Spots news

မန်ယူနိုက်တက် အသင်းမှာ အနာဂတ် အတွက် တိုက်ပွဲဝင်ကြရမယ့် ကစားသမား 4 ဦး

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ အနာဂတ်သေချာဖို့ အတွက် စွမ်းဆောင်ရည် ပြသဖို့ ကြိုးစားရတော့ကစားသမား အချို့ရှိနေပါတယ်။ သူတို့ရဲ့ အနာဂတ်ဟာ ယူနိုက်တက်နဲ့ သေချာရေရာမှု မရှိ‌နေတဲ့အတွက် အသင်းအတွက် ခြေစွမ်းပြပေးဖို့ မဖြစ်မနေလိုအပ်နေတဲ့ ကစားသမား 4 ဦးကတော့

(1) အန်သိုနီ မာရှယ်

အန်သိုနီ မာရှယ် ဆိုတာ ပါရမီ ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် ပေးဆပ်လိုစိတ်နဲ့ ခြေစွမ်းတွေကတော့ တည်ငြိမ်မှု အားနည်းနေတာ ထင်ရှားခဲ့ပါတယ် ။ သူဟာ ယူနိုက်တက်ရဲ့ နံပါတ် 9 ဂျာစီကို ဝတ်ဆင်ခွင့် ရရှိထားပေမဲ့ စွမ်းဆောင်ရည်ကတော့ ယူနိုက်တက် ပရိတ်သတ်တွေ အားမရသေးပါဘူး။

မာရှယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲစုံ 36 ပွဲထိ ကစားပေးခွင့် ရရှိထားခဲ့​ပေမဲ့ သွင်းဂိုး 7 ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ခြေစွမ်းကောင်း ပြနိုင်ခဲ့တဲ့ ဝါရင်ပ တိုက်စစ်မှူး ကာဗာနီကို တစ်ရာသီ စာချုပ် သက်တမ်း တိုးထားခဲ့ပါတယ် ။

အထောင် တိုက်စစ်အတွက် အားကိုးအားထား ပြုလို့ ရနိုင်တဲ့ မေဆွန် ဂရင်းဝုဒ် ကိုလည်း ယူနိုက်တက် တို့ဟာ ပိုင်ဆိုင် ထားတဲ့အတွက် မာရှယ် အနေနဲ့ နောက်ရာသီ ပွဲထွက်ခွင့်တွေ ရနိုင်ဖို့ ကြိုးစားမှုနဲ့ အတူ ခြေစွမ်းပြရ ပါတော့မယ် ။

(2) ဒွန်နီ ဗန်ဒီဘိခ်

ယူနိုက်တက်အတွက် ပွဲထွက် ကစားခွင့် ဘာမှ မရရှိခဲ့တဲ့ ဗန်ဒီ ဘိခ်ဟာ အသင်း ပြောင်းရွှေ့လိမ့်မယ်လို့ ထင်ကြေးပေးခံ နေခရပါတယ် ။ ဗန်ဒီဘိခ်ဟာ ယူနိုက်တက် အတွက် ပွဲဦးထွက်မှာပဲ ခရစ္စတယ် ပဲလေ့စ် အသင်းဖက် ဂိုးသွင်းပေးနိုင်ခဲ့သူပဲ ဖြစ်ပါတယ် ။

နောက်ပိုင်းမှာ ယူနိုက်တက် ခံစစ်မှာ ဖရက် နဲ့ တော်မီနေးတို့ လာခြင်း ၊ ပေါ့ဘာ Line Up ပြန်ဝင်လာခြင်းတွေကြောင့် သူဟာ ပွဲကစားချိန် မိနစ် အရမ်းကို နည်းပါး သွားခဲ့ရ ပါတယ် ။ နယ်သာလန် ဂန္ဓဝင် အချို့ကလည်း သူ့ကို အသင်းပြောင်းဖို့ တိုက်တွန်းနေပါသေးတယ် ။

