Spots news

ကာကွယ်ပေးနိုင်ခဲ့တဲ့ ပင်နယ်တီ ၃ လုံးအတွက် မာတီနက်ဇ်ကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ မက်ဆီ

Unicode Version

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲရဲ့ လက်ကျန် ဆီမီးဖိုင်နယ်ပွဲစဉ် ဖြစ်တဲ့ အာဂျင်တီးနားအသင်း နဲ့ ကိုလံဘီယာအသင်း ပွဲစဉ်မှာတော့ အာဂျင်တီးနားအသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်း အတွက် အဓိကကျခဲ့တဲ့ ကစားသမား ကတော့ ဂိုးသမား မာတီနက်ဇ် ဖြစ်ပြီး မာတီနက်ဇ်ဟာ ပွဲကစားချိန် အတွင်းမှာ ကိုလံဘီယာအသင်းရဲ့ ဂိုးသွင်းခွင့် တချို့ကို ပုတ်ထုတ် ကာကွယ်နိုင်ခဲ့သလို ပင်နယ်တီ အဆုံးအဖြတ်မှာလည်း အာဂျင်တီးနားအသင်း အတွက် အဓိကကျခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းနဲ့ ကိုလံဘီယာအသင်းတို့ဟာ သာမန် ပွဲကစားချိန် အတွင်းမှာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာ ဖြစ်ပြီး အာဂျင်တီးနားအသင်းရဲ့

ဂိုးသမား မာတီနက်ဇ်ဟာ ကိုလံဘီယာအသင်းရဲ့ ပင်နယ်တီ ကန်သွင်းမှု ၃ကြိမ်ကို လက်စွမ်းပြ ပုတ်ထုတ် ကာကွယ်နိုင်ခဲ့တာကြောင့် အာဂျင်တီးနားအသင်း အနေနဲ့ ကိုလံဘီယာအသင်းကို အနိုင်ရခဲ့တာပါ။

ဒါကြောင့်ပဲ ကိုလံဘီယာအသင်းကို အနိုင်ရပြီးနောက် မာတီနက်ဇ်ကို အသင်းရဲ့ သူရဲကောင်းတဦး အဖြစ် အာဂျင်တီးနား နိုင်ငံသားတွေက ချီးကျူးနေကြပြီး အာဂျင်တီးနားအသင်းရဲ့

အသင်းခေါင်းဆောင် မက်ဆီကလဲ ပွဲပြီးဆုံးချိန်မှာ မာတီနက်ဇ်ဟာ ထိပ်တန်း ဂိုးသမား တဦး ဖြစ်ကြောင်းနဲ့ သူတို့အားလုံးဟာ မာတီနက်ဇ်ရဲ့ အရည်အသွေးကို ယုံကြည်ကြကြောင်း ဆိုလာပါတယ်။

မာတီနက်ဇ်ရဲ့ အရည်အချင်းနဲ့ ပတ်သတ်ပြီး မက်ဆီက – “ကျွန်တော်တို့အသင်းမှာ အီမီ(မာတီနက်ဇ်) ရှိပါတယ်။ သူက တကယ့် ထိပ်တန်း ဂိုးသမားတဦးပါ။ ကျွန်တော်တို့တွေက သူ့ရဲ့ အရည်အချင်းကို ယုံံကြည်ပါတယ်။

ကျွန်တော်တို့တွေ အားလုံးဟာ ပြိုင်ပွဲမစတင်ခင်က ချမှတ်ခဲ့တဲ့ ပန်းတိုင်တခုဆီကို အရောက် သွားနိုင်ခဲ့ပါပြီ။ အခုဆိုရင် ကျွန်တော်တို့က ဗိုလ်လုပွဲ ရောက်ခဲ့ပါပြီ” လို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။

အက်စ်တွန်ဗီလာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ နံပါတ်တစ် ဂိုးသမား မာတီနက်ဇ်ဟာ ပင်နယ်တီ ကာကွယ်ရာမှာ ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်ကာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းမှာ ရှိနေစဉ်ကလည်း

လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ သူ့ရဲ့ ပင်နယ်တီ ကာကွယ်နိုင်မှု စွမ်းရည်ကို ပြသဖူးပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ အာဆင်နယ်အသင်းဟာ ကွန်မြူနတီဒိုင်းကို အရယူနိုင်ခဲ့ပါသေးတယ်။

