Spots news

အသင်းကမှ အလိုရှိနေရင် ကျွန်တော်ပြန်လာဖို့ အဆင်သင့်ပါ

Unicode Version

လက်ရှိ အချိန်မှာ ရလဒ်များ ဆိုးရွား လျက် ရှိနေပြီး အသင် းကြီး တစ်သင်းရဲ့ ခြေစွမ်း ပျောက်ဆုံး နေခဲ့ တဲ့ အာဆင်နယ် အသင်း အပေါ်ကို ကူညီမည့် သူ တစ်ယောက် ရှိလာ ပြီ လား ဆိုတဲ့ မေးခွန်း များ ထွက်ပေါ် လာ ခဲ့ ပါပြီ။ လက်ရှိ အမှတ်ပေး ဖလား မရ ရှိတာ ကာလ အတန် ကြာပေမယ့် ရှုံးပွဲ မရှိ ရွှေဖလား ပိုင်ရှင် ဆိုတဲ့ ဂုဏ်က  အာဆင်နယ် ပရိတ်သတ် တွေ အတွက် စကားလုံး အဖြစ် ရှိနေ သေး ပါတယ်။ ရွှေဖလား ပိုင်ရှင် ဆိုတဲ့ ဂုဏ်ပုဒ် ကို လက်ရှိ နည်းပြ အလုပ်က အနားယူ နေတဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က အရယူ ပေးတာ ဘောလုံး ပရိတ်သတ် များ အသိပါ။

ဂန္တဝင် နည်းပြ ဟောင်းကြီး အာစင်ဝင်းဂါး ကတော့ သူဟာ လက်ရှိမှာ နည်းပြ အလုပ် ကနေ ယာယီ အနားယူ ထား ပေမယ့် အသင်းဟောင်း  အာဆင်နယ် အသင်း ကသာ သူ့ကို အလို ရှိပါက အာဆင်နယ် အသင်း ဆီ ပြန်လာ မှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ်။ အသက် ၇၁နှစ် အရွယ် ရှိ နေပြီ ဖြစ်တဲ့ ပြင်သစ်  လူမျိုး ဝါရင့် နည်းပြ ကြီး ဖြစ်သူ အာစင်ဝင်းဂါး  ဟာ အာဆင်နယ် အသင်းကို ၂၂ နှစ် ကြာအောင်  ကိုင်တွယ် ခဲ့ပြီး အသင်းကြီး တစ်သင်း စာရင်း ဝင် အောင် ကာလ ရှည် ပြုစု ပျိုးထောင် ပေးခဲ့သူပါ။

၁၉၉၆ ခုနှစ်မှာ အာဆင်နယ် သို့ ရောက်ရှိ လာ ခဲ့ပြီး ၂၂ နှစ် ကြာ နည်းပြ ခဲ့ ပေမယ့် ပရီးမီးယားလိဂ် ဆုဖလား နဲ့ ဝေးကွာ ခြင်း ၊ ချန်ပီယံလိဂ်  ဖလား ရယူ ပေးနိုင် ခဲ့ခြင်း မရှိတဲ့ အကြောင်း ပြ ချက် တွေနဲ့ ပရိတ်သတ် တွေရဲ့ ဝေဖန်မှု ကို ခံခဲ့ ရပါတယ်။ အာဆင်ဝင်းဂါး နည်းပြ စဉ်က ထိပ်သီး လေးသင်း စာရင်း ဝင် အသင်းကြီး တစ်သင်း အဖြစ် ရပ်တည် နိုင် ခဲ့ပေမယ့် အာဆင်ဝင်းဂါး မရှိတော့ တဲ့နောက် ချန်ပီယံလိဂ် ပင် ဝင်ရောက် ယှဉ်ပြိုင် ခွင့် မရတော့ တဲ့ အနေအထားကို ရောက် နေခဲ့ ပါတယ်။ လက်ရှိ အာဆင်နယ်  အသင်းဟာ ပရီးမီးယားလိဂ် မှာ ရလဒ် ဆိုးတွေ ရရှိ ထားပြီး ၁၆ပွဲ ကစားပြီး ချိန်မှာ ရမှတ် ၂၀ သာ ရရှိ ထားကာ အမှတ်ပေး ဇယားရဲ့ အဆင့် ၁၃ နေရာ အထိ ရောက်ရှိ နေပါတယ်။

