Spots news

ဆန်ချိုနဲ့အတူ ပြောင်းရွေ့လာဖို့ ဟာလန်းကို တိုက်တွန်းခဲ့တဲ့ ယူနိုက်တက်ပရိတ်သတ်များ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကာလရှည် ပစ်မှတ်ဖြစ်တဲ့ ဆန်ချိုကို ပြောင်းရွေ့ကြေး ပေါင်(၇၃)သန်းနဲ့ တရားဝင် ခေါ်ယူနိုင်လိုက်ပြီဖြစ်ကာ လက်ရှိကျင်းပလို့နေတဲ့ ယူရို-၂၀၂၀ပြိုင်ပွဲအပြီးမှာပဲ အပြောင်းအရွေ့ကို အပြီးသတ် ထုတ်ပြန်လာတော့မှာဖြစ်ပါတယ်။

ဆန်ချိုဟာ ယူနိုက်တက်အသင်းရဲ့ ကာလရှည်ကြာ ပစ်မှတ်ထားခဲ့ရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ အခုတော့ ဆန်ချိုဟာ ယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ယောက် အမှန်တကယ် ဖြစ်လာခဲ့ရပါပြီ။

ယူနိုက်တက်အသင်းနဲ့ ပရိတ်သတ်တွေကတော့ စိတ်ကျေနပ်နေပေမယ့် သူရဲ့ဒေါ့မွန်အသင်းဖော်ဟောင်းတွေနဲ့ ဒေါ့မွန်ပရိသတ်တွေအတွက်ကတော့ တကယ့်ကို ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်စေခဲ့ရပါတယ်။

ဒေါ့မွန်အသင်းမှာ ဆန်ချိုနဲ့ (၁၈)လဝန်းကျင်လောက်အထိ တွဲဖက်ကစားခဲ့ဖူးတဲ့ နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်းဟာလန်းဆိုရင်လည်း အသင်းမှာ သူနဲ့ တွဲဖက်အမိဆုံးသော

အသင်းဖော်ဆန်ချိုနဲ့ လက်တွဲဖြုတ်လိုက်ရတဲ့အပေါ် ဝမ်းနည်းလျက် ရှိနေပြီး ဆန်ချိုရဲ့ အင်စတာဂရမ်ပေါ်ကနေ ဓါတ်ပုံတစ်ပုံမှာပါ မျက်ရည်ကျနေတဲ့ Emoji လေးတစ်ခုကိုပါ Comment ပေးသွားခဲ့ပါတယ်။

ဒီ Comment ကို ယူနိုက်တက်ပရိသတ်များစွာက သတိထားမိသွားခဲ့ပြီး ဟာလန်းအနေနဲ့ သူရဲ့အသင်းဖော်ဆန်ချိုကို လွမ်းဆွတ်နေမယ့်အစား ဆန်ချိုရောက်ရှိနေတဲ့ ယူနိုက်တက်အသင်းဆီကို

ပြောင်းရွေ့လာပြီး ဆန်ချိုနဲ့ လာရောက်ပူးပေါင်းသင့်တယ်လို့ မှတ်ချက်ပြု ရေးသားခဲ့ကြသလို ယူနိုက်တက်အသင်းဆီ ပြောင်းရွေ့လာဖို့ ပရိသတ်တွေက တိုက်တွန်းခဲ့ကြပါတယ်။

လက်ရှိမှာလည်း ဟာလန်းကို ယူနိုက်တက်အသင်း အပါအဝင် မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတွေကလည်း အပြိုင်စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးအသင်းကတော့ ဟာလန်းကို အတော်လေး အလိုရှိနေပါတယ်။