Zawgyi Version

ယေန႕မနက္ အေစာပိုင္းမွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ကိုပါအေမရိကၿပိဳင္ပြဲရဲ႕ လက္က်န္ ဆီမီးဖိုင္နယ္ပြဲစဥ္ ျဖစ္တဲ့ အာဂ်င္တီးနားအသင္း နဲ႕ ကိုလံဘီယာအသင္း ပြဲစဥ္မွာေတာ့ အာဂ်င္တီးနားအသင္းက ပင္နယ္တီ အဆုံးအျဖတ္နဲ႕ အနိုင္ရရွိကာ ဗိုလ္လုပြဲကို တက္ေရာက္နိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားအသင္း အတြက္ အဓိကက်ခဲ့တဲ့ ကစားသမား ကေတာ့ ဂိုးသမား မာတီနက္ဇ္ ျဖစ္ၿပီး မာတီနက္ဇ္ဟာ ပြဲကစားခ်ိန္ အတြင္းမွာ ကိုလံဘီယာအသင္းရဲ႕ ဂိုးသြင္းခြင့္ တခ်ိဳ႕ကို ပုတ္ထုတ္ ကာကြယ္နိုင္ခဲ့သလို ပင္နယ္တီ အဆုံးအျဖတ္မွာလည္း အာဂ်င္တီးနားအသင္း အတြက္ အဓိကက်ခဲ့တဲ့ ကစားသမား ျဖစ္ခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းနဲ႕ ကိုလံဘီယာအသင္းတို႔ဟာ သာမန္ ပြဲကစားခ်ိန္ အတြင္းမွာ တဖက္ တဂိုးစီ သေရရလဒ္ ထြက္ေပၚခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရတာ ျဖစ္ၿပီး အာဂ်င္တီးနားအသင္းရဲ႕

ဂိုးသမား မာတီနက္ဇ္ဟာ ကိုလံဘီယာအသင္းရဲ႕ ပင္နယ္တီ ကန္သြင္းမႈ ၃ႀကိမ္ကို လက္စြမ္းျပ ပုတ္ထုတ္ ကာကြယ္နိုင္ခဲ့တာေၾကာင့္ အာဂ်င္တီးနားအသင္း အေနနဲ႕ ကိုလံဘီယာအသင္းကို အနိုင္ရခဲ့တာပါ။

ဒါေၾကာင့္ပဲ ကိုလံဘီယာအသင္းကို အနိုင္ရၿပီးေနာက္ မာတီနက္ဇ္ကို အသင္းရဲ႕ သူရဲေကာင္းတဦး အျဖစ္ အာဂ်င္တီးနား နိုင္ငံသားေတြက ခ်ီးက်ဴးေနၾကၿပီး အာဂ်င္တီးနားအသင္းရဲ႕

အသင္းေခါင္းေဆာင္ မက္ဆီကလဲ ပြဲၿပီးဆုံးခ်ိန္မွာ မာတီနက္ဇ္ဟာ ထိပ္တန္း ဂိုးသမား တဦး ျဖစ္ေၾကာင္းနဲ႕ သူတို႔အားလုံးဟာ မာတီနက္ဇ္ရဲ႕ အရည္အေသြးကို ယုံၾကည္ၾကေၾကာင္း ဆိုလာပါတယ္။

မာတီနက္ဇ္ရဲ႕ အရည္အခ်င္းနဲ႕ ပတ္သတ္ၿပီး မက္ဆီက – “ကြၽန္ေတာ္တို႔အသင္းမွာ အီမီ(မာတီနက္ဇ္) ရွိပါတယ္။ သူက တကယ့္ ထိပ္တန္း ဂိုးသမားတဦးပါ။ ကြၽန္ေတာ္တို႔ေတြက သူ႕ရဲ႕ အရည္အခ်င္းကို ယုံံၾကည္ပါတယ္။

ကြၽန္ေတာ္တို႔ေတြ အားလုံးဟာ ၿပိဳင္ပြဲမစတင္ခင္က ခ်မွတ္ခဲ့တဲ့ ပန္းတိုင္တခုဆီကို အေရာက္ သြားနိုင္ခဲ့ပါၿပီ။ အခုဆိုရင္ ကြၽန္ေတာ္တို႔က ဗိုလ္လုပြဲ ေရာက္ခဲ့ပါၿပီ” လို႔ ခ်ီးက်ဴးခဲ့တာပဲ ျဖစ္ပါတယ္။

အက္စ္တြန္ဗီလာအသင္းနဲ႕ အာဂ်င္တီးနားအသင္းတို႔ရဲ႕ နံပါတ္တစ္ ဂိုးသမား မာတီနက္ဇ္ဟာ ပင္နယ္တီ ကာကြယ္ရာမွာ ေကာင္းမြန္တဲ့ ကစားသမား တဦး ျဖစ္ကာ ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ အာဆင္နယ္အသင္းမွာ ရွိေနစဥ္ကလည္း

လီဗာပူးအသင္းနဲ႕ အာဆင္နယ္အသင္းတို႔ရဲ႕ ကြန္ျမဴနတီဒိုင္းပြဲစဥ္မွာ သူ႕ရဲ႕ ပင္နယ္တီ ကာကြယ္နိုင္မႈ စြမ္းရည္ကို ျပသဖူးၿပီး သူ႕ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ပဲ အာဆင္နယ္အသင္းဟာ ကြန္ျမဴနတီဒိုင္းကို အရယူနိုင္ခဲ့ပါေသးတယ္။