒရစ္အသင္း နဲ႕ ေဝးလ္လက္ေ႐ြးစင္ ‌ကစားသမား ဂါရတ္ေဘးကေတာ့ လက္ရွိ ရီးရဲမက္ဒရစ္အသင္းနဲ႕ ခ်ဳပ္ဆို ထားတဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးရင္ ကလပ္အသင္း ကစားသမားဘဝက အနားယူဖို႔ ရွိတယ္လို႔ထုတ္ေဖာ္ေျပာလာတဲ့အေၾကာင္း Daily Mailက ေဖာ္ျပလာပါတယ္။

ေဘာလုံးေလာကမွာ ပုံမွန္အားျဖင့္ ဆိုရင္ ကစားသမားေတြဟာာ ကလပ္အသင္းမွာ ပိုမိုၿပီး အာ႐ုံစိုက္ကာ ပေရာ္ဖက္ရွင္နယ္ က်က် ကစားနိုင္ေစဖို႔ အတြက္ နိုင္ငံ လက္ေ႐ြးစင္ ကစားသမားအျဖစ္ကေနသာ ကနဦး အနားယူၾကတာ မ်ားပါတယ္။

ေဘးလ္ကေတာ့ အဲ့ဒီလိုမဟုတ္ပဲ ၂၀၂၂ ကမာၻ႔ဖလားကို နိုင္ငံအသင္းႏွင့္အတူ ပါဝင္ကစားနိုင္ဖို႔သာ အဓိက ဦး တည္ထားၿပီး တစ္ပတ္လုပ္ခ ေပါင္ ၆သိန္းေလာက္ရေနတဲ့ ကလပ္အသင္းနဲ႕ လက္တြဲျဖဳတ္ၿပီး နိုင္ငံအသင္း အတြက္သာ အာ႐ုံစိုက္ဖို႔ ရည္စူးလာတာပါ။

ဒီလို အေၾကာင္းတရား တိုက္ဆိုက္ဖို႔ ဆိုရင္ေတာ့ ေဝးလ္အသင္းဟာလည္း ၂၀၂၂ ကာတာ ကမာၻ႔ဖလား ၿပိဳင္ပြဲကို ေျခစစ္ပြဲေအာင္ဖို႔ လိုေနၿပီး ေအာင္ျမင္ခဲ့မယ္ဆိုရင္ ေဘးလ္ဟာလည္း သူ႕ကတိကို တည္ၿပီး ကလပ္ ကစားသမား အျဖစ္ကေန အနားယူဖို႔ ပိုမို ယုံၾကည္ခ်က္ ရွိလာေစမွာလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ေဘးလ္ရဲ႕ ေဝးလ္ဟာ ေျခစစ္ပြဲ အုပ္စု အဖြင့္ ၂ပြဲကစားအၿပီး ၃မွတ္ရရွိထားကာ အုပ္စုပြဲ အၿပီးမွာ ေျခစစ္ပြဲေအာင္ဖို႔ဆိုရင္ အနည္းဆုံး အုပ္စုဗိုလ္(သို႔)ဒုတိယဆိုရင္ ဒုတိယအဆင့္ ပေလးေအာ့ဖ္ ကစားရ မွသာ ျဖစ္မွာပါ။

ယခု က်င္းပလ်က္ရွိတဲ့ ယူရိုၿပိဳင္ပြဲကေန ေဝးလ္အသင္းဟာ ေစာစီးစြာ ထြက္ခြာခဲ့ရလို႔လည္း အသက္ ၃၂ႏွစ္ အ႐ြယ္ ေဘးလ္အတြက္ ဒါဟာ နိုင္ငံအတြက္ ေနာက္ဆုံးၿပိဳင္ပြဲ ျဖစ္လာေတာ့မယ္လို႔ အမ်ားက ထင္ေနၾကတဲ့ အခ်ိန္မွာ ေဘးလ္ရဲ႕ ဆုံးျဖတ္ခ်က္က အနည္းငယ္ေတာ့ ရႈပ္ေထြးေစခဲ့တာပါ။

ဘယ္လိုပဲ ျဖစ္ျဖစ္ ေဘးလ္ဟာ ပေရာ္ဖက္ရွင္နယ္ ကစားသမား တစ္ဦးပီသ သလို နိုင္ငံခ်စ္စိတ္ျပင္းထန္ၿပီး နိုင္ငံႏွင့္အတူ ေအာင္ျမင္မႈဂုဏ္ကို ပိုမို မက္ေမာတဲ့ နိုင္ငံႀကီးသား တစ္ေယာက္ဆိုတာကေတာ့ ေလးစားစြာပဲ လက္ခံရမွာပါ။