(3) ဒေးဗစ် ဒီဂီယာ

8 နှစ်တာ အချိန်ကာလအတွင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို 4 ကြိမ် အထိ ဆွတ်ခူးထားတဲ့ ဂိုးသမား တစ်ဦး အကြောင်းကို အခုလို ပြောနေရတာက သိပ်တော့ ဘဝင်ကျစရာ မရှိလှပါဘူး ။ ဒီဂီယာ ဆိုတာ ကမ္ဘာ့အဆင့် ဂိုးသမား တစ်ဦးပါ ။

ဒါပေမဲ့ လွန်ခဲ့တဲ့ အချိန် 3 နှစ်တာ ကာလကိုမှာ ဒီဂီယာရဲ့ စွမ်းဆောင်ရည်တွေဟာ အနိမ့်အမြင့် အတက်အကျ များနေခဲ့တာ အားလုံးမြင်တွေ့ခဲ့ကြပါလိမ့်မယ် ။ အခုအချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ လက်စွမ်းကောင်းတဲ့ အကယ်ဒမီထွက် ဂိုးသမားလည်း ရှိနေခဲ့ပါပြီ ။

ဒါ့အပြင် နည်းပြ ဆိုးလ်ရှား အနေနဲ့ အနာဂတ်အတွက် ရည်ရွယ်ပြီး လူငယ်ကစားသမားလေးကိုသုံးစွဲသွားဖို့ အလေးသာနေတာမျိုးလည်းရှိနေပါတယ် ။ အခြားတဖက်မှာတော့ ဒီဂီယာဟာ ယူရို မှာလည်း စပိန် အသင်းအတွက် ပွဲထွက်ခွင့် မပိုင်ရခဲ့ပါဘ။ ဒီလို အနေအထားမှာ ယူနိုက်တက်အတွက် ပွဲထွက်ခွင့် ရဖို့ သူ့အနေနဲ့ သေချာပေါက် ကြိုးစားရပါတော့မယ် ။

(4) ဒန်နီရယ် ဂျိမ်းစ်

သူကတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းကတောင် ပွဲထွက်ကစားခွင့် အရမ်းကို နည်းပါးခဲ့ပါတယ် ။ အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဆန်ချိုပါ ရောက်ရှိလာခဲ့ပါပြီ ။ ဒါ့ကြောင့် ဂျိမ်းစ် အတွက် ပွဲထွက်ခွင့် အရမ်းကို နည်းပါးနေမှာ ထင်ရှားနေပါတယ် ။

သို့ပေမယ့် ဝေးလ် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့်တွေ ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ ဂျိမ်းစ်ဟာ ယူနိုက်တက်အတွက် ခြေစွမ်းပြနိုင်ကြောင်း သက်သေပြထားနိုင်ခဲ့ ပါတယ် ။ အခြားတဖက်မှာတော့ အင်္ဂလန်နဲ့ အတူ ဖိုင်နယ် ကစားရဖို့ ရှိနေကြတဲ့ ဆန်ချို နဲ့ ရပ်ရှ်ဖို့ တို့ဟာ ရာသီသစ် စတင်ပြီးမှ အသင်းနဲ့ ပူးပေါင်း နိုင်ကြပါလိမ့်မယ် ။

ထို့ကြောင့် ဂျိမ်းစ် အတွက် ရာသီကြို ပွဲစဥ်တွေ အပြင် ရာသီ အစပွဲစဥ်တွေ ကလည်း ပွဲထွက် ကစားခွင့် ရရှိစေနိုင်မယ့် အလားအလာ မြင်တွေ့နေရပါတယ် ။ ဒီလိုအခွင့်အရေးမျိုး ရရှိထားတုန်း ဂျိမ်းစ် အနေနဲ့ ပွဲထွက်ခွင့်နဲ့ ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြထားဖို့ လိုအပ်လှ ပါတယ် ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရရွိဖို႔ အနာဂတ္ေသခ်ာဖို႔ အတြက္ စြမ္းေဆာင္ရည္ ျပသဖို႔ ႀကိဳးစားရေတာ့ကစားသမား အခ်ိဳ႕ရွိေနပါတယ္။ သူတို႔ရဲ႕ အနာဂတ္ဟာ ယူနိုက္တက္နဲ႕ ေသခ်ာေရရာမႈ မရွိ‌ေနတဲ့အတြက္ အသင္းအတြက္ ေျခစြမ္းျပေပးဖို႔ မျဖစ္မေနလိုအပ္ေနတဲ့ ကစားသမား 4 ဦးကေတာ့

