Spots news

တင်းနစ်မယ်လေးကို အားပေးစကားတွေနဲ့ အကွက်တွေရွှေ့နေတဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် နဲ့ အင်္ဂလန်လက်‌ရွေးစင် တိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ်ကတော့ Wimbledon တင်းနစ် ကြယ်ပွင့် Emma Raducanu အတွက် အားပေးတဲ့ သတင်းစကားပါးခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ၂၀၂၀ ယူရိုချန်ပီယံရှစ် ပြိုင်ပွဲဝင်နေတဲ့ အင်္ဂလန်အသင်းနဲ့ ပူးပေါင်း ပါဝင် ယှဉ်ပြိုင်‌နေပြီး Raducanu ကတော့ Wimbledon တင်းနစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင် နေခဲ့တာပါ။

အသက် ၁၈ နှစ်သာရှိသေးတဲ့ Raducanu ဟာ တနင်္လါနေ့ညက Wimbledon တင်းနစ်ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက် ယူနိုက်တက်နဲ့ အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က သူ့ကို အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်က သူဟာ လူငယ်ကစားသမားဘဝတုန်းကလည်း နိုင်ငံ့လက်ရွေးစင်အသင်းနဲ့ ရှုံးနိမ့်မှုတွေ ကြုံတွေ့ခဲ့ရတာကြောင့် အားမလျော့ပဲ ဆက်လက် ကြိုးစားသင့်တယ်လို့ Raducanu ကို တိုက်တွန်းခဲ့ပါတယ်။

“ဝေးလ် ယူ-၁၆ အသင်းနဲ့ပွဲစဥ်မှာလည်း နိုင်ငံအသင်းအတွက်ကစားပေးရင်း ကျွန်တော် အခုလိုပဲ ဖြစ်ခဲ့ဖူးတယ်။” လို့ သူက ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့တာပါ။

“အဲ့ဒီနေ့ကို ကျွန်တော် အမှတ်ရနေသေးတယ်။ ဒီအတွက် ဖြေရှင်းချက်တွေပေးမနေပါနဲ့။ နောက်ပြီး နောက်တစ်ကြိမ် ဒီလို မဖြစ်အောင်သာ လုပ်ဆောင်ပါ။ မင်းက ကိုယ့်ကိုကိုယ် ဂုဏ်ယူသင့်ပါတယ်။”

“ဒီတိုင်းပြည်ကလည်း မင်းအတွက် ဂုဏ်ယူနေပါတယ်။ မင်းရဲ့ခံစားချက်တွေကို ပိုကောင်းလာအောင်လုပ်ဆောင်ပါ။ ရှေ့ကို ဆက်လက်ချီတက်ပါ။”

တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့မေလအတွင်းက ၈ နှစ်ကျော်ကြာ လက်တွဲလာတဲ့ ချစ်သူ လူစီယာလွိုင်နဲ့ တရားဝင် လမ်းခွဲထားတာဖြစ်ပြီး တိုက်စစ်မှူး အနေနဲ့ တင်းနစ်မယ်လေးကို နောက်ထပ် ခြေလှမ်းတွေ လှမ်းနိုင်ချေရှိနေတယ်လို့ ထင်ကြေးပေးခံနေရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ နဲ႕ အဂၤလန္လက္‌ေ႐ြးစင္ တိုက္စစ္မႉး မားကပ္စ္ရပ္ရွ္ဖို႔ဒ္ကေတာ့ Wimbledon တင္းနစ္ ၾကယ္ပြင့္ Emma Raducanu အတြက္ အားေပးတဲ့ သတင္းစကားပါးခဲ့ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာ ၂၀၂၀ ယူရိုခ်န္ပီယံရွစ္ ၿပိဳင္ပြဲဝင္ေနတဲ့ အဂၤလန္အသင္းနဲ႕ ပူးေပါင္း ပါဝင္ ယွဥ္ၿပိဳင္‌ေနၿပီး Raducanu ကေတာ့ Wimbledon တင္းနစ္ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ ေနခဲ့တာပါ။

အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ Raducanu ဟာ တနလၤါေန႕ညက Wimbledon တင္းနစ္ၿပိဳင္ပြဲက ထြက္ခြာခဲ့ရၿပီးေနာက္ ယူနိုက္တက္နဲ႕ အဂၤလန္တိုက္စစ္မႉး ရပ္ရွ္ဖို႔ဒ္က သူ႕ကို အားေပးစကားေတြ ေျပာၾကားခဲ့ပါတယ္။

ရပ္ရွ္ဖို႔ဒ္က သူဟာ လူငယ္ကစားသမားဘဝတုန္းကလည္း နိုင္ငံ့လက္ေ႐ြးစင္အသင္းနဲ႕ ရႈံးနိမ့္မႈေတြ ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ အားမေလ်ာ့ပဲ ဆက္လက္ ႀကိဳးစားသင့္တယ္လို႔ Raducanu ကို တိုက္တြန္းခဲ့ပါတယ္။

“ေဝးလ္ ယူ-၁၆ အသင္းနဲ႕ပြဲစဥ္မွာလည္း နိုင္ငံအသင္းအတြက္ကစားေပးရင္း ကြၽန္ေတာ္ အခုလိုပဲ ျဖစ္ခဲ့ဖူးတယ္။” လို႔ သူက ဆိုရွယ္မီဒီယာေပၚမွာ ေရးသားခဲ့တာပါ။

“အဲ့ဒီေန႕ကို ကြၽန္ေတာ္ အမွတ္ရေနေသးတယ္။ ဒီအတြက္ ေျဖရွင္းခ်က္ေတြေပးမေနပါနဲ႕။ ေနာက္ၿပီး ေနာက္တစ္ႀကိမ္ ဒီလို မျဖစ္ေအာင္သာ လုပ္ေဆာင္ပါ။ မင္းက ကိုယ့္ကိုကိုယ္ ဂုဏ္ယူသင့္ပါတယ္။”

“ဒီတိုင္းျပည္ကလည္း မင္းအတြက္ ဂုဏ္ယူေနပါတယ္။ မင္းရဲ႕ခံစားခ်က္ေတြကို ပိုေကာင္းလာေအာင္လုပ္ေဆာင္ပါ။ ေရွ႕ကို ဆက္လက္ခ်ီတက္ပါ။”

တိုက္စစ္မႉး ရပ္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ေမလအတြင္းက ၈ ႏွစ္ေက်ာ္ၾကာ လက္တြဲလာတဲ့ ခ်စ္သူ လူစီယာလြိုင္နဲ႕ တရားဝင္ လမ္းခြဲထားတာျဖစ္ၿပီး တိုက္စစ္မႉး အေနနဲ႕ တင္းနစ္မယ္ေလးကို ေနာက္ထပ္ ေျခလွမ္းေတြ လွမ္းနိုင္ေခ်ရွိေနတယ္လို႔ ထင္ေၾကးေပးခံေနရပါတယ္။