Unicode Version
လူငယ် ကြယ်ပွင့် တောင်ပံကစားသမား ဆန်ချို ယူနိုက်တက်ကို ပြောင်းရွေ့လာမှုက အိုးထရတ်ဖို့ဒ်ရဲ့ တိုက်စစ်ကစားသမား အင်အားကို တိုးတက်လာပြီး ထက်မြက်တဲ့ တိုက်စစ်အင်အားစု ဖြစ်ပေါ်လာဖွယ်ရှိပါတယ်။
တောင်ပံကစားသမားနဲ့ ချိတ်ဆက်ကစားနိုင်သလို ဖိအားတွေလည်း ပိုမိုလျော့နည်းသွားဖို့ရှိပါတယ်။ ဒါ့အပြင် ဆန်ချိုရောက်ရှိလာမှုမှာ အသိသာဆုံး တိုးတက်လာမှာကတော့ ညာတောင်ပံ ခံစစ် ကစားသမားကတော့ ဝမ်ဘစ်ဆာကာ ဖြစ်လာနိုင်ပါတယ်။
ဝမ်ဘစ်ဆာကာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပထမဦးစားပေး ညာနောက်ခံ ကစားသမားဖြစ်ပြီး ( ၂ ) ရာသီအတွင်းမှာ ပွဲ ( ၁၀၀ ) ကစားထားပြီးဖြစ်ပါတယ်။
သို့ပေမယ့် အများစုက ဝမ်ဘစ်ဆာကာဟာ ခံစစ်မှာပဲ ကောင်းမွန်ပြီး တိုက်စစ်ပိုင်းလိုအပ်ချက်တွေ ရှိနေသေးတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
ဒါပေမယ့် သူ့ရဲ့ တိုက်စစ်စွမ်းဆောင်ရည်က အဆိုးရွားဆုံးအနေအထား မဟုတ်ပဲ ပြီးခဲ့တဲ့ ရာသီမှာ ( ၅ ) ဂိုး ဖန်တီးနိုင်ခဲ့ပြီး လုခ်ရှောထက် ( ၁ ) ကြိမ်သာ ပိုနည်းခဲ့ပါတယ်။
( ၂၀၁၉ ) ခုနှစ်မှာ ပေါင် သန်း ( ၅၀ ) နဲ့ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ ဝမ်ဘစ်ဆာကာအတွက် အကြီးမားဆုံး စိန်ခေါ်မှုက သူ့ရဲ့ ရှေ့မှာ ထိပ်တန်း ညာတောင်ပံကစားသမား စစ်စစ်ရှိမနေတာ ဖြစ်ပါတယ်။
( ၉၉ ) ခုနှစ် ဖလားသုံးလုံးချန်ပီယံ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဂယ်ရီ နဗီးလ် နှင့် ဒေးဗစ် ဘက်ခမ်းတို့က ညာခြမ်းမှာ အောင်မြင်စွာ တွဲဖက်ကစားနိုင်ခဲ့ကြပြီး ထိပ်တန်း ညာတောင်ပံ အတွဲအဖက် ဖြစ်ခဲ့ပါတယ်။
ဝမ်ဘစ်ဆာကာဟာ ( ၂၀၁၉ /၂၀ ) ရာသီမှာ ပါရဲယားနဲ့ စတင် တွဲကစားခဲ့ရပါတယ်။ အဲ့ဒီနောက် ယူနိုက်တက်မှာ ကစားဖို့ အတွေ့အကြုံအားနည်းမှုတွေ ရှိနေသေးတဲ့ ဒန်နီရယ်ဂျိမ်းစ်နဲ့ တွဲဖက်ကစားခဲ့ရပါတယ်။
မေဆန် ဂရင်းဝုဒ်က ညာတောင်ပံမှာ ဝမ်ဘစ်ဆာကာ အဓိက တွဲဖက်ကစားခဲ့ရတဲ့သူပါ။ ဒါပေမယ့် သူ့ကို တောင်ပံကစားသမားလို့ ပြောဖို့ခက်ပါတယ်။ ဂရင်းဝုဒ်က ပုံမှန် ညာတောင်ပံကစားသမားတွေလို ဘေးစည်းနားမှာ အဓိကမနေပဲ ဧရိယာထဲပဲ အဓိကသွားရောက်လေ့ရှိပါတယ်။
