Spots news

ယူရို-၂၀၂၀ ရဲ့ ရွှေလက်အိတ်ဆု ရဖို့ သေချာသွားပြီဖြစ်တဲ့ အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်

Unicode Version

ယူရို-၂၀၂၀ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် လက်စွမ်းပြနေတဲ့ဂိုးသမားပစ်ဖို့ဒ်ဟာ ဒိန်းမတ်နဲ့ကစားမယ့် ဆီမီးဖိုင်နယ်ပွဲမှာ ဂိုးပေးခဲ့ရရင်တောင်

ယူရိုပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးသမား(ရွှေလက်အိတ်)ဆုရရှိဖို့ သေချာသွားပြီ ဖြစ်ကြောင်း အင်္ဂလန်အသင်းက အတည်ပြုခဲ့ပါတယ်။

ယူရို-၂၀၂၀ ပြိုင်ပွဲ အတွက် ယနေ့ည ဒိန်းမတ်နဲ့ ကစားရမယ့် ပွဲစဉ်မတိုင်ခင် အင်္ဂလန် နံပါတ်၁ဂိုးသမား ဟာ ဂိုးမပေးရသေးဘဲ ၅ပွဲဆက် clean sheet ရယူထားနိုင်ခဲ့ပါတယ်။

ရွှေလက်အိတ်ဆုအတွက် ပစ်ဖို့ဒ်ရဲ့အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ အီတလီအသင်း ဂိုးသမားဒွန်နာရမ်မာဟာ အုပ်စုတွင်းပွဲ တွေဖြစ်တဲ့ တူရကီ၊ ဆွစ်ဇာလန်၊ ဝေးလ်စ်အသင်းတို့နဲ့ကစားခဲ့တဲ့ပွဲမှာ Clean Sheets ရယူခဲ့ပါတယ်။

ဒါ့အပြင် အီတလီဂိုးသမား ဒွန်နာရမ်မာဟာ ယမန်နေ့ည မိုရာတာရဲ့ အဆုံးအဖြတ် ပင်နယ်တီကို ကာကွယ်ခဲ့ပေမဲ့ ပွဲချိန်အတွင်း ဂိုးပေးခဲ့ရတာကြောင့် clean sheetနဲ့ လွဲချော်သွားခဲ့ပါတယ်။

ဒွန်နာရမ်မာဟာ သြစတြီးယားနဲ့ ကစားခဲ့တဲ့ပွဲ၊ ဘယ်လ်ဂျီယံနဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲတွေမှာ ဂိုးတွေဆက်တိုက် ပေးခဲ့ရသလို မနေ့က စပိန်အသင်းကို အနိုင်ရခဲ့တဲ့

ဆီမီးဖိုင်နယ်ပွဲမှာလည်း ဂိုးပေးခဲ့ရတာကြောင့် Clean Sheets ပွဲအရေအတွက်မှာ ပစ်ဖို့ဒ်ကို အမီလိုက်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။

ဘယ်လ်ဂျီယံ ဂိုးသမား ကော်တွိုက်စ်နဲ့ နယ်သာလန်ဂိုးသမား စကယ်လက်တန်ဘက်ချ်တို့ကတော့ ဒွန်နာရမ်မာနဲ့ ၃ပွဲ clean sheet စံချိန် တူညီနေခဲ့ပါတယ်။

အဲဗာတန်မှာ ရုန်းကန်ခဲ့ရတဲ့ ပစ်ဖို့ဒ်ဟာ ယခုနှစ် ယူရိုမှာတော့ လက်စွမ်းပြနေကာ စကော့တလန်၊ ဂျာမနီတို့နဲ့ ပွဲစဉ်တွေမှာ အကောင်းဆုံး ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ် အဖြစ် မြန်မာစံတော်ချိန်ကြာသပတေးမနက် (၁:၃၀)အချိန်ကျရင် ဝင်ဘလေကွင်းမှာ ဒိန်းမတ်အသင်းနဲ့ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး

ပစ်ဖို့ဒ်အနေနဲ့ အင်္ဂလန် အသင်းအတွက် Clean Sheets ရယူပြီးတော့ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဗိုလ်လုပွဲရောက်ရှိအောင် စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Zawgyi Version

ယူရို-၂၀၂၀ၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ လက္စြမ္းျပေနတဲ့ဂိုးသမားပစ္ဖို႔ဒ္ဟာ ဒိန္းမတ္နဲ႕ကစားမယ့္ ဆီမီးဖိုင္နယ္ပြဲမွာ ဂိုးေပးခဲ့ရရင္ေတာင္

