Spots news

ရော်နယ်ဒိုနဲ့ ဟာရီကိန်းရဲ့ ယူရို ရွှေဖိနပ်ဆုပြိုင်ပွဲမှာ ဘယ်သူရမလဲ

Unicode Version

လက်ရှိကစားဖို့ကျန်တဲ့ ၂ သင်းထဲမှာမပါတော့တဲ့ ပေါ်တူဂီတိုက်စစ်မှုးဖြစ်တဲ့ ရော်နယ်ဒိုက ၅ ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒါပေမဲ့ UEFA ရဲ့ စည်းမျဉ်းအရ ရော်နယ်ဒိုက ဂိုးဖန်တီးမှုပို သာတဲ့အတွက် ထိပ်ဆုံးမှာရှိနေပါတယ်။

ပေါ်တူဂီအသင်းဟာ ယူရို ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုက သွင်းဂိုး ၅ဂိုးနဲ့ အတူ ဦးဆောင်နေတာပါ။

ရော်နယ်ဒိုဟာ ယူရိုမှာ ဟန်‌ဂေရီအသင်းဖက်ကို ၂ဂိုး၊ပြင်သစ်အသင်းဖက်ကို ၂ဂိုးနဲ့ ဂျာမနီအသင်းဖက်ကို ၁ဂိုး ပေါင်း ၅ဂိုး သွင်းယူခဲ့ ခြင်း ဖြစ်ပါတယ်။

ရော်နယ်ဒို နည်းတူ ချက် တိုက်စစ်မှူး ပတ်ထရစ်ရှစ်ဟာလည်း သွင်းဂိုး ၅ဂိုးတူညီနေ ပေမယ့် ရော်နယ်ဒိုက ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး

ပတ်ထရစ်ရှစ်ကတော့ ဂိုးဖန်တီးမှု မပြုလုပ် နိုင်ခဲ့ပဲ သွင်းဂိုးသီးသန့်သာ သွင်း ယူထားနိုင်လို့ ရော်နယ်ဒိုက ရွှေဖိနပ်ဆု ရယူဖို့ ဦးဆောင်နေရခြင်း ဖြစ်ပါတယ်။

UEFA ရဲ့စည်းမျဉ်းအရ သွင်းဂိုးတူရင်၊ ဂိုးဖန်တီးမှု ၊ ထပ်တူရင် ပွဲကစားချိန်ပိုနည်းတဲ့ကစားသမား ကို ပေးတာဖြစ်တဲ့အတွက် ရော်နယ်ဒိုကအားသာနေခဲ့တာပါ။

အင်္ဂလန် တိုက်စစ်မှူး ဟာရီကိန်းက ၄ ဂိုးရထားပေမဲ့ Assist မရသေးသလို ပွဲကစားချိန်လည်းပိုများနေတာကြောင့် အီတလီကို ၂ ဂိုးသွင်း (သို့မဟုတ်) ၁ ဂိုးသွင်း ၂ ဂိုးဖန်တီး လုပ်နိုင်မှပဲ ရွှေဖိနပ်ဆုရပါလိမ့်မယ်။

စတားလင်ကတော့ လက်ရှိမှာ ၃ဂိုးသွင်း ၁ ဂိုးဖန်တီးဖြစ်ထားတာကြောင့် အီတလီကို ဟက်ထရစ်သွင်းမှပဲ ရွှေဖိနပ်ရတော့မှာပါ။

ဒါကြောင့် ရော်နယ်ဒိုတစ်ယောက်ကစားသမားဘဝရဲ့ ပထမဆုံး ယူရိုရွှေဖိနပ်ဆုကို သူ့ရဲ့နောက်ဆုံး ယူရိုပြိုင်ပွဲမှာ ရယူသွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Zawgyi Version

