Spots news

ပေါ့ဘာကိုခေါ်ယူနိုင်ဖို့ အသင်းရဲ့ ကစားသမားအချို့ကို ရောင်းထုတ်သွားရမယ့် ပီအက်စ်ဂျီ

Unicode Version

ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ယောက်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူသွားနိုင်ဖို့အတွက်

အရင်ဦးဆုံး အသင်းက ကစားသမားတချို့ကို ရောင်းထုတ်သွားဖို့ လိုအပ်ကြောင်း ပြင်သစ်အခြေစိုက် သတင်းမီဒီယာများက ဖော်ပြသွားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လက်ရှိဈေးကွက်မှာပဲ နယ်သာလန် ကွင်းလယ်လူ ဝိုင်နယ်ဒမ်း မော်ရိုကို နောက်ခံအစွန်လူ ဟာခီမီနဲ့ စပိန်ဝါရင့် နောက်ခံလူကြီး ရာမို့စ်တို့ကို ခေါ်ယူထားနိုင်ခဲ့တဲ့အပြင် အီတလီဂိုးသမား ဒွန်နာရမ်မာကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဒီလို ကစားသမားများစွာကို ခေါ်ယူထားတဲ့ ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ လူခေါ်မှုကို ဆက်လက်လုပ်ဆောင်သွားချင်နေသေးပြီး လက်ရှိမှာလည်း ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ပေါ့ဘာကိုပါ အရခေါ်ယူချင်နေပါတယ်။

ယူရိုပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသထားတဲ့ ပေါ့ဘာကို ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌဖြစ်သူ အယ်ခါလိုင်ဖီကိုယ်တိုင်

အလိုရှိနေတာဖြစ်ပြီး ပေါ့ဘာလို အရည်အသွေးမြင့်မားတဲ့ ကစားသမားတစ်ဦးနဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားမြင့်တင်ချင်နေတာ ဖြစ်ပါတယ်။

သို့ပေမယ့် ပီအက်စ်ဂျီအသင်းဟာ ကစားသမား ခေါ်ယူမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်လို့ အသင်းရဲ့ ဘဏ္ဍာရေးဟန်ချက် ညီမျှနေစေဖို့အတွက် ကစားသမားတချို့ကို

ရောင်းထုတ်သွားဖို့ လိုအပ်နေပြီး ပေါ့ဘာသာ ရောက်ရှိလာရင် နေရာပျောက်ဆုံးဖွယ်ရှိတဲ့ ကွင်းလယ်လူဂေးယီကို ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

ပြင်သစ်နာမည်ကျော် L’Equipe သတင်းစာရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ပေါ့ဘာရဲ့ အပြောင်းအရွေ့အတွက်

အပြီးသတ် လုပ်ဆောင်သွားဖွယ် ရှိပြီး ကစားသမားကိုယ်တိုင်ကလည်း ပြင်သစ်မြေမှာ ကစားချင်နေတဲ့အတွက် ပီအက်စ်ဂျီဆီ ပြောင်းရွေ့ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဘက်တော့ ပေါ့ဘာကို အသင်းကနေ ရောင်းမချသွားချင်ပေမယ့် အသင်းမှာ ဆက်လက်ထားမယ်ဆိုရင်လည်း သက်တမ်းတိုးလို့မရနိုင်တဲ့အခါမှာ

လာမယ့်နှစ်အတွင်း အလွတ်ပြောင်းရွေ့ကြေးနဲ့ ဆုံးရှုံးရဖွယ် ရှိနေတာကြောင့် ဒီနွေမှာပဲ ပေါင်သန်း(၆၀)ဝန်းကျင်လောက်နဲ့ ရောင်းချသွားနိုင်ပါတယ်။

Zawgyi Version

ပီအက္စ္ဂ်ီအသင္းဟာ အသင္းရဲ႕ ပစ္မွတ္ကစားသမားတစ္ေယာက္ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာကို ေခၚယူသြားနိုင္ဖို႔အတြက္

