Spots news

ဆောက်သမ်တန်ကို အငှားနဲ့ ပြောင်းရွေ့ကစားဖို့ရှိနေတဲ့ ယူနိုက်တက်လူငယ် ဘရန်ဒန်ဝီလီယံစ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လူငယ်နောက်ခံလူ ဘရန်ဒန်ဝီလီယံစ်ဟာ ဆောက်သမ်တန်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ အခြေအနေရှိနေပြီ ဖြစ်ကြောင်း နှစ်ဖက်အသင်းနဲ့ နီးစပ်သူများက အတည်ပြုပြောကြားလိုက်ပါတယ်။

အသက်(၂၀)သာရှိသေးတဲ့ လူငယ် အစွန် နောက်ခံလူ ဘရန်ဒန်ဝီလီယံစ်ဟာ ၂၀၁၉-၂၀ ရာသီတုန်းက စီနီယာအသင်းအတွက်ပွဲထွက်ခွင့်ရခဲ့ပြီး အဲဒီရာသီမှာ ပြိုင်ပွဲစုံ(၃၆)ပွဲအထိကစားခွင့်ရခဲ့ပါတယ်။

သိုပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ လုခ်ရှော၊ ဘစ်ဆာကာတို့ ခြေစွမ်းပြခဲ့တာနဲ့အတူ အရန်စာရင်းမှာ တဲလက်စ်လည်းရှိနေတာကြောင့် ဘရန်ဒန်ဝီလီယံစ်အတွက် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သလို ပရီးမီးယားလိဂ်(၄)ပွဲအပါအဝင် ပြိုင်ပွဲစုံ (၁၄)ပွဲသား ပါဝင်ကစားခဲ့ရပါတယ်။

အဲဒါကြောင့် ဘရန်ဒန်ဝီလီယံစ်ဟာ သူ့ခြေစွမ်းတိုးတက်ဖို့အတွက် ပုံမှန်ကစားခွင့်ရမယ့်အသင်းတစ်သင်းဆီ ပြောင်းရွှေ့လိုနေပြီး အခု ဆောက်သမ်တန်းအသင်းကို အငှားနဲ့ပြောင်းရွှေ့ဖို့ နီးစပ်နေပါပြီ။

ဆောက်သမ်တန်အသင်းဟာ ပြီးခဲ့တဲ့နှစ်၊နွေရာသီကတည်းက ဘရန်ဒန်ဝီလီယံစ်ကို အငှားနဲ့ခေါ်ယူဖို့ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်အသင်းက ဘစ်ဆာကာရဲ့အရန်အဖြစ်အသုံးပြုဖို့ ဆန္ဒရှိနေတာကြောင့်

ငြင်းဆန်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ညာနောက်ခံလူတစ်ဦးရှာဖွေနေပြီဖြစ်တဲ့အပြင် ဘရန်ဒန်ဝီလီယံစ်ရဲ့ ဆန္ဒအရ ဆောက်သမ်တန်အသင်းဆီ အငှားနဲ့ပြောင်းရွှေ့ဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ အဂၤလန္လူငယ္ေနာက္ခံလူ ဘရန္ဒန္ဝီလီယံစ္ဟာ ေဆာက္သမ္တန္အသင္းဆီ အငွားနဲ႕ ေျပာင္းေ႐ႊ႕ဖို႔ အေျခအေနရွိေနၿပီ ျဖစ္ေၾကာင္း ႏွစ္ဖက္အသင္းနဲ႕ နီးစပ္သူမ်ားက အတည္ျပဳေျပာၾကားလိုက္ပါတယ္။

အသက္(၂၀)သာရွိေသးတဲ့ လူငယ္ အစြန္ ေနာက္ခံလူ ဘရန္ဒန္ဝီလီယံစ္ဟာ ၂၀၁၉-၂၀ ရာသီတုန္းက စီနီယာအသင္းအတြက္ပြဲထြက္ခြင့္ရခဲ့ၿပီး အဲဒီရာသီမွာ ၿပိဳင္ပြဲစုံ(၃၆)ပြဲအထိကစားခြင့္ရခဲ့ပါတယ္။

သိုေပမယ့္ ၿပီးခဲ့တဲ့ရာသီမွာေတာ့ လုခ္ေရွာ၊ ဘစ္ဆာကာတို႔ ေျခစြမ္းျပခဲ့တာနဲ႕အတူ အရန္စာရင္းမွာ တဲလက္စ္လည္းရွိေနတာေၾကာင့္ ဘရန္ဒန္ဝီလီယံစ္အတြက္ ပြဲထြက္ခြင့္ေပ်ာက္ဆုံးခဲ့သလို ပရီးမီးယားလိဂ္(၄)ပြဲအပါအဝင္ ၿပိဳင္ပြဲစုံ (၁၄)ပြဲသား ပါဝင္ကစားခဲ့ရပါတယ္။

အဲဒါေၾကာင့္ ဘရန္ဒန္ဝီလီယံစ္ဟာ သူ႕ေျခစြမ္းတိုးတက္ဖို႔အတြက္ ပုံမွန္ကစားခြင့္ရမယ့္အသင္းတစ္သင္းဆီ ေျပာင္းေ႐ႊ႕လိုေနၿပီး အခု ေဆာက္သမ္တန္းအသင္းကို အငွားနဲ႕ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနပါၿပီ။

ေဆာက္သမ္တန္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္၊ေႏြရာသီကတည္းက ဘရန္ဒန္ဝီလီယံစ္ကို အငွားနဲ႕ေခၚယူဖို႔ကမ္းလွမ္းခဲ့ေပမယ့္ ယူနိုက္တက္အသင္းက ဘစ္ဆာကာရဲ႕အရန္အျဖစ္အသုံးျပဳဖို႔ ဆႏၵရွိေနတာေၾကာင့္

ျငင္းဆန္ခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ ညာေနာက္ခံလူတစ္ဦးရွာေဖြေနၿပီျဖစ္တဲ့အျပင္ ဘရန္ဒန္ဝီလီယံစ္ရဲ႕ ဆႏၵအရ ေဆာက္သမ္တန္အသင္းဆီ အငွားနဲ႕ေျပာင္းေ႐ႊ႕ဖို႔ ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။