Unicode Version
ဘရာဇီးလ်အသင်းနဲ့အတူ ကိုပါအမေရိကဖလား ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုင်တက် ကွင်းလယ် ကစားသမား ဖရက်ဒ်ကို မိုက်ခ်ဖီလန်က ချီးကျူးလိုက်ပါတယ်။
အင်္ဂါနေ့က ဘရာဇီးလ်အသင်းက ပီရူးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်မှာ ယူနိုက်တက်ကွင်းလယ်ကစားသမားဟာ ဘရာဇီးလ်အသင်းအတွက် ၈၅ မိနစ်အထိ ကစားပေးခဲ့ပါတယ်။ ဒါ့ကြောင့် ယူနိုက်တက်အသင်းရဲ့ လက်ထောက်နည်းပြကြီး ဖီလန်က ဖရက်ဒ်ကို လူမှုကွန်ရက်ပေါ်မှာ ချီးကျူးသွားခဲ့ပါတယ်။
ဖီလန်က “ကိုပါအမေရိကဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ် ဖရက်ဒ်” လို့ Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။ ဖရက်ဒ်ဟာ ကိုပါအမေရိကပြိုင်ပွဲအတွင်း ဘရာဇီးလ်အသင်းရဲ့ ပွဲစဥ်ခြောက်ပွဲမှာ ငါးပွဲအထိ ပွဲထွက်ကစားခွင့် ရရှိထားပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။
အုပ်စုအဆင့်ပွဲစဥ်မှာလည်း ဘရာဇီးလ်အသင်းဟာ ပီရူးအသင်းနဲ့ တွေ့ဆုံခဲ့ပြီး ၄-၀ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ယင်းပွဲစဥ်မှာ ယူနိုက်တက်ကွင်းလယ်ကစားသမားက ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။
ယူနိုက်တက်ကစားသမားဘဝ အစပိုင်းတုန်းကလည်း ဖရက်ဒ်ဟာ ခြေစွမ်းကောင်းတွေပြသဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့နှစ်တွေက အင်္ဂလိပ်ဘောလုံးလောကနဲ့ တဖြေးဖြေး အသားကျလာခဲ့ပြီး စွဲမက်ဖွယ်ကောင်းတဲ့ ကစားပုံတွေနဲ့ ကစားပြနိုင်ခဲ့ပါတယ်။
သရဲနီတွေဟာ ကွင်းလယ်ပိုင်းမှာ ပွဲထွက်ခွင့်အတွက် ဖရက်ဒ်နဲ့အားပြိုင်ဖို့ ဒွန်နီဗန်ဒီဘိခ်ကို ပြီးခဲ့တဲ့နှစ်က ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဒတ်ချ်ကစားသမားကတော့ ဖရက်ဒ်ရဲ့နောက် အရန်ကစားသမားသာ ဖြစ်နေပါတယ်။
လာမယ့်ဘောလုံးရာသီမှာလည်း ဖရက်ဒ်အနေနဲ့ ယူနိုက်တက်အတွက် ခြေစွမ်းကောင်းတွေ ဆက်လက် ပြသနိုင်ဖို့ မျှော်လင့်ရပါတယ်။
Zawgyi Version
ဘရာဇီးလ္အသင္းနဲ႕အတူ ကိုပါအေမရိကဖလား ဗိုလ္လုပြဲသို႔ တက္ေရာက္နိုင္ခဲ့တဲ့ မန္ခ်က္စတာ ယူနိုင္တက္ ကြင္းလယ္ ကစားသမား ဖရက္ဒ္ကို မိုက္ခ္ဖီလန္က ခ်ီးက်ဴးလိုက္ပါတယ္။
အဂၤါေန႕က ဘရာဇီးလ္အသင္းက ပီ႐ူးအသင္းကို ၁-၀ ဂိုးနဲ႕ အနိုင္ရရွိခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ယူနိုက္တက္ကြင္းလယ္ကစားသမားဟာ ဘရာဇီးလ္အသင္းအတြက္ ၈၅ မိနစ္အထိ ကစားေပးခဲ့ပါတယ္။ ဒါ့ေၾကာင့္ ယူနိုက္တက္အသင္းရဲ႕ လက္ေထာက္နည္းျပႀကီး ဖီလန္က ဖရက္ဒ္ကို လူမႈကြန္ရက္ေပၚမွာ ခ်ီးက်ဴးသြားခဲ့ပါတယ္။
ဖီလန္က “ကိုပါအေမရိကဖလား ဗိုလ္လုပြဲကို တက္ေရာက္နိုင္ခဲ့လို႔ ဂုဏ္ယူပါတယ္ ဖရက္ဒ္” လို႔ Twitter ေပၚမွာ ေရးသားခဲ့ပါတယ္။ ဖရက္ဒ္ဟာ ကိုပါအေမရိကၿပိဳင္ပြဲအတြင္း ဘရာဇီးလ္အသင္းရဲ႕ ပြဲစဥ္ေျခာက္ပြဲမွာ ငါးပြဲအထိ ပြဲထြက္ကစားခြင့္ ရရွိထားၿပီး ေျခစြမ္းေကာင္းေတြ ျပသနိုင္ခဲ့ပါတယ္။
အုပ္စုအဆင့္ပြဲစဥ္မွာလည္း ဘရာဇီးလ္အသင္းဟာ ပီ႐ူးအသင္းနဲ႕ ေတြ႕ဆုံခဲ့ၿပီး ၄-၀ ဂိုးနဲ႕ အနိုင္ယူခဲ့ပါတယ္။ ယင္းပြဲစဥ္မွာ ယူနိုက္တက္ကြင္းလယ္ကစားသမားက ဂိုးဖန္တီးမႈတစ္ႀကိမ္ ျပဳလုပ္ေပးခဲ့ပါတယ္။
ယူနိုက္တက္ကစားသမားဘဝ အစပိုင္းတုန္းကလည္း ဖရက္ဒ္ဟာ ေျခစြမ္းေကာင္းေတြျပသဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ဒါေပမယ့္ သူဟာ ၿပီးခဲ့တဲ့ႏွစ္ေတြက အဂၤလိပ္ေဘာလုံးေလာကနဲ႕ တေျဖးေျဖး အသားက်လာခဲ့ၿပီး စြဲမက္ဖြယ္ေကာင္းတဲ့ ကစားပုံေတြနဲ႕ ကစားျပနိုင္ခဲ့ပါတယ္။
သရဲနီေတြဟာ ကြင္းလယ္ပိုင္းမွာ ပြဲထြက္ခြင့္အတြက္ ဖရက္ဒ္နဲ႕အားၿပိဳင္ဖို႔ ဒြန္နီဗန္ဒီဘိခ္ကို ၿပီးခဲ့တဲ့ႏွစ္က ေခၚယူခဲ့ပါတယ္။ ဒါေပမယ့္ ဒတ္ခ်္ကစားသမားကေတာ့ ဖရက္ဒ္ရဲ႕ေနာက္ အရန္ကစားသမားသာ ျဖစ္ေနပါတယ္။
လာမယ့္ေဘာလုံးရာသီမွာလည္း ဖရက္ဒ္အေနနဲ႕ ယူနိုက္တက္အတြက္ ေျခစြမ္းေကာင္းေတြ ဆက္လက္ ျပသနိုင္ဖို႔ ေမွ်ာ္လင့္ရပါတယ္။