Spots news

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန်-ဒိန်းမတ်ပွဲမှ ထူးခြားမှတ်တမ်းများ

Unicode Version

ဂိုးသမား ပစ်ဖို့ဒ်ဟာ ဒိန်းမတ်ကို ဦးဆောင်ဂိုးမပေးရမီအထိ ၇၂၅ မိနစ်ကြာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဂေါ်ဒွန်ဘင့်(မေ/ဇူလိုင်-၁၉၆၆)တင်ရှိထားသည့် အင်္ဂလန်ဂိုးသမားများထဲတွင် ဂိုးမပေးရသည့်ကြာချိန်အများဆုံးစံချိန်ကို (၅)မိနစ်အသာဖြင့် ကျော်ဖြတ်ခဲ့သည်။

အင်္ဂလန်အသင်းသည် ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ကင်မရွန်းအသင်းကို နောက်မှလိုက်ကစားကာ (၃-၂)ဂိုးဖြင့်
အနိုင်ယူပြီးနောက် မေဂျာပြိုင်ပွဲများ၌ နောက်မှလိုက်ကစားကာ အနိုင်ပြန်ယူနိုင်သည့် ပထမဆုံးပွဲဖြစ်ခဲ့သည်။

ယခု ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အချိန်ပိုကစားရမှု (၇)ပွဲအထိရှိလာပြီး မေဂျာပြိုင်ပွဲများ၌ ၁၉၉၀ နှင့် ၂၀၁၄ ကမ္ဘာ့ဖလား(၈ ကြိမ်စီ) ပြီးနောက် ဒုတိယအများဆုံးဖြစ်လာခဲ့သည်။ ဒိန်းမတ်ရဲ့ ဒမ်းစ်ဂေါ့၏ဦးဆောင်ဂိုးသည် ယခုယူရိုပြိုင်ပွဲတွင် ဖရီးကစ်ကန်သွင်းမှု (၃၇)ကြိမ်၌ ပထမဆုံးဂိုးရရှိခြင်းဖြစ်သည်။

အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်သည် ဂျေမီရက်နက်ပ်(ယူရို-၁၉၉၆၊ စကော့တလန်နှင့်ပွဲ)၊ လန်နွန်(၂၀၀၆ ကမ္ဘာ့ဖလား၊ ပေါ်တူဂီနှင့်ပွဲ)ပြီးနောက် မေဂျာပြိုင်ပွဲများ၌ လူစားဝင်ပြီး လူစားပြန်လဲခံရသည့် တတိယမြောက်အင်္ဂလိပ်ကစားသမားဖြစ်ခဲ့သည်။

အင်္ဂလန်တောင်ပံကစားသမား ဆာကာ(၁၉ နှစ်၊ ၃၀၅ ရက်)သည် မေဂျာပြိုင်ပွဲတစ်ခု၏ ဆီမီးဖိုင်နယ် သို့မဟုတ် ဆီမီးဖိုင်နယ်နောက်ပိုင်းအဆင့်တွင် ပွဲထွက်ကစားခွင့်ရသည့် အသက်အငယ်ဆုံးအင်္ဂလိပ်ကစားသမားဖြစ်ခဲ့သည်။

Zawgyi Version

ဂိုးသမား ပစ္ဖို႔ဒ္ဟာ ဒိန္းမတ္ကို ဦးေဆာင္ဂိုးမေပးရမီအထိ ၇၂၅ မိနစ္ၾကာ ဂိုးမေပးရေအာင္ စြမ္းေဆာင္နိုင္ခဲ့ၿပီး ေဂၚဒြန္ဘင့္(ေမ/ဇူလိုင္-၁၉၆၆)တင္ရွိထားသည့္ အဂၤလန္ဂိုးသမားမ်ားထဲတြင္ ဂိုးမေပးရသည့္ၾကာခ်ိန္အမ်ားဆုံးစံခ်ိန္ကို (၅)မိနစ္အသာျဖင့္ ေက်ာ္ျဖတ္ခဲ့သည္။

အဂၤလန္အသင္းသည္ ၁၉၉၀ ကမာၻ႔ဖလားၿပိဳင္ပြဲ ကြာတားဖိုင္နယ္တြင္ ကင္မ႐ြန္းအသင္းကို ေနာက္မွလိုက္ကစားကာ (၃-၂)ဂိုးျဖင့္
အနိုင္ယူၿပီးေနာက္ ေမဂ်ာၿပိဳင္ပြဲမ်ား၌ ေနာက္မွလိုက္ကစားကာ အနိုင္ျပန္ယူနိုင္သည့္ ပထမဆုံးပြဲျဖစ္ခဲ့သည္။

ယခု ယူရို-၂၀၂၀ ၿပိဳင္ပြဲတြင္ အခ်ိန္ပိုကစားရမႈ (၇)ပြဲအထိရွိလာၿပီး ေမဂ်ာၿပိဳင္ပြဲမ်ား၌ ၁၉၉၀ ႏွင့္ ၂၀၁၄ ကမာၻ႔ဖလား(၈ ႀကိမ္စီ) ၿပီးေနာက္ ဒုတိယအမ်ားဆုံးျဖစ္လာခဲ့သည္။

ဒိန္းမတ္ရဲ႕ ဒမ္းစ္ေဂါ့၏ဦးေဆာင္ဂိုးသည္ ယခုယူရိုၿပိဳင္ပြဲတြင္ ဖရီးကစ္ကန္သြင္းမႈ (၃၇)ႀကိမ္၌ ပထမဆုံးဂိုးရရွိျခင္းျဖစ္သည္။

အဂၤလန္ကြင္းလယ္တိုက္စစ္ကစားသမား ဂရီးလစ္ရွ္သည္ ေဂ်မီရက္နက္ပ္(ယူရို-၁၉၉၆၊ စေကာ့တလန္ႏွင့္ပြဲ)၊ လန္ႏြန္(၂၀၀၆ ကမာၻ႔ဖလား၊ ေပၚတူဂီႏွင့္ပြဲ)ၿပီးေနာက္ ေမဂ်ာၿပိဳင္ပြဲမ်ား၌ လူစားဝင္ၿပီး လူစားျပန္လဲခံရသည့္ တတိယေျမာက္အဂၤလိပ္ကစားသမားျဖစ္ခဲ့သည္။

အဂၤလန္ေတာင္ပံကစားသမား ဆာကာ(၁၉ ႏွစ္၊ ၃၀၅ ရက္)သည္ ေမဂ်ာၿပိဳင္ပြဲတစ္ခု၏ ဆီမီးဖိုင္နယ္ သို႔မဟုတ္ ဆီမီးဖိုင္နယ္ေနာက္ပိုင္းအဆင့္တြင္ ပြဲထြက္ကစားခြင့္ရသည့္ အသက္အငယ္ဆုံးအဂၤလိပ္ကစားသမားျဖစ္ခဲ့သည္။