ထို့ကြောင့် ဝမ်ဘစ်ဆာကာ အနေနဲ့ တွဲဖက်ကစားဖို့ အခက်အခဲဖြစ်ခဲ့ပါတယ်။ မားကတ် ရက်ဖို့ဒ်လည်း တခါတလေ ညာခြမ်းမှာ ကစားပေမယ့် ဘယ်ခြမ်းမှာပဲ အဓိက ကစားလေ့ရှိသူဖြစ်ပါတယ်။
ဆန်ချိုရောက်ရှိလာတဲ့အတွက် ဘစ်ဆာကာရဲ့ တွဲဖက်ကစားမှုတွေ တိုက်စစ်ကစားပုံတွေ တိုးတက်လာဖို့ရှိပါတယ်။ overlaps ကစားခွင့် ပိုရလာနိုင်ပြီး ဖြတ်တင်ဘောတွေကိုလည်း ပိုမိုမြင်တွေ့လာရဖို့ရှိပါတယ်။
နောက်ပြီး ဘစ်ဆာကာနဲ့ တွဲကစားခွင့်ရတာက ဆန်ချိုအတွက်လည်း အကျိုးရှိစေနိုင်ပါတယ်။ တောင်ပံကစားသမားအနေနဲ့ သူ့ရဲ့နောက်မှာ ကမ္ဘာ့ ခံစစ်ပိုင်းအကောင်းဆုံး full-back ကစားသမားတစ်ဦးရှိနေတဲ့အတွက် ခံစစ်ပိုင်းဖိအားတွေလျော့ပြီး တိုက်စစ်ကိုပဲ အဓိက အာရုံစိုက်နိုင်တော့မှာဖြစ်ပါတယ်။
ဆန်ချိုက ယူနိုက်တက်ရဲ့ ညာတောင်ပံနေရာအတွက် ကာလရှည် ပစ်မှတ်ဖြစ်သလို ဘစ်ဆာကာကလည်း ညာနောက်ခံနေရာအတွက် မျှော်လင့်ချက်ပါပဲ။ သူတို့ ( ၂ ) ဦး အချိတ်အဆက်မိဖို့ အချိန် အနည်းငယ်ယူရနိုင်ပေမယ့် စောင့်ဆိုင်းရတာ ယူနိုက်တက်အတွက် အကျိုးရှိလာမှာ အသေချာပါပဲ။
Zawgyi Version
လူငယ္ ၾကယ္ပြင့္ ေတာင္ပံကစားသမား ဆန္ခ်ိဳ ယူနိုက္တက္ကို ေျပာင္းေ႐ြ႕လာမႈက အိုးထရတ္ဖို႔ဒ္ရဲ႕ တိုက္စစ္ကစားသမား အင္အားကို တိုးတက္လာၿပီး ထက္ျမက္တဲ့ တိုက္စစ္အင္အားစု ျဖစ္ေပၚလာဖြယ္ရွိပါတယ္။
ေတာင္ပံကစားသမားနဲ႕ ခ်ိတ္ဆက္ကစားနိုင္သလို ဖိအားေတြလည္း ပိုမိုေလ်ာ့နည္းသြားဖို႔ရွိပါတယ္။ ဒါ့အျပင္ ဆန္ခ်ိဳေရာက္ရွိလာမႈမွာ အသိသာဆုံး တိုးတက္လာမွာကေတာ့ ညာေတာင္ပံ ခံစစ္ ကစားသမားကေတာ့ ဝမ္ဘစ္ဆာကာ ျဖစ္လာနိုင္ပါတယ္။
ဝမ္ဘစ္ဆာကာဟာ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ပထမဦးစားေပး ညာေနာက္ခံ ကစားသမားျဖစ္ၿပီး ( ၂ ) ရာသီအတြင္းမွာ ပြဲ ( ၁၀၀ ) ကစားထားၿပီးျဖစ္ပါတယ္။ သို႔ေပမယ့္ အမ်ားစုက ဝမ္ဘစ္ဆာကာဟာ ခံစစ္မွာပဲ ေကာင္းမြန္ၿပီး တိုက္စစ္ပိုင္းလိုအပ္ခ်က္ေတြ ရွိေနေသးတယ္လို႔ သုံးသပ္ခဲ့ၾကပါတယ္။
ဒါေပမယ့္ သူ႕ရဲ႕ တိုက္စစ္စြမ္းေဆာင္ရည္က အဆိုး႐ြားဆုံးအေနအထား မဟုတ္ပဲ ၿပီးခဲ့တဲ့ ရာသီမွာ ( ၅ ) ဂိုး ဖန္တီးနိုင္ခဲ့ၿပီး လုခ္ေရွာထက္ ( ၁ ) ႀကိမ္သာ ပိုနည္းခဲ့ပါတယ္။
