Spots news

မန်ယူရဲ့ပစ်မှတ် ကာမာဗင်ဂါကို ခေါ်ယူဖို့ ရန်းနက်စ်အသင်းဆီ ဆက်သွယ်လာတဲ့ ချယ်လ်ဆီး

Unicode Version

ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တဲ့ ရန်းနက်စ်အသင်းကွင်းလယ်လူ ပြင်သစ်ကြယ်ပွင့် ကာမာဗင်ဂါကို ကြားဖြတ် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း သတင်း များအရ သိရပါတယ်။

ကာမာဗင်ဂါဟာ အသက် ၁၆နှစ် အရွယ်ထဲက ဥရောပတလွှားမှာ အကောင်းဆုံး ဆယ်ကျော်သက် ကွင်းလယ်လူ အဖြစ် သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဲ့ဒီအချိန်ထဲက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ကာမာဗင်ဂါဟာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိတဲ့ ထိပ်တန်း အသင်းကြီး တသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသလို ရန်းနက်စ်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ခဲ့ပါတယ်။

ရန်းနက်စ်အသင်းကလဲ အသင်းကနေထွက်ခွာချင်နေတဲ့ ကာမာဗင်ဂါကို ရောင်းချသွားဖို့အသင့်ရှိနေပါတယ်။ ယူနိုက်တက်အသင်းက ကာမာဗင်ဂါအတွက် တရားဝင်ကမ်းလှမ်းမှုပြုလုပ်ခဲ့သလို လက်ရှိမှာ ဆွေးနွေးမှု တွေဆက်လက်ပြုလုပ် နေတာကြောင့် မကြာခင်သဘောတူညီမှုရဖို့ နီးစပ်နေပါပြီ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံ ဆွေးနွေးနေသလို ရန်းနက်စ်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းကိုလည်း ပေးချေဖို့ အခက်အခဲ မရှိကြောင်း သိရပါတယ်။

သို့ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ဘက် ချယ်လ်ဆီးအသင်းက ကာမာဗင်ဂါရဲ့အပြောင်းအရွှေ့အတွက် ရန်းစ်အသင်းဆီ တိုက်ရိုက် ဆက်သွယ်လာတာကြောင့် ယူနိုက်တက် အသင်းအတွက်တော့ မကျေမနပ် ဖြစ်စရာ အနေအထားဖြစ်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခင်ကလဲ ယူနိုက်တက်အသင်း ခေါ်ယူဖို့ နီးစပ်နေတဲ့ ကစားသမားတွေကို ကြားဖြတ် ခေါ်ယူခဲ့တာတွေရှိခဲ့ဖူးပြီး မီခေးလ်၊ ရော်ဘင်တို့ဟာ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီးမှ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

Credit to Original

Zawgyi Version

ပရီးမီးယားလိဂ္ကလပ္ ခ်ယ္လ္ဆီးအသင္းဟာ ၿပိဳင္ဘက္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ ရန္းနက္စ္အသင္းကြင္းလယ္လူ ျပင္သစ္ၾကယ္ပြင့္ ကာမာဗင္ဂါကို ၾကားျဖတ္ ေခၚယူနိုင္ဖို႔ ႀကိဳးပမ္းေနေၾကာင္း သတင္း မ်ားအရ သိရပါတယ္။

ကာမာဗင္ဂါဟာ အသက္ ၁၆ႏွစ္ အ႐ြယ္ထဲက ဥေရာပတလႊားမွာ အေကာင္းဆုံး ဆယ္ေက်ာ္သက္ ကြင္းလယ္လူ အျဖစ္ သတ္မွတ္ျခင္းကို ခံထားရသူ ျဖစ္ၿပီး မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အဲ့ဒီအခ်ိန္ထဲက သူ႕ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။

လက္ရွိ အခ်ိန္မွာ အသက္ ၁၈ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္လူ ကာမာဗင္ဂါဟာ ဥေရာပ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိတဲ့ ထိပ္တန္း အသင္းႀကီး တသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ထားသလို ရန္းနက္စ္အသင္းရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကိုလည္း ျငင္းဆန္ခဲ့ပါတယ္။

ရန္းနက္စ္အသင္းကလဲ အသင္းကေနထြက္ခြာခ်င္ေနတဲ့ ကာမာဗင္ဂါကို ေရာင္းခ်သြားဖို႔အသင့္ရွိေနပါတယ္။ ယူနိုက္တက္အသင္းက ကာမာဗင္ဂါအတြက္ တရားဝင္ကမ္းလွမ္းမႈျပဳလုပ္ခဲ့သလို လက္ရွိမွာ ေဆြးေႏြးမႈ ေတြဆက္လက္ျပဳလုပ္ ေနတာေၾကာင့္ မၾကာခင္သေဘာတူညီမႈရဖို႔ နီးစပ္ေနပါၿပီ။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ကာမာဗင္ဂါကို ေခၚယူနိုင္ဖို႔ သူ႕ရဲ႕ ေအးဂ်င့္ေတြနဲ႕ ေတြ႕ဆုံ ေဆြးေႏြးေနသလို ရန္းနက္စ္အသင္းက ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၃၀သန္းကိုလည္း ေပးေခ်ဖိဳ႕ အခက္အခဲ မရွိေၾကာင္း သိရပါတယ္။

သို႔ေပမယ့္ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ ခ်ယ္လ္ဆီးအသင္းက ကာမာဗင္ဂါရဲ႕အေျပာင္းအေ႐ႊ႕အတြက္ ရန္းစ္အသင္းဆီ တိုက္ရိုက္ ဆက္သြယ္လာတာေၾကာင့္ ယူနိုက္တက္ အသင္းအတြက္ေတာ့ မေက်မနပ္ ျဖစ္စရာ အေနအထားျဖစ္ေနပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ယခင္ကလဲ ယူနိုက္တက္အသင္း ေခၚယူဖို႔ နီးစပ္ေနတဲ့ ကစားသမားေတြကို ၾကားျဖတ္ ေခၚယူခဲ့တာေတြရွိခဲ့ဖူးၿပီး မီေခးလ္၊ ေရာ္ဘင္တို႔ဟာ ယူနိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီခဲ့ၿပီးမွ ခ်ယ္လ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

Credit to Original