လက္ရွိကစားဖို႔က်န္တဲ့ ၂ သင္းထဲမွာမပါေတာ့တဲ့ ေပၚတူဂီတိုက္စစ္မႈးျဖစ္တဲ့ ေရာ္နယ္ဒိုက ၅ ဂိုးနဲ႕ ဦးေဆာင္ေနခဲ့ပါတယ္။ ဒါေပမဲ့ UEFA ရဲ႕ စည္းမ်ဥ္းအရ ေရာ္နယ္ဒိုက ဂိုးဖန္တီးမႈပို သာတဲ့အတြက္ ထိပ္ဆုံးမွာရွိေနပါတယ္။

ေပၚတူဂီအသင္းဟာ ယူရို ၿပိဳင္ပြဲကေန ထြက္ခြာသြားခဲ့ရၿပီ ျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္မွာ ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒိုက သြင္းဂိုး ၅ဂိုးနဲ႕ အတူ ဦးေဆာင္ေနတာပါ။

ေရာ္နယ္ဒိုဟာ ယူရိုမွာ ဟန္‌ေဂရီအသင္းဖက္ကို ၂ဂိုး၊ျပင္သစ္အသင္းဖက္ကို ၂ဂိုးနဲ႕ ဂ်ာမနီအသင္းဖက္ကို ၁ဂိုး ေပါင္း ၅ဂိုး သြင္းယူခဲ့ ျခင္း ျဖစ္ပါတယ္။

ေရာ္နယ္ဒို နည္းတူ ခ်က္ တိုက္စစ္မႉး ပတ္ထရစ္ရွစ္ဟာလည္း သြင္းဂိုး ၅ဂိုးတူညီေန ေပမယ့္ ေရာ္နယ္ဒိုက ဂိုးဖန္တီးမႈတစ္ႀကိမ္ ျပဳလုပ္ထားနိုင္ခဲ့ၿပီး

ပတ္ထရစ္ရွစ္ကေတာ့ ဂိုးဖန္တီးမႈ မျပဳလုပ္ နိုင္ခဲ့ပဲ သြင္းဂိုးသီးသန႔္သာ သြင္း ယူထားနိုင္လို႔ ေရာ္နယ္ဒိုက ေ႐ႊဖိနပ္ဆု ရယူဖို႔ ဦးေဆာင္ေနရျခင္း ျဖစ္ပါတယ္။

UEFA ရဲ႕စည္းမ်ဥ္းအရ သြင္းဂိုးတူရင္၊ ဂိုးဖန္တီးမႈ ၊ ထပ္တူရင္ ပြဲကစားခ်ိန္ပိုနည္းတဲ့ကစားသမား ကို ေပးတာျဖစ္တဲ့အတြက္ ေရာ္နယ္ဒိုကအားသာေနခဲ့တာပါ။

အဂၤလန္ တိုက္စစ္မႉး ဟာရီကိန္းက ၄ ဂိုးရထားေပမဲ့ Assist မရေသးသလို ပြဲကစားခ်ိန္လည္းပိုမ်ားေနတာေၾကာင့္ အီတလီကို ၂ ဂိုးသြင္း (သို႔မဟုတ္) ၁ ဂိုးသြင္း ၂ ဂိုးဖန္တီး လုပ္နိုင္မွပဲ ေ႐ႊဖိနပ္ဆုရပါလိမ့္မယ္။

စတားလင္ကေတာ့ လက္ရွိမွာ ၃ဂိုးသြင္း ၁ ဂိုးဖန္တီးျဖစ္ထားတာေၾကာင့္ အီတလီကို ဟက္ထရစ္သြင္းမွပဲ ေ႐ႊဖိနပ္ရေတာ့မွာပါ။

ဒါေၾကာင့္ ေရာ္နယ္ဒိုတစ္ေယာက္ကစားသမားဘဝရဲ႕ ပထမဆုံး ယူရိုေ႐ႊဖိနပ္ဆုကို သူ႕ရဲ႕ေနာက္ဆုံး ယူရိုၿပိဳင္ပြဲမွာ ရယူသြားနိုင္မလားဆိုတာ စိတ္ဝင္စားစရာပါပဲ။