အဆိုပါ ရလဒ်ဆိုး တွေ ကြောင့်ပဲ လက်ရှိ အာဆင်နယ် အသင်းရဲ့ နည်းပြ ဖြစ်သူ အာတီတာ  ဟာ မကြာခင် မှာ အသင်း ကနေ ထုတ်ပယ် ခံရ  တော့မယ် လို့ သတင်းတွေ ထွက်ပေါ် နေသလို အာဆင်နယ် အသင်းရဲ့ အမာခံ ပရိသတ် တွေကလည်း သူတို့ အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါး ကို အသင်းရဲ့ နည်းပြ တစ်ဦး အဖြစ် ပြန်လည် မြင် တွေ့ချင် နေ ပါတယ်။ အာစင်ဝင်းဂါး ကတော့ NBS သတင်း ဌာန နဲ့  ပြုလုပ် ခဲ့တဲ့ အင်တာဗျူး မှာတော့ “တကယ်လို့ သူတို့ ကသာ ကျွန်တော့် ကို လိုအပ် တယ် ဆိုရင် ကျွန်တော်က  သူတို့ကို ကူညီ သွားမှာပါ” ဆိုပြီး ပြောကြား သွား ပါတယ်။ အာဆင်ဝင်းဂါး အနေ နဲ့လဲ သူ တည်ဆောက် ခဲ့တဲ့ ကလပ် အသင်းရဲ့ ကျရှုံးမှု ကို မြင်တွေ့ လိုခြင်း မရှိပဲ အသင်း နည်းပြ အဖြစ် ပြန်လည် တာဝန် ယူလို လျက် ရှိနေ ပါတယ် ။

Zawgyi Version

လက္ရွိ အခ်ိန္မွာ ရလဒ္မ်ား ဆိုး႐ြား လ်က္ ရွိေနၿပီး အသင္းႀကီး တစ္သင္းရဲ႕ ေျခစြမ္း ေပ်ာက္ဆုံး ေနခဲ့ တဲ့ အာဆင္နယ္ အသင္း အေပၚကို ကူညီမည့္ သူတစ္ေယာက္ ရွိလာ ၿပီ လား ဆိုတဲ့ ေမးခြန္းမ်ား ထြက္ေပၚ လာ ခဲ့ပါၿပီ။ လက္ရွိ အမွတ္ေပး ဖလား မရ ရွိတာ ကာလအတန္ ၾကာေပမယ့္ ရႈံးပြဲ မရွိ ေ႐ႊဖလား ပိုင္ရွင္ ဆိုတဲ့ ဂုဏ္က အာဆင္နယ္ ပရိတ္သတ္ ေတြအတြက္ စကားလုံး အျဖစ္ ရွိေန ေသး ပါတယ္။ ေ႐ႊဖလား ပိုင္ရွင္ ဆိုတဲ့ ဂုဏ္ပုဒ္ကို လက္ရွိ နည္းျပ အလုပ္က အနားယူ ေနတဲ့ ဂႏၲဝင္ နည္းျပႀကီး အာဆင္ဝင္းဂါး က အရယူ ေပးတာ ေဘာလုံးပရိတ္သတ္ မ်ား အသိပါ။

ဂႏၲဝင္ နည္းျပ ေဟာင္းႀကီး အာစင္ဝင္းဂါး ကေတာ့ သူဟာ လက္ရွိမွာ နည္းျပ အလုပ္ ကေန ယာယီ အနားယူ ထား ေပမယ့္ အသင္းေဟာင္း အာဆင္နယ္ အသင္း ကသာ သူ႕ကို အလို ရွိပါက အာဆင္နယ္ အသင္း ဆီ ျပန္လာ မွာ ျဖစ္ေၾကာင္း ဖြင့္ဟ ေျပာဆို သြားခဲ့ ပါတယ္။ အသက္ ၇၁ႏွစ္ အ႐ြယ္ ရွိ ေနၿပီ ျဖစ္တဲ့ ျပင္သစ္ လူမ်ိဳး ဝါရင့္ နည္းျပႀကီး ျဖစ္သူ အာစင္ဝင္းဂါး ဟာ အာဆင္နယ္ အသင္းကို ၂၂ ႏွစ္ ၾကာေအာင္ ကိုင္တြယ္ ခဲ့ၿပီး အသင္းႀကီး တစ္သင္း စာရင္း ဝင္ေအာင္ ကာလ ရွည္ ျပဳစု ပ်ိဳးေထာင္ ေပးခဲ့သူပါ။