အရင္ဦးဆုံး အသင္းက ကစားသမားတခ်ိဳ႕ကို ေရာင္းထုတ္သြားဖို႔ လိုအပ္ေၾကာင္း ျပင္သစ္အေျခစိုက္ သတင္းမီဒီယာမ်ားက ေဖာ္ျပသြားပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ လက္ရွိေဈးကြက္မွာပဲ နယ္သာလန္ ကြင္းလယ္လူ ဝိုင္နယ္ဒမ္း ေမာ္ရိုကို ေနာက္ခံအစြန္လူ ဟာခီမီနဲ႕ စပိန္ဝါရင့္ ေနာက္ခံလူႀကီး ရာမို႔စ္တို႔ကို ေခၚယူထားနိုင္ခဲ့တဲ့အျပင္ အီတလီဂိုးသမား ဒြန္နာရမ္မာကိုလည္း ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။

ဒီလို ကစားသမားမ်ားစြာကို ေခၚယူထားတဲ့ ပီအက္စ္ဂ်ီအသင္းဟာ သူတို႔ရဲ႕ လူေခၚမႈကို ဆက္လက္လုပ္ေဆာင္သြားခ်င္ေနေသးၿပီး လက္ရွိမွာလည္း ယူနိုက္တက္ရဲ႕ ကြင္းလယ္လူ ေပါ့ဘာကိုပါ အရေခၚယူခ်င္ေနပါတယ္။

ယူရိုၿပိဳင္ပြဲမွာ ျပင္သစ္အသင္းအတြက္ အေကာင္းဆုံး ေျခစြမ္းေတြ ျပသထားတဲ့ ေပါ့ဘာကို ပီအက္စ္ဂ်ီအသင္းရဲ႕ ဥကၠဌျဖစ္သူ အယ္ခါလိုင္ဖီကိုယ္တိုင္

အလိုရွိေနတာျဖစ္ၿပီး ေပါ့ဘာလို အရည္အေသြးျမင့္မားတဲ့ ကစားသမားတစ္ဦးနဲ႕ အသင္းရဲ႕ ကြင္းလယ္ပိုင္းကို အင္အားျမင့္တင္ခ်င္ေနတာ ျဖစ္ပါတယ္။

သို႔ေပမယ့္ ပီအက္စ္ဂ်ီအသင္းဟာ ကစားသမား ေခၚယူမႈေတြ ဆက္တိုက္လုပ္ေဆာင္ေနတာျဖစ္လို႔ အသင္းရဲ႕ ဘ႑ာေရးဟန္ခ်က္ ညီမွ်ေနေစဖို႔အတြက္ ကစားသမားတခ်ိဳ႕ကို

ေရာင္းထုတ္သြားဖို႔ လိုအပ္ေနၿပီး ေပါ့ဘာသာ ေရာက္ရွိလာရင္ ေနရာေပ်ာက္ဆုံးဖြယ္ရွိတဲ့ ကြင္းလယ္လူေဂးယီကို ေရာင္းထုတ္သြားဖြယ္ ရွိေနပါတယ္။

ျပင္သစ္နာမည္ေက်ာ္ L’Equipe သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအသင္းအေနနဲ႕ လာမယ့္ရက္ပိုင္းအတြင္းမွာပဲ ေပါ့ဘာရဲ႕ အေျပာင္းအေ႐ြ႕အတြက္

အၿပီးသတ္ လုပ္ေဆာင္သြားဖြယ္ ရွိၿပီး ကစားသမားကိုယ္တိုင္ကလည္း ျပင္သစ္ေျမမွာ ကစားခ်င္ေနတဲ့အတြက္ ပီအက္စ္ဂ်ီဆီ ေျပာင္းေ႐ြ႕ဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။

ယူနိုက္တက္ဘက္ေတာ့ ေပါ့ဘာကို အသင္းကေန ေရာင္းမခ်သြားခ်င္ေပမယ့္ အသင္းမွာ ဆက္လက္ထားမယ္ဆိုရင္လည္း သက္တမ္းတိုးလို႔မရနိုင္တဲ့အခါမွာ

လာမယ့္ႏွစ္အတြင္း အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕ ဆုံးရႈံးရဖြယ္ ရွိေနတာေၾကာင့္ ဒီေႏြမွာပဲ ေပါင္သန္း(၆၀)ဝန္းက်င္ေလာက္နဲ႕ ေရာင္းခ်သြားနိုင္ပါတယ္။