Spots news
ရူးခါနေအောင်ကောင်းလဲ ဂရီးလစ်ရှ်ကို မန်ချက်စတာယူနိုက်တက်က မခေါ်ဟု ဂယ်ရီနဖီးလ်ပြော
Unicode Version
မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီး မန်ချက် စတာ ယူနိုက်တက် ဟာ ဧည့်သည် ဗီလာ ကို ၂-၁ ဂိုး ဖြင့် အနိုင် ယူကာ ပြီး ဆုံး ခဲ့ပါတယ်။ ပွဲစဉ်က ပြီးဆုံး သွား ပေမယ့် ပွဲမစခင် ကတည်းက ပြောစမှတ် ဖြစ်နေတဲ့ ယူနိုက်တက် နဲ့ ဂရီးလစ်ရှ် တို့ရဲ့ သတင်း ဟာ ပိုမို ကျယ်လောင် လာခဲ့ ပါတယ် ။ အဆိုပါ ပွဲမှာ ဂရီးလစ်ရှ် ဟာ အထူး ခြေစွမ်း ပြခဲ့ပြီး ဂရီးလစ်ရှ် ကို ထိန်းဖို့ ကြိုးစားရင်း ယူနိုက်တက် ကစားသမား ဟယ်ရီ မက်ဂွိုင်းယား ၊ အဲရစ် ဘိုင်လီ နဲ့ လုပ်ခ်ရှော တို့ အဝါကဒ် ကိုယ်စီ ထိခဲ့ ကြတယ်။
ဂရီးလစ်ရှ် ဟာ မနေ့ ညက ပွဲစဉ်မှာ အခွင့် အရေး များစွာ ကို ဖန်တီး ပေးခဲ့ ပြီး long pass များစွာ နဲ့ ထိပ်တန်း ခြေစွမ်းကို ပြသခဲ့ ပါတယ်။
ဗီလာ အတွက် ချေပ ဂိုးကို ထရာအိုရေး က ၅၈ မိနစ်မှာ သွင်းယူ ခဲ့ တာ ဖြစ်ပြီး ဗီလာရဲ့ ဖရီးကစ် ကို ကာကွယ်ဖို့ ပြင်ဆင် နေတဲ့ ယူနိုက်တက်ကို အငိုက် ဖမ်းပြီး ဂရီးလစ်ရှ် က ဘစ်ဆာကာကို ကျော်ပြီး အကွက် မြင်မြင် ဖန်တီးပြ သွားခဲ့ တာပါ။ လက်ရှိမှာ ယူနိုက်တက် နဲ့ အနာဂတ် မသေချာ နေတဲ့ ပေါ့ဘာ နေရာကို အစား ထိုးဖို့ ယူနိုက်တက် ပရိတ်သတ် များက အလိုရှိ နေတာ ဖြစ်ပြီး မနေ့ညက ပွဲရဲ့ ခြေစွမ်းကြောင့် ပိုမို ထောက်ခံမှု များပြား လာပါတယ်။
အဆိုပါ ပွဲ ကို တင်ဆက် သုံးသပ် ခဲ့တဲ့ ယူနိုက်တက် ကစားသမား ဟောင်း ဂယ်ရီ နဗီးလ် ကတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဂရီးလစ်ရှ် ကို ခေါ်ယူ ဖြစ်မှာ မဟုတ်ကြောင်း ခန့်မှန်း ပြောဆို သွားခဲ့ ပါတယ် ။ ဂရီးလစ်ရှ် ရဲ့ များပြား လှတဲ့ ပြောင်းရွှေ့ ကြေး နဲ့ လက်ရှိ ယူနိုက်တက် ကွင်းလယ် လူစာရင်း အရ မန်ချက်စတာ ယူနိုက်တက် တို့ ဂရီးလစ်ရှ် ကိုမလို သေးကြောင်း ထောက်ပြ ခဲ့ပါတယ်။
မန်ချက် စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ရာသီ အပြောင်း အရွေ့ ကတည်းက ဂရီးလစ်ရှ် ကို ခေါ်ယူ ခဲ့ ပါတယ်။ ဗီလာ က ပေါင် သန်း ၈၀ တောင်းဆို ခဲ့တာကြောင့် ကိုဗစ် ကာလ အတွင်း စီးပွားရေး အကြပ်အတည်း နဲ့ ရင်ဆိုင် နေရတဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ လက်လျော့ ခဲ့ပြီး  ဗန်ဒီဘိ ကို ပေါင် သန်း ၄၀ ကျော် နဲ့ ခေါ်ယူ အားဖြည့် သွားခဲ့ ပါတယ် ။ ဗီလာ ဟာ ဂရီးလစ်ရှ် ကို ငါးနှစ် စာချုပ်ဖြင့် သက်တန်း တိုးခဲ့ပြီး ပေါင် သန်း ၁၀၀ အထိ ဈေးနှုန်း သတ်မှတ် ခဲ့တယ်။
“ ဂရီးလစ်ရှ် ဟာ ထိပ်တန်း ခြေစွမ်း ရှိပေမယ့် မန်ချက်စတာ ယူနိုက်တက် ကို ရောက်လာ မယ်လို့ ကျွန်တော် မထင် ပါဘူး ။ ဘာလို့လည်း ဆိုတော့ အသင်းမှာ ပေါ့ဘာ ၊ ဖာနန်ဒက်စ် ၊ ဗန်ဒီဘိ တို့ ရှိနေ ပါတယ် ။ သူတို့ ဟာ ထိပ်တန်း အရည် အသွေး ရှိတဲ့ ကစား သမားတွေပါ ။ ဂရီလစ်ရှ် ကလည်း ထိပ်တန်း အဆင့်ကို ရောက်နေ ပါပြီ ၊ ဒါပေမယ့် သူ့အတွက် ပေးရမယ့် ဈေးက များလွန်း ပါတယ် ။ ယူနိုက်တက် လည်း ကွင်းလယ် မလိုသေး ပါဘူး” လို့ ဂယ်ရီ နဗီးလ် က Sky Sports က တဆင့် ပြောဆို သွားခဲ့ ပါတယ် ။
Zawgyi Version