Spots news

ဆန်ချိုပြီး မန်ချက်စတာ ယူနိုက်တက်ကို ရောက်ရှိလာနိုင်တဲ့ ပြင်သစ် ထိပ်တန်းကြယ်ပွင့် နှစ်ဦး

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြင်သစ် နဲ့ ရီးရဲလ် မက်ဒရစ် အသင်းရဲ့ နောက်ခံလူ ရာဖေးလ်ဗာရန်းနဲ့ ပြင်သစ်လူငယ် ကြယ်ပွင့် ကာမာဗင်ဂါတို့ နှစ်ယောက်အတွက် ယူရို ၇၅ သန်းအထိ အသုံးပြုသွားဖို့ ဆုံးဖြတ်ထားကြောင်း ဥရောပအခြေစိုက် သတင်း မီဒီယာ များက ဖော်ပြသွားပါတယ်။

လက်ရှိအချိန်မှာတော့ ဆန်ချိုဟာ အင်္ဂလန် အသင်းနဲ့ အတူ ယူရို ၂၀၂၀ ပွဲစဉ်တွေမှာ ပါဝင်ယှဉ်ပြိုင်နေပြီး ပွဲစဥ်တွေအပြီးမှာ ယူနိုက်တက်သို့ တရားဝင် ရောက်ရှိလာတော့မှာဖြစ်ပြီး ယူနိုက်တက်ကတော့ ဗာရန်းနဲ့ ကာမာဗင်ဂါတို့ကို ဆက်လက်ပြီး ပစ်မှတ်ထားနေပါတယ်။

ယူနိူက်တက်ဟာ အသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်ပြီး ခေါ်ယူဖို့ အတော်လေးကြိုးစားခဲ့ရတဲ့ ဒေါ့မွန် တောင်ပံ ကစားသမား ဂျာဒန်ဆန်ချိုကို ခေါ်ယူပြီးနောက် အိုလေဂန်းနားဆိုးလ်ရှားဟာ အသင်းကစားသမားစာရင်းကို ထပ်မံအားဖြည့်သွားဖို့ ရှိနေပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ အပြောင်းအရွှေ့မှာ ညာတောင်ပံ ၊ ဗဟိုနောက်ခံလူ တဦး ၊ ကွင်းလယ်လူ တဦးနဲ့ တိုက်စစ်မှူး တဦးတို့ကို ခေါ်ယူဖို့ လျာထားပြီး ညာတောင်ပံနေရာ အတွက် ဆန်ချိုကို ရရှိပြီးနောက်မှာ ဗဟိုနောက်ခံလူ တဦးနဲ့ ကွင်းလယ်လူ တဦးတို့ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

အသက် ၂၈နှစ် အရွယ် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ဗာရန်းကတော့ စိန်ခေါ်မှုအသစ်တွေနဲ့သာ ရင်ဆိုင်ချင်နေပါတယ်။

အသက် ၂၈ နှစ်အရွယ် ဗဟိုခံစစ်မှူးအပြင် သရဲနီတွေဟာ ကွင်းလယ်ပိုင်းအတွက် အလားအလာရှိတဲ့ လူငယ်ကစားသမားလေးဖြစ်တဲ့ ရန်းနက်စ်အသင်းက အသက် ၁၈ နှစ်အရွယ် ပြင်သစ်လူငယ်လက်ရွေးစင်ကို အလိုရှိနေပါတယ်။

ယူနိုက်တက်ဟာ လာမယ့်ရက်ပိုင်းအတွင်း ဗာရန်းအတွက် ပေါင်သန်း ၅၀ နဲ့ ကာမာဗင်ဂါအတွက် ပေါင် ၂၅ သန်းနဲ့ တရားဝင် ကမ်းလှမ်းတော့မှာဖြစ်တယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။

ကာမာဗင်ဂါဟာ အသက် ၁၆နှစ် အရွယ်ထဲက ဥရောပတလွှားမှာ အကောင်းဆုံး ဆယ်ကျော်သက် ကွင်းလယ်လူ အဖြစ် သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဲ့ဒီအချိန်ထဲက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

သို့ပေမယ့် ဗာရန်းအတွက် ယူနိုက်တက်ရဲ့ဘကနဦး ကမ်းလှမ်းငွေ ပေါင်သန်း ၅၀ ကိုတော့ ရီးရဲလ်မက်ဒရစ်အသင်းက လက်ခံဖွယ်မရှိပဲ လာလီဂါကလပ်ဟာ စာချုပ် ၁ နှစ်သာ ကျန်တော့တဲ့ ပြင်သစ်လက်ရွေးစင်အတွက် ပေါင်သန်း ၈၀ အထိ အလိုရှိနေတယ်လို့ သိရပါတယ်။

