Spots news

မန်ယူကနေ ကစားသမားခေါ်လေ့ရှိတဲ့ အင်တာက အဲလက်စ် တဲလက်စ်ကို ခေါ်ယူရန် ကြိုးပမ်းမည်

Unicode Version

စီးရီးအေ ချန်ပီယံ ထိပ်သီးကလပ် အင်တာမီလန်အသင်းဟာ ပရီးမီးယားလိဂ် ကလပ်မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတဲ့ ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ပြီးခဲ့တဲ့ရာသီက စီးရီးအေချန်ပီယံဆုဆွတ်ခူးခဲ့တဲ့ အင်တာမီလန်အသင်းဟာ ရာသီကုန်မှာ ဝါရင့်ဘယ်နောက်ခံလူ အက်ရ်ှလေယန်းနဲ့ လမ်းခွဲခဲ့တာကြောင့် အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ်တစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပြီး ယူနိုက်တက်ဘယ်နောက်ခံလူ တဲလက်စ်ကို မျက်စိကျနေတာပါ။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်ကစားသမားတဲလက်စ်ဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက ပေါ်တိုအသင်းက ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး

အသင်းရဲ့ ဘယ်ခြမ်းမှာ လုခ်ရှောက ခြေစွမ်းပြကစားနေလို့ ပုံမှန်ပွဲထွက်ခွင့် မရခဲ့တာကြောင့် ကာလတိုအတွင်းမှာပဲ အသင်းကထွက်ခွာဖို့နီးစပ်နေသူ ဖြစ်ပါတယ်။

တဲလက်စ်ဟာ ဂါလာတာစာရေးအသင်းမှာ ကစားခဲ့တုန်းက ၂၀၁၅-၁၆ ရာသီမှာ အင်တာမီလန်အသင်းဆီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ဖူးပြီး အခု အင်တာမီလန်အသင်းက သူတို့ကစားသမားဟောင်းကို ပြန်ခေါ်ဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ တဲလက်စ်ကို အငှားနဲ့ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး  မန်ချက်စတာ ယူနိုက်တက်အသင်း ဘကခကလည်း အဲဒီကမ်းလှမ်းချက်ကို လက်ခံသဘောတူဖို့ရှိနေပါပြီ။ယူနိုက်တက်နဲ့ အင်တာတို့ဟာ ကစားသမား အပြောင်းအရွေ့မှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြပါတယ်။

Zawgyi Version

စီးရီးေအ ခ်န္ပီယံ ထိပ္သီးကလပ္ အင္တာမီလန္အသင္းဟာ ပရီးမီးယားလိဂ္ ကလပ္မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ပုံမွန္ ပြဲထြက္ခြင့္ရဖို႔႐ုန္းကန္ေနရတဲ့ ဘယ္ေနာက္ခံလူ အဲလက္စ္တဲလက္စ္ကို ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။

ၿပီးခဲ့တဲ့ရာသီက စီးရီးေအခ်န္ပီယံဆုဆြတ္ခူးခဲ့တဲ့ အင္တာမီလန္အသင္းဟာ ရာသီကုန္မွာ ဝါရင့္ဘယ္ေနာက္ခံလူ အက္ရ္ွေလယန္းနဲ႕ လမ္းခြဲခဲ့တာေၾကာင့္ အခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း ကစားသမားသစ္တစ္ဦးေခၚယူဖို႔ ျပင္ဆင္ေနၿပီး ယူနိုက္တက္ဘယ္ေနာက္ခံလူ တဲလက္စ္ကို မ်က္စိက်ေနတာပါ။

အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘရာဇီးလ္ကစားသမားတဲလက္စ္ဟာ ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလတုန္းက ေပၚတိုအသင္းက ယူနိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ၿပီး

အသင္းရဲ႕ ဘယ္ျခမ္းမွာ လုခ္ေရွာက ေျခစြမ္းျပကစားေနလို႔ ပုံမွန္ပြဲထြက္ခြင့္ မရခဲ့တာေၾကာင့္ ကာလတိုအတြင္းမွာပဲ အသင္းကထြက္ခြာဖို႔နီးစပ္ေနသူ ျဖစ္ပါတယ္။

တဲလက္စ္ဟာ ဂါလာတာစာေရးအသင္းမွာ ကစားခဲ့တုန္းက ၂၀၁၅-၁၆ ရာသီမွာ အင္တာမီလန္အသင္းဆီအငွားနဲ႕ ေျပာင္းေ႐ႊ႕ ကစားခဲ့ဖူးၿပီး အခု အင္တာမီလန္အသင္းက သူတို႔ကစားသမားေဟာင္းကို ျပန္ေခၚဖို႔စိတ္ဝင္စားေနတာျဖစ္ပါတယ္။

အင္တာမီလန္အသင္းဟာ တဲလက္စ္ကို အငွားနဲ႕ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနၿပီး  မန္ခ်က္စတာ ယူနိုက္တက္အသင္း ဘကခကလည္း အဲဒီကမ္းလွမ္းခ်က္ကို လက္ခံသေဘာတူဖို႔ရွိေနပါၿပီ။ယူနိုက္တက္နဲ႕ အင္တာတို႔ဟာ ကစားသမား အေျပာင္းအေ႐ြ႕မွာ ရင္းႏွီးတဲ့ ဆက္ဆံေရး ရွိၾကပါတယ္။