ယူရိုၿပိဳင္ပြဲရဲ႕အေကာင္းဆုံးဂိုးသမား(ေ႐ႊလက္အိတ္)ဆုရရွိဖို႔ ေသခ်ာသြားၿပီ ျဖစ္ေၾကာင္း အဂၤလန္အသင္းက အတည္ျပဳခဲ့ပါတယ္။

ယူရို-၂၀၂၀ ၿပိဳင္ပြဲ အတြက္ ယေန႕ည ဒိန္းမတ္နဲ႕ ကစားရမယ့္ ပြဲစဥ္မတိုင္ခင္ အဂၤလန္ နံပါတ္၁ဂိုးသမား ဟာ ဂိုးမေပးရေသးဘဲ ၅ပြဲဆက္ clean sheet ရယူထားနိုင္ခဲ့ပါတယ္။

ေ႐ႊလက္အိတ္ဆုအတြက္ ပစ္ဖို႔ဒ္ရဲ႕အနီးစပ္ဆုံးၿပိဳင္ဘက္ျဖစ္တဲ့ အီတလီအသင္းဂိုးသမားဒြန္နာရမ္မာဟာ အုပ္စုတြင္းပြဲေတြျဖစ္တဲ့ တူရကီ၊ ဆြစ္ဇာလန္၊ ေဝးလ္စ္အသင္းတို႔နဲ႕ကစားခဲ့တဲ့ပြဲမွာ Clean Sheets ရယူခဲ့ပါတယ္။

ဒါ့အျပင္ အီတလီဂိုးသမား ဒြန္နာရမ္မာဟာ ယမန္ေန႕ည မိုရာတာရဲ႕ အဆုံးအျဖတ္ ပင္နယ္တီကို ကာကြယ္ခဲ့ေပမဲ့ ပြဲခ်ိန္အတြင္း ဂိုးေပးခဲ့ရတာေၾကာင့္ clean sheetနဲ႕ လြဲေခ်ာ္သြားခဲ့ပါတယ္။

ဒြန္နာရမ္မာဟာ ၾသစႀတီးယားနဲ႕ကစားခဲ့တဲ့ပြဲ၊ ဘယ္လ္ဂ်ီယံနဲ႕ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲေတြမွာ ဂိုးေတြဆက္တိုက္ေပးခဲ့ရသလို မေန႕က စပိန္အသင္းကို

အနိုင္ရခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲမွာလည္း ဂိုးေပးခဲ့ရတာေၾကာင့္ Clean Sheets ပြဲအေရအတြက္မွာ ပစ္ဖို႔ဒ္ကို အမီလိုက္နိုင္ဖို႔ မျဖစ္နိုင္ေတာ့ပါဘူး။

ဘယ္လ္ဂ်ီယံ ဂိုးသမား ေကာ္တြိုက္စ္နဲ႕ နယ္သာလန္ဂိုးသမား စကယ္လက္တန္ဘက္ခ်္တို႔ကေတာ့ ဒြန္နာရမ္မာနဲ႕ ၃ပြဲ clean sheet စံခ်ိန္ တူညီေနခဲ့ပါတယ္။

အဲဗာတန္မွာ ႐ုန္းကန္ခဲ့ရတဲ့ ပစ္ဖို႔ဒ္ဟာ ယခုႏွစ္ ယူရိုမွာေတာ့ လက္စြမ္းျပေနကာ စေကာ့တလန္၊ ဂ်ာမနီတို႔နဲ႕ ပြဲစဥ္ေတြမွာ အေကာင္းဆုံး ကာကြယ္မႈေတြ ျပဳလုပ္နိုင္ခဲ့ပါတယ္။

အဂၤလန္အသင္းဟာ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ျမန္မာစံေတာ္ခ်ိန္ၾကာသပေတးမနက္ (၁:၃၀)အခ်ိန္က်ရင္ ဝင္ဘေလကြင္းမွာ ဒိန္းမတ္အသင္းနဲ႕ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး

ပစ္ဖို႔ဒ္အေနနဲ႕ အဂၤလန္အသင္းအတြက္ Clean Sheets ရယူၿပီးေတာ့ ယူရိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ဗိုလ္လုပြဲေရာက္ရွိေအာင္ စြမ္းေဆာင္နိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။