Spots news

မြင့်မားလှတဲ့ ပြောင်းရွေ့ကြေးနဲ့ ဟာလန်းကို ကမ်းလှမ်းမှုပြုလုပ်မယ့် ချယ်လ်ဆီး

Unicode Version

ချယ်လ်ဆီးအသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90Min သတင်းဌာနက အခိုင်အမာ ဖော်ပြသွားပါတယ်။

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိက အင်အားဖြည့်တင်းဖို့ စီစဉ်ထားတဲ့ အသင်း ဖြစ်ပြီး လတ်တလောမှာတော့ ဒေါ့မွန်လူငယ် တိုက်စစ်မှူး ဟာလန်းနဲ့ စပါးအသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းတို့ဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ်တွေပဲ ဖြစ်ပါတယ်။

စပါးအသင်းဟာ ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း ပေးချေမှ ရောင်းချဖို့ ဆုံးဖြတ်ထားသလို ချယ်လ်ဆီးအသင်းဟာ စပါးအသင်းရဲ့ မြို့ခံပြိုင်ဘက် ဖြစ်တာကြောင့်

ဟယ်ရီကိန်းအနေနဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ မဖြစ်နိုင်တာကြောင့် ချယ်လ်ဆီးအသင်းဟာ ဒေါ့မွန်အသင်းရဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ဦးစားပေး ကြိုးစားနေတာပါ။

90Minရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ လာမယ့် ရက်ပိုင်း အတွင်းမှာပဲ ဟာလန်းအတွက် တရားဝင် ကမ်းလှမ်းမှု တခုကို ပြုလုပ်ဖို့ စီစဉ်နေကာ ဟာလန်းအတွက် ဒေါ့မွန်အသင်းက မငြင်းဆန်နိုင်တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်းနဲ့ စတင် ကမ်းလှမ်းမယ်လို့ သိရပါတယ်။

ဒေါ့မွန်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၇၃သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှု

ရယူထားတာကြောင့် ဟာလန်းကို အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့ ဆန္ဒရှိနေပေမယ့် အကယ်၍ ချယ်လ်ဆီးအသင်းကသာ ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း အထိ ပေးမယ်လို့ ကမ်းလှမ်းလာပါက ဟာလန်းကို ရောင်းချဖွယ် ရှိနေပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းဟာ ဂ်ာမန္ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းရဲ႕ ေနာ္ေဝ လူငယ္ တိုက္စစ္မႉး ဟာလန္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၅၀သန္းနဲ႕ ကမ္းလွမ္းဖို႔ စီစဥ္ေနေၾကာင္း နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ 90Min သတင္းဌာနက အခိုင္အမာ ေဖာ္ျပသြားပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ အသင္းရဲ႕ တိုက္စစ္ပိုင္းကို အဓိက အင္အားျဖည့္တင္းဖို႔ စီစဥ္ထားတဲ့ အသင္း ျဖစ္ၿပီး လတ္တေလာမွာေတာ့ ေဒါ့မြန္လူငယ္ တိုက္စစ္မႉး ဟာလန္းနဲ႕ စပါးအသင္းကေန ထြက္ခြာဖို႔ ႀကိဳးစားေနတဲ့ တိုက္စစ္မႉး ဟယ္ရီကိန္းတို႔ဟာ သူတို႔အသင္းရဲ႕ အဓိက ပစ္မွတ္ေတြပဲ ျဖစ္ပါတယ္။

စပါးအသင္းဟာ ဟယ္ရီကိန္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၅၀သန္း ေပးေခ်မွ ေရာင္းခ်ဖိဳ႕ ဆုံးျဖတ္ထားသလို ခ်ယ္လ္ဆီးအသင္းဟာ စပါးအသင္းရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ ျဖစ္တာေၾကာင့္

ဟယ္ရီကိန္းအေနနဲ႕ ခ်ယ္လ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ မျဖစ္နိုင္တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းဟာ ေဒါ့မြန္အသင္းရဲ႕ ေနာ္ေဝ လူငယ္ တိုက္စစ္မႉး ဟာလန္းကို ေခၚယူဖို႔ ဦးစားေပး ႀကိဳးစားေနတာပါ။

90Minရဲ႕ ေဖာ္ျပခ်က္အရ ခ်ယ္လ္ဆီးအသင္းဟာ လာမယ့္ ရက္ပိုင္း အတြင္းမွာပဲ ဟာလန္းအတြက္ တရားဝင္ ကမ္းလွမ္းမႈ တခုကို ျပဳလုပ္ဖို႔ စီစဥ္ေနကာ ဟာလန္းအတြက္ ေဒါ့မြန္အသင္းက မျငင္းဆန္နိုင္တဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၅၀သန္းနဲ႕ စတင္ ကမ္းလွမ္းမယ္လို႔ သိရပါတယ္။

ေဒါ့မြန္အသင္းဟာ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ အသင္းရဲ႕ အဂၤလန္ လူငယ္ ေတာင္ပံ ကစားသမား ေဂ်ဒန္ ဆန္ခ်ိဳကို မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၃သန္းနဲ႕ ေရာင္းခ်ဖိဳ႕ သေဘာတူညီမႈ

ရယူထားတာေၾကာင့္ ဟာလန္းကို အသင္းမွာ ဆက္လက္ ထိန္းသိမ္းဖို႔ ဆႏၵရွိေနေပမယ့္ အကယ္၍ ခ်ယ္လ္ဆီးအသင္းကသာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၅၀သန္း အထိ ေပးမယ္လို႔ ကမ္းလွမ္းလာပါက ဟာလန္းကို ေရာင္းခ်ဖြယ္ ရွိေနပါတယ္။