Spots news

အဲရစ်ဆင်ရဲ့ မိသားစုနဲ့ ဆေးအဖွဲ့ခြောက်ဦးကို ယူရိုဖိုင်နယ်ပွဲ ကြည့်ရှူရန် UEFA ဖိတ်ကြား

Unicode Version

ယူရိုပြိုင်ပွဲ အုပ်စုအဆင့်မှာ နှလုံးရောဂါကြောင့် ကွင်းတွင်းလဲကျကာ ဆေးကုသမှုခံယူခဲ့ရသည့်  ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်နှင့် သူ၏ဇနီးဖြစ်သူ၊  သူ့အား အသက်ရှင်ခွင့်ရရန် ကွင်းအတွင်းတွင် ကနဦးကုသမှုပေးခဲ့သည့်

ဆေးအဖွဲ့ဝင်ခြောက်ဦးကို ဇူလိုင်လ ၁၁ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ယူရို-၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုရန် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဥက္ကဋ္ဌ ဆယ်ဖာရင်က ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။

UEFAက ယင်းဖိတ်ကြားမှုနှင့်ပတ်သက်ပြီး တရားဝင်သတင်း ထုတ်ပြန်မှုမရှိသော်လည်း ဒိန်းမတ်အသင်းရဲ့ ဆေးဘက်အကူ ပယ်ဒါအားစ်ဂေါ့က သူနှင့် လုပ်ဖော်ကိုင်ဖက်များက ယင်းဖိတ်ကြားမှုကို လက်ခံရရှိကြောင်း နော်ဝေအွန်လိုင်းသတင်းစာတစ်စောင်ဖြစ်သည့် Fagbladet သို့ ပြောကြားခဲ့သည်။

UEFA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဲရစ်ဆင်နှင့် သူ၏ချစ်သူဖြစ်သည့် ဆာဘရီနာတို့ကို UEFA ဥက္ကဋ္ဌမှ ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု AFP သို့ အတည်ပြုခဲ့ပါတယ်။သို့သော် ၎င်းက အဲရစ်ဆင်သည် ယူရိုပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ခြင်းရှိ၊ မရှိကို မသိရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အဲရစ်ဆင်ဟာ ဇွန်လ ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖင်လန်နှင့်ပွဲပထမပိုင်းမှာပဲ ကွင်းအတွင်းလဲကျခဲ့ပြီးနောက် ဆေးရုံ၌ ခြောက်ရက်ကြာ ကုသမှုခံယူခဲ့ရသည်။ဇွန်လ ၁၈ ရက်‌နေ့မှာဆေးရုံမှ ပြန်ဆင်းခဲ့ပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက် ရှိပါတယ်။

Zawgyi Version

ယူရိုၿပိဳင္ပြဲ အုပ္စုအဆင့္မွာ ႏွလုံးေရာဂါေၾကာင့္ ကြင္းတြင္းလဲက်ကာ ေဆးကုသမႈခံယူခဲ့ရသည့္  ဒိန္းမတ္လက္ေ႐ြးစင္ကြင္းလယ္လူ အဲရစ္ဆင္ႏွင့္ သူ၏ဇနီးျဖစ္သူ၊  သူ႕အား အသက္ရွင္ခြင့္ရရန္ ကြင္းအတြင္းတြင္ ကနဦးကုသမႈေပးခဲ့သည့္

ေဆးအဖြဲ႕ဝင္ေျခာက္ဦးကို ဇူလိုင္လ ၁၁ ရက္တြင္ ယွဥ္ၿပိဳင္ကစားမည့္ ယူရို-၂၀၂၀ ၿပိဳင္ပြဲဗိုလ္လုပြဲသို႔ တက္ေရာက္ၾကည့္ရႈရန္ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(UEFA)ဥကၠ႒ ဆယ္ဖာရင္က ဖိတ္ၾကားခဲ့ေၾကာင္း သိရပါတယ္။

UEFAက ယင္းဖိတ္ၾကားမႈႏွင့္ပတ္သက္ၿပီး တရားဝင္သတင္း ထုတ္ျပန္မႈမရွိေသာ္လည္း ဒိန္းမတ္အသင္းရဲ႕ ေဆးဘက္အကူ ပယ္ဒါအားစ္ေဂါ့က သူႏွင့္ လုပ္ေဖာ္ကိုင္ဖက္မ်ားက ယင္းဖိတ္ၾကားမႈကို လက္ခံရရွိေၾကာင္း ေနာ္ေဝအြန္လိုင္းသတင္းစာတစ္ေစာင္ျဖစ္သည့္ Fagbladet သို႔ ေျပာၾကားခဲ့သည္။

UEFA ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက အဲရစ္ဆင္ႏွင့္ သူ၏ခ်စ္သူျဖစ္သည့္ ဆာဘရီနာတို႔ကို UEFA ဥကၠ႒မွ ပုဂၢိဳလ္ေရးအရ ဖိတ္ၾကားခဲ့ျခင္းျဖစ္သည္ဟု AFP သို႔ အတည္ျပဳခဲ့ပါတယ္။သို႔ေသာ္ ၎က အဲရစ္ဆင္သည္ ယူရိုၿပိဳင္ပြဲဗိုလ္လုပြဲသို႔ တက္ေရာက္ျခင္းရွိ၊ မရွိကို မသိရွိေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

အဲရစ္ဆင္ဟာ ဇြန္လ ၁၂ ရက္က ယွဥ္ၿပိဳင္ကစားခဲ့သည့္ ဖင္လန္ႏွင့္ပြဲပထမပိုင္းမွာပဲ ကြင္းအတြင္းလဲက်ခဲ့ၿပီးေနာက္ ေဆး႐ုံ၌ ေျခာက္ရက္ၾကာ ကုသမႈခံယူခဲ့ရသည္။ဇြန္လ ၁၈ ရက္‌ေန႕မွာေဆး႐ုံမွ ျပန္ဆင္းခဲ့ၿပီး လက္ရွိတြင္ က်န္းမာေရးေကာင္းမြန္လ်က္ ရွိပါတယ္။