(1) အန္သိုနီ မာရွယ္

အန္သိုနီ မာရွယ္ ဆိုတာ ပါရမီ ေကာင္းတဲ့ ကစားသမား တစ္ဦး ျဖစ္ေပမယ့္ ေပးဆပ္လိုစိတ္နဲ႕ ေျခစြမ္းေတြကေတာ့ တည္ၿငိမ္မႈ အားနည္းေနတာ ထင္ရွားခဲ့ပါတယ္ ။ သူဟာ ယူနိုက္တက္ရဲ႕ နံပါတ္ 9 ဂ်ာစီကို ဝတ္ဆင္ခြင့္ ရရွိထားေပမဲ့ စြမ္းေဆာင္ရည္ကေတာ့ ယူနိုက္တက္ ပရိတ္သတ္ေတြ အားမရေသးပါဘူး။

မာရွယ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ၿပိဳင္ပြဲစုံ 36 ပြဲထိ ကစားေပးခြင့္ ရရွိထားခဲ့​ေပမဲ့ သြင္းဂိုး 7 ဂိုးသာ သြင္းယူေပးထားနိုင္ခဲ့ ပါတယ္ ။ ဒါ့အျပင္ ယူနိုက္တက္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ေျခစြမ္းေကာင္း ျပနိုင္ခဲ့တဲ့ ဝါရင္ပ တိုက္စစ္မႉး ကာဗာနီကို တစ္ရာသီ စာခ်ဳပ္ သက္တမ္း တိုးထားခဲ့ပါတယ္ ။

အေထာင္ တိုက္စစ္အတြက္ အားကိုးအားထား ျပဳလို႔ ရနိုင္တဲ့ ေမဆြန္ ဂရင္းဝုဒ္ ကိုလည္း ယူနိုက္တက္ တို႔ဟာ ပိုင္ဆိုင္ ထားတဲ့အတြက္ မာရွယ္ အေနနဲ႕ ေနာက္ရာသီ ပြဲထြက္ခြင့္ေတြ ရနိုင္ဖို႔ ႀကိဳးစားမႈနဲ႕ အတူ ေျခစြမ္းျပရ ပါေတာ့မယ္ ။

(2) ဒြန္နီ ဗန္ဒီဘိခ္

ယူနိုက္တက္အတြက္ ပြဲထြက္ ကစားခြင့္ ဘာမွ မရရွိခဲ့တဲ့ ဗန္ဒီ ဘိခ္ဟာ အသင္း ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ ထင္ေၾကးေပးခံ ေနခရပါတယ္ ။ ဗန္ဒီဘိခ္ဟာ ယူနိုက္တက္ အတြက္ ပြဲဦးထြက္မွာပဲ ခရစၥတယ္ ပဲေလ့စ္ အသင္းဖက္ ဂိုးသြင္းေပးနိုင္ခဲ့သူပဲ ျဖစ္ပါတယ္ ။

ေနာက္ပိုင္းမွာ ယူနိုက္တက္ ခံစစ္မွာ ဖရက္ နဲ႕ ေတာ္မီေနးတို႔ လာျခင္း ၊ ေပါ့ဘာ Line Up ျပန္ဝင္လာျခင္းေတြေၾကာင့္ သူဟာ ပြဲကစားခ်ိန္ မိနစ္ အရမ္းကို နည္းပါး သြားခဲ့ရ ပါတယ္ ။ နယ္သာလန္ ဂႏၶဝင္ အခ်ိဳ႕ကလည္း သူ႕ကို အသင္းေျပာင္းဖို႔ တိုက္တြန္းေနပါေသးတယ္ ။

(3) ေဒးဗစ္ ဒီဂီယာ

8 ႏွစ္တာ အခ်ိန္ကာလအတြင္း မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကို 4 ႀကိမ္ အထိ ဆြတ္ခူးထားတဲ့ ဂိုးသမား တစ္ဦး အေၾကာင္းကို အခုလို ေျပာေနရတာက သိပ္ေတာ့ ဘဝင္က်စရာ မရွိလွပါဘူး ။ ဒီဂီယာ ဆိုတာ ကမာၻ႔အဆင့္ ဂိုးသမား တစ္ဦးပါ ။