သို့ပေမယ့် ဆန်ချိုကို လက်လွတ်ထားရတဲ့ ဒေါ့မွန်အသင်းကတော့ ချက်ချင်းဆိုသလို ဟာလန်းကိုပါ ထပ်မံလက်လွတ်သွားဖို့က မဖြစ်နိုင်တာမို့ ၂၀၂၂ခုနှစ်မှသာ အသင်းကနေ ထွက်ခွာခွင့်ပြုဖွယ် ရှိနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ ကာလရွည္ ပစ္မွတ္ျဖစ္တဲ့ ဆန္ခ်ိဳကို ေျပာင္းေ႐ြ႕ေၾကး ေပါင္(၇၃)သန္းနဲ႕ တရားဝင္ ေခၚယူနိုင္လိုက္ၿပီျဖစ္ကာ လက္ရွိက်င္းပလို႔ေနတဲ့ ယူရို-၂၀၂၀ၿပိဳင္ပြဲအၿပီးမွာပဲ အေျပာင္းအေ႐ြ႕ကို အၿပီးသတ္ ထုတ္ျပန္လာေတာ့မွာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ ယူနိုက္တက္အသင္းရဲ႕ ကာလရွည္ၾကာ ပစ္မွတ္ထားခဲ့ရတဲ့ ကစားသမားတစ္ေယာက္ျဖစ္ၿပီးေတာ့ အခုေတာ့ ဆန္ခ်ိဳဟာ ယူနိုက္တက္အသင္းရဲ႕ ကစားသမားတစ္ေယာက္ အမွန္တကယ္ ျဖစ္လာခဲ့ရပါၿပီ။

ယူနိုက္တက္အသင္းနဲ႕ ပရိတ္သတ္ေတြကေတာ့ စိတ္ေက်နပ္ေနေပမယ့္ သူရဲ႕ေဒါ့မြန္အသင္းေဖာ္ေဟာင္းေတြနဲ႕ ေဒါ့မြန္ပရိသတ္ေတြအတြက္ကေတာ့ တကယ့္ကို ဆုံးရႈံးမႈႀကီးတစ္ခု ျဖစ္ေစခဲ့ရပါတယ္။

ေဒါ့မြန္အသင္းမွာ ဆန္ခ်ိဳနဲ႕ (၁၈)လဝန္းက်င္ေလာက္အထိ တြဲဖက္ကစားခဲ့ဖူးတဲ့ ေနာ္ေဝလက္ေ႐ြးစင္ တိုက္စစ္မႉး အာလင္းဟာလန္းဆိုရင္လည္း အသင္းမွာ သူနဲ႕ တြဲဖက္အမိဆုံးေသာ

အသင္းေဖာ္ဆန္ခ်ိဳနဲ႕ လက္တြဲျဖဳတ္လိုက္ရတဲ့အေပၚ ဝမ္းနည္းလ်က္ ရွိေနၿပီး ဆန္ခ်ိဳရဲ႕ အင္စတာဂရမ္ေပၚကေန ဓါတ္ပုံတစ္ပုံမွာပါ မ်က္ရည္က်ေနတဲ့ Emoji ေလးတစ္ခုကိုပါ Comment ေပးသြားခဲ့ပါတယ္။

ဒီ Comment ကို ယူနိုက္တက္ပရိသတ္မ်ားစြာက သတိထားမိသြားခဲ့ၿပီး ဟာလန္းအေနနဲ႕ သူရဲ႕အသင္းေဖာ္ဆန္ခ်ိဳကို လြမ္းဆြတ္ေနမယ့္အစား ဆန္ခ်ိဳေရာက္ရွိေနတဲ့ ယူနိုက္တက္အသင္းဆီကို

ေျပာင္းေ႐ြ႕လာၿပီး ဆန္ခ်ိဳနဲ႕ လာေရာက္ပူးေပါင္းသင့္တယ္လို႔ မွတ္ခ်က္ျပဳ ေရးသားခဲ့ၾကသလို ယူနိုက္တက္အသင္းဆီ ေျပာင္းေ႐ြ႕လာဖို႔ ပရိသတ္ေတြက တိုက္တြန္းခဲ့ၾကပါတယ္။

လက္ရွိမွာလည္း ဟာလန္းကို ယူနိုက္တက္အသင္း အပါအဝင္ မန္စီးတီးနဲ႕ ခ်ယ္လ္ဆီးအသင္းေတြကလည္း အၿပိဳင္စိတ္ဝင္စားေနၾကၿပီး ခ်ယ္လ္ဆီးအသင္းကေတာ့ ဟာလန္းကို အေတာ္ေလး အလိုရွိေနပါတယ္။

သို႔ေပမယ့္ ဆန္ခ်ိဳကို လက္လြတ္ထားရတဲ့ ေဒါ့မြန္အသင္းကေတာ့ ခ်က္ခ်င္းဆိုသလို ဟာလန္းကိုပါ ထပ္မံလက္လြတ္သြားဖို႔က မျဖစ္နိုင္တာမို႔ ၂၀၂၂ခုႏွစ္မွသာ အသင္းကေန ထြက္ခြာခြင့္ျပဳဖြယ္ ရွိေနပါတယ္။