( ၂၀၁၉ ) ခုႏွစ္မွာ ေပါင္ သန္း ( ၅၀ ) နဲ႕ ယူနိုက္တက္ကို ေရာက္ရွိလာတဲ့ ဝမ္ဘစ္ဆာကာအတြက္ အႀကီးမားဆုံး စိန္ေခၚမႈက သူ႕ရဲ႕ ေရွ႕မွာ ထိပ္တန္း ညာေတာင္ပံကစားသမား စစ္စစ္ရွိမေနတာ ျဖစ္ပါတယ္။
( ၉၉ ) ခုႏွစ္ ဖလားသုံးလုံးခ်န္ပီယံ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ဂယ္ရီ နဗီးလ္ ႏွင့္ ေဒးဗစ္ ဘက္ခမ္းတို႔က ညာျခမ္းမွာ ေအာင္ျမင္စြာ တြဲဖက္ကစားနိုင္ခဲ့ၾကၿပီး ထိပ္တန္း ညာေတာင္ပံ အတြဲအဖက္ ျဖစ္ခဲ့ပါတယ္။
ဝမ္ဘစ္ဆာကာဟာ ( ၂၀၁၉ /၂၀ ) ရာသီမွာ ပါရဲယားနဲ႕ စတင္ တြဲကစားခဲ့ရပါတယ္။ အဲ့ဒီေနာက္ ယူနိုက္တက္မွာ ကစားဖို႔ အေတြ႕အႀကဳံအားနည္းမႈေတြ ရွိေနေသးတဲ့ ဒန္နီရယ္ဂ်ိမ္းစ္နဲ႕ တြဲဖက္ကစားခဲ့ရပါတယ္။
ေမဆန္ ဂရင္းဝုဒ္က ညာေတာင္ပံမွာ ဝမ္ဘစ္ဆာကာ အဓိက တြဲဖက္ကစားခဲ့ရတဲ့သူပါ။ ဒါေပမယ့္ သူ႕ကို ေတာင္ပံကစားသမားလို႔ ေျပာဖို႔ခက္ပါတယ္။ ဂရင္းဝုဒ္က ပုံမွန္ ညာေတာင္ပံကစားသမားေတြလို ေဘးစည္းနားမွာ အဓိကမေနပဲ ဧရိယာထဲပဲ အဓိကသြားေရာက္ေလ့ရွိပါတယ္။
ထို႔ေၾကာင့္ ဝမ္ဘစ္ဆာကာ အေနနဲ႕ တြဲဖက္ကစားဖို႔ အခက္အခဲျဖစ္ခဲ့ပါတယ္။ မားကတ္ ရက္ဖို႔ဒ္လည္း တခါတေလ ညာျခမ္းမွာ ကစားေပမယ့္ ဘယ္ျခမ္းမွာပဲ အဓိက ကစားေလ့ရွိသူျဖစ္ပါတယ္။
ဆန္ခ်ိဳေရာက္ရွိလာတဲ့အတြက္ ဘစ္ဆာကာရဲ႕ တြဲဖက္ကစားမႈေတြ တိုက္စစ္ကစားပုံေတြ တိုးတက္လာဖို႔ရွိပါတယ္။ overlaps ကစားခြင့္ ပိုရလာနိုင္ၿပီး ျဖတ္တင္ေဘာေတြကိုလည္း ပိုမိုျမင္ေတြ႕လာရဖို႔ရွိပါတယ္။
ေနာက္ၿပီး ဘစ္ဆာကာနဲ႕ တြဲကစားခြင့္ရတာက ဆန္ခ်ိဳအတြက္လည္း အက်ိဳးရွိေစနိုင္ပါတယ္။ ေတာင္ပံကစားသမားအေနနဲ႕ သူ႕ရဲ႕ေနာက္မွာ ကမာၻ႔ ခံစစ္ပိုင္းအေကာင္းဆုံး full-back ကစားသမားတစ္ဦးရွိေနတဲ့အတြက္ ခံစစ္ပိုင္းဖိအားေတြေလ်ာ့ၿပီး တိုက္စစ္ကိုပဲ အဓိက အာ႐ုံစိုက္နိုင္ေတာ့မွာျဖစ္ပါတယ္။
ဆန္ခ်ိဳက ယူနိုက္တက္ရဲ႕ ညာေတာင္ပံေနရာအတြက္ ကာလရွည္ ပစ္မွတ္ျဖစ္သလို ဘစ္ဆာကာကလည္း ညာေနာက္ခံေနရာအတြက္ ေမွ်ာ္လင့္ခ်က္ပါပဲ။ သူတို႔ ( ၂ ) ဦး အခ်ိတ္အဆက္မိဖို႔ အခ်ိန္ အနည္းငယ္ယူရနိုင္ေပမယ့္ ေစာင့္ဆိုင္းရတာ ယူနိုက္တက္အတြက္ အက်ိဳးရွိလာမွာ အေသခ်ာပါပဲ။