ဒါေပမဲ့ လြန္ခဲ့တဲ့ အခ်ိန္ 3 ႏွစ္တာ ကာလကိုမွာ ဒီဂီယာရဲ႕ စြမ္းေဆာင္ရည္ေတြဟာ အနိမ့္အျမင့္ အတက္အက် မ်ားေနခဲ့တာ အားလုံးျမင္ေတြ႕ခဲ့ၾကပါလိမ့္မယ္ ။ အခုအခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွာ လက္စြမ္းေကာင္းတဲ့ အကယ္ဒမီထြက္ ဂိုးသမားလည္း ရွိေနခဲ့ပါၿပီ ။

ဒါ့အျပင္ နည္းျပ ဆိုးလ္ရွား အေနနဲ႕ အနာဂတ္အတြက္ ရည္႐ြယ္ၿပီး လူငယ္ကစားသမားေလးကိုသုံးစြဲသြားဖို႔ အေလးသာေနတာမ်ိဳးလည္းရွိေနပါတယ္ ။ အျခားတဖက္မွာေတာ့ ဒီဂီယာဟာ ယူရို မွာလည္း စပိန္ အသင္းအတြက္ ပြဲထြက္ခြင့္ မပိုင္ရခဲ့ပါဘ။ ဒီလို အေနအထားမွာ ယူနိုက္တက္အတြက္ ပြဲထြက္ခြင့္ ရဖို႔ သူ႕အေနနဲ႕ ေသခ်ာေပါက္ ႀကိဳးစားရပါေတာ့မယ္ ။

(4) ဒန္နီရယ္ ဂ်ိမ္းစ္

သူကေတာ့ ၿပီးခဲ့တဲ့ ေဘာလုံး ရာသီ တုန္းကေတာင္ ပြဲထြက္ကစားခြင့္ အရမ္းကို နည္းပါးခဲ့ပါတယ္ ။ အခုေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွာ ဆန္ခ်ိဳပါ ေရာက္ရွိလာခဲ့ပါၿပီ ။ ဒါ့ေၾကာင့္ ဂ်ိမ္းစ္ အတြက္ ပြဲထြက္ခြင့္ အရမ္းကို နည္းပါးေနမွာ ထင္ရွားေနပါတယ္ ။

သို႔ေပမယ့္ ေဝးလ္ အသင္းမွာ ပုံမွန္ ပြဲထြက္ခြင့္ေတြ ပိုင္ဆိုင္ထားနိုင္ခဲ့တဲ့ ဂ်ိမ္းစ္ဟာ ယူနိုက္တက္အတြက္ ေျခစြမ္းျပနိုင္ေၾကာင္း သက္ေသျပထားနိုင္ခဲ့ ပါတယ္ ။ အျခားတဖက္မွာေတာ့ အဂၤလန္နဲ႕ အတူ ဖိုင္နယ္ ကစားရဖို႔ ရွိေနၾကတဲ့ ဆန္ခ်ိဳ နဲ႕ ရပ္ရွ္ဖို႔ တို႔ဟာ ရာသီသစ္ စတင္ၿပီးမွ အသင္းနဲ႕ ပူးေပါင္း နိုင္ၾကပါလိမ့္မယ္ ။

ထို႔ေၾကာင့္ ဂ်ိမ္းစ္ အတြက္ ရာသီႀကိဳ ပြဲစဥ္ေတြ အျပင္ ရာသီ အစပြဲစဥ္ေတြ ကလည္း ပြဲထြက္ ကစားခြင့္ ရရွိေစနိုင္မယ့္ အလားအလာ ျမင္ေတြ႕ေနရပါတယ္ ။ ဒီလိုအခြင့္အေရးမ်ိဳး ရရွိထားတုန္း ဂ်ိမ္းစ္ အေနနဲ႕ ပြဲထြက္ခြင့္နဲ႕ ထိုက္တန္သူ ျဖစ္ေၾကာင္း သက္ေသျပထားဖို႔ လိုအပ္လွ ပါတယ္ ။