၁၉၉၆ ခုႏွစ္မွာ အာဆင္နယ္ သို႔ ေရာက္ရွိ လာ ခဲ့ၿပီး ၂၂ ႏွစ္ ၾကာ နည္းျပ ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ ဆုဖလား နဲ႕ ေဝးကြာျခင္း ၊ ခ်န္ပီယံလိဂ္ ဖလား ရယူ ေပးနိုင္ ခဲ့ျခင္း မရွိတဲ့ အေၾကာင္း ျပ ခ်က္ ေတြနဲ႕ ပရိတ္သတ္ ေတြရဲ႕ ေဝဖန္မႈ ကို ခံခဲ့ ရပါတယ္။ အာဆင္ဝင္းဂါး နည္းျပ စဥ္က ထိပ္သီး ေလးသင္း စာရင္း ဝင္ အသင္းႀကီး တစ္သင္း အျဖစ္ ရပ္တည္ နိုင္ ခဲ့ေပမယ့္ အာဆင္ဝင္းဂါး မရွိေတာ့ တဲ့ေနာက္ ခ်န္ပီယံလိဂ္ပင္ ဝင္ေရာက္ ယွဥ္ၿပိဳင္ ခြင့္ မရေတာ့ တဲ့ အေနအထားကို ေရာက္ ေနခဲ့ ပါတယ္။ လက္ရွိ အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္မွာ ရလဒ္ ဆိုးေတြ ရရွိ ထားၿပီး ၁၆ပြဲ ကစားၿပီး ခ်ိန္မွာ ရမွတ္ ၂၀ သာ ရရွိ ထားကာ အမွတ္ေပး ဇယားရဲ႕ အဆင့္ ၁၃ ေနရာ အထိ ေရာက္ရွိ ေနပါတယ္။

အဆိုပါ ရလဒ္ဆိုး ေတြေၾကာင့္ပဲ လက္ရွိ အာဆင္နယ္ အသင္းရဲ႕ နည္းျပ ျဖစ္သူ အာတီတာ ဟာ မၾကာခင္ မွာ အသင္း ကေန ထုတ္ပယ္ ခံရ ေတာ့မယ္ လို႔ သတင္းေတြ ထြက္ေပၚ ေနသလို အာဆင္နယ္ အသင္းရဲ႕ အမာခံ ပရိသတ္ ေတြကလည္း သူတို႔ အသင္းရဲ႕ နည္းျပေဟာင္း အာစင္ဝင္းဂါး ကို အသင္းရဲ႕ နည္းျပ တစ္ဦး အျဖစ္ ျပန္လည္ ျမင္ ေတြ႕ခ်င္ ေနပါတယ္။ အာစင္ဝင္းဂါး ကေတာ့ NBS သတင္း ဌာနနဲ႕ ျပဳလုပ္ ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ “တကယ္လို႔ သူတို႔ ကသာ ကြၽန္ေတာ့္ကို လိုအပ္ တယ္ ဆိုရင္ ကြၽန္ေတာ္က သူတို႔ကို ကူညီ သြားမွာပါ” ဆိုၿပီး ေျပာၾကား သြား ပါတယ္။ အာဆင္ဝင္းဂါး အေန နဲ႕လဲ သူ တည္ေဆာက္ ခဲ့တဲ့ ကလပ္ အသင္းရဲ႕ က်ရႈံးမႈကို ျမင္ေတြ႕ လိုျခင္း မရွိပဲ အသင္း နည္းျပ အျဖစ္ ျပန္လည္ တာဝန္ ယူလို လ်က္ ရွိေန ပါတယ္ ။