ကာမာဗင်ဂါဟာလည်း ရန်းနက်စ်အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လအတွင်းကို ရောက်ရှိနေပြီဖြစ်ပြီး ယူနိုက်တက်ဟာ ဝက်စ်ဟမ်းအသင်းက ဒီကလန်ရိုက်စ်အတွက် ပေါင်သန်း ၈၀ အသုံးပြုလိုခြင်း မရှိတာကြောင့် ရန်းနက်စ်ကြယ်ပွင့်ဖက်ကို မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ျပင္သစ္ နဲ႕ ရီးရဲလ္ မက္ဒရစ္ အသင္းရဲ႕ ေနာက္ခံလူ ရာေဖးလ္ဗာရန္းနဲ႕ ျပင္သစ္လူငယ္ ၾကယ္ပြင့္ ကာမာဗင္ဂါတို႔ ႏွစ္ေယာက္အတြက္ ယူရို ၇၅ သန္းအထိ အသုံးျပဳသြားဖို႔ ဆုံးျဖတ္ထားေၾကာင္း ဥေရာပအေျခစိုက္ သတင္း မီဒီယာ မ်ားက ေဖာ္ျပသြားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဆန္ခ်ိဳဟာ အဂၤလန္ အသင္းနဲ႕ အတူ ယူရို ၂၀၂၀ ပြဲစဥ္ေတြမွာ ပါဝင္ယွဥ္ၿပိဳင္ေနၿပီး ပြဲစဥ္ေတြအၿပီးမွာ ယူနိုက္တက္သို႔ တရားဝင္ ေရာက္ရွိလာေတာ့မွာျဖစ္ၿပီး ယူနိုက္တက္ကေတာ့ ဗာရန္းနဲ႕ ကာမာဗင္ဂါတို႔ကို ဆက္လက္ၿပီး ပစ္မွတ္ထားေနပါတယ္။

ယူနိူက္တက္ဟာ အသင္းရဲ႕ ကာလရွည္ပစ္မွတ္ျဖစ္ၿပီး ေခၚယူဖို႔ အေတာ္ေလးႀကိဳးစားခဲ့ရတဲ့ ေဒါ့မြန္ ေတာင္ပံ ကစားသမား ဂ်ာဒန္ဆန္ခ်ိဳကို ေခၚယူၿပီးေနာက္ အိုေလဂန္းနားဆိုးလ္ရွားဟာ အသင္းကစားသမားစာရင္းကို ထပ္မံအားျဖည့္သြားဖို႔ ရွိေနပါတယ္။

ယူနိုက္တက္ဟာ လက္ရွိ အေျပာင္းအေ႐ႊ႕မွာ ညာေတာင္ပံ ၊ ဗဟိုေနာက္ခံလူ တဦး ၊ ကြင္းလယ္လူ တဦးနဲ႕ တိုက္စစ္မႉး တဦးတို႔ကို ေခၚယူဖို႔ လ်ာထားၿပီး ညာေတာင္ပံေနရာ အတြက္ ဆန္ခ်ိဳကို ရရွိၿပီးေနာက္မွာ ဗဟိုေနာက္ခံလူ တဦးနဲ႕ ကြင္းလယ္လူ တဦးတို႔ကို ေခၚယူဖို႔ အျပင္းအထန္ ႀကိဳးစားလာတာပဲ ျဖစ္ပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္ ေနာက္ခံလူ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ရွိေတာ့တဲ့ ကစားသမား တဦး ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ အသင္းက သူ႕ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးစားေနေပမယ့္ ဗာရန္းကေတာ့ စိန္ေခၚမႈအသစ္ေတြနဲ႕သာ ရင္ဆိုင္ခ်င္ေနပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ ဗဟိုခံစစ္မႉးအျပင္ သရဲနီေတြဟာ ကြင္းလယ္ပိုင္းအတြက္ အလားအလာရွိတဲ့ လူငယ္ကစားသမားေလးျဖစ္တဲ့ ရန္းနက္စ္အသင္းက အသက္ ၁၈ ႏွစ္အ႐ြယ္ ျပင္သစ္လူငယ္လက္ေ႐ြးစင္ကို အလိုရွိေနပါတယ္။

ယူနိုက္တက္ဟာ လာမယ့္ရက္ပိုင္းအတြင္း ဗာရန္းအတြက္ ေပါင္သန္း ၅၀ နဲ႕ ကာမာဗင္ဂါအတြက္ ေပါင္ ၂၅ သန္းနဲ႕ တရားဝင္ ကမ္းလွမ္းေတာ့မွာျဖစ္တယ္လို႔ Marca က ေဖာ္ျပခဲ့ပါတယ္။

ကာမာဗင္ဂါဟာ အသက္ ၁၆ႏွစ္ အ႐ြယ္ထဲက ဥေရာပတလႊားမွာ အေကာင္းဆုံး ဆယ္ေက်ာ္သက္ ကြင္းလယ္လူ အျဖစ္ သတ္မွတ္ျခင္းကို ခံထားရသူ ျဖစ္ၿပီး မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အဲ့ဒီအခ်ိန္ထဲက သူ႕ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။

သို႔ေပမယ့္ ဗာရန္းအတြက္ ယူနိုက္တက္ရဲ႕ဘကနဦး ကမ္းလွမ္းေငြ ေပါင္သန္း ၅၀ ကိုေတာ့ ရီးရဲလ္မက္ဒရစ္အသင္းက လက္ခံဖြယ္မရွိပဲ လာလီဂါကလပ္ဟာ စာခ်ဳပ္ ၁ ႏွစ္သာ က်န္ေတာ့တဲ့ ျပင္သစ္လက္ေ႐ြးစင္အတြက္ ေပါင္သန္း ၈၀ အထိ အလိုရွိေနတယ္လို႔ သိရပါတယ္။

ကာမာဗင္ဂါဟာလည္း ရန္းနက္စ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ၁၂ လအတြင္းကို ေရာက္ရွိေနၿပီျဖစ္ၿပီး ယူနိုက္တက္ဟာ ဝက္စ္ဟမ္းအသင္းက ဒီကလန္ရိုက္စ္အတြက္ ေပါင္သန္း ၈၀ အသုံးျပဳလိုျခင္း မရွိတာေၾကာင့္ ရန္းနက္စ္ၾကယ္ပြင့္ဖက္ကို ျမႇားဦးလွည့္လာခဲ့တာျဖစ္ပါတယ္။