Spots news

ခွင့်ရက်တွေရနေတုန်းမှာ အပျော်အပါးမလုပ်ပဲ စီးပွားရေးဘက်ကိုလှည့်နေတဲ့ ရိုနယ်ဒို

Unicode Version

ပေါ်တူဂီ နဲ့ ဂျူဗင်တပ် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ သူ့ရဲ့ ဟိုတယ် ကို အမေရိကန် နိုင်ငံ ၊ နယူးယောက်မြို့ မှာ ဖွင့်လှစ် လိုက်ပြီလို့ သိရှိရ ပါတယ် ။ ဒီဟိုတယ် ဟာ ရိုနယ်ဒို အတွက်

စတုတ္ထမြောက် ဟိုတယ် ဖြစ်ပြီး ဇာတိနိုင်ငံ ပေါ်တူဂီ နဲ့ ၉ နှစ်ကြာ ကစားခဲ့တဲ့ စပိန် နိုင်ငံ ၊ မက်ဒရစ် တို့မှာလည်း ဟိုတယ်တွေ ဖွင့်လှစ် ထားခဲ့ပြီး ဖြစ်ပါတယ် ။ နယူးယောက်က ဟိုတယ် ကိုတော့ ပြီးခဲ့တဲ့ လကုန်ပိုင်းက ဖွင့်လှစ်ခဲ့တာပါ ။

ရိုနယ်ဒို ဟာ ယူရို ပြိုင်ပွဲ အပြီး မိသားစုဝင်တွေနဲ့ အနားယူ အပန်းဖြေနေချိန်မှာ ဟိုတယ် လုပ်ငန်းတွေ အတွက် အချိန်ပေး ခဲ့ပါတယ် ။ ယမန်နေ့က ပေါ်တူဂီသားကြီးဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာ ထက်မှာ နောက်ဆုံး ဖွင့်လှစ် ခဲ့တဲ့ ဟိုတယ် အကြောင်းကို သူ့ရဲ့ ဘီလီယံချီတဲ့ ပရိသတ်တွေ ကို အသိပေးသွားခဲ့ ပါတယ် ။

ဒီဟိုတယ် ဟာ ရိုနယ်ဒို အတွက် ဥရောပ အပြင်ဘက်က ပထမဆုံး ဟိုတယ် ဖြစ်ခဲ့ပြီး နယူးယောက်မြို့ ရဲ့ နာမည်ကျော် မန်ဟတ်တန် ရပ်ကွက် က Times Square မှာ တည်ဆောက် ထားတာ ဖြစ်ပါတယ် ။

ဟိုတယ် ရဲ့ Website မှာ ဖော်ပြချက် အရ အခန်းတစ်ခန်း အတွက် တစ်ညကို 117 ပေါင် ကျသင့်မှာ ဖြစ်ပြီး ပတ်စတာနာ ကလပ် အဖွဲ့ဝင်တွေ အတွက်တော့ အထူးလျော့ဈေးတွေ ရှိတယ်လို့ သိရ ပါတယ် ။

ရိုနယ်ဒို ဟာ ပတ်စတာနာ ဟိုတယ် လုပ်ငန်း နဲ့ အကျိုးတူ လုပ်ဆောင် နေတာဖြစ်ပြီး PestanaCR7 ဆိုတဲ့ အမည်တွေနဲ့ ဟိုတယ်တွေ ဖွင့်လှစ် နေခဲ့တာပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ ဆိုရှယ် မီဒီယာ မှာတော့ “ဘယ်လောက် မှော်ဆန်တဲ့ နေ့ရက်လဲ ၊

ဒီနေ့ 7 လပိုင်း 7 ရက်နေ့မှာ အမေရိကန် Times Square က ကျွန်တော့ရဲ့ PestanaCR7 ဟိုတယ်သစ် အကြောင်းကို မိတ်ဆက်ပေးချင် ပါတယ် ။ နယူးယောက်မြို့ရဲ့ အကောင်းဆုံး နေရာမှာ ရှိတဲ့ အလန်းစား ဟိုတယ် မှာ အခုပဲ အမှာတင်လိုက်ကြပါတော့” လို့ ရေးသား ဖော်ပြ သွားခဲ့ ပါတယ် ။

အဆိုပါ ဟိုတယ် ဟာ နယူးယောက်မြို့ ရဲ့ အကောင်းဆုံး အနေအထားကို တွေ့မြင် နိုင်မှာ ဖြစ်ပြီး အားကစား ခန်းမ ၊ ပြပွဲ နဲ့ အခမ်းအနား ကျင်းပ နိုင်တဲ့ ခန်းမတွေ ၊ ကမ္ဘာတစ်ဝှမ်းက အားကစားပွဲ မျိုးစုံကို ကြည့်ရှု နိုင်မယ့် ဖန်သားပြင်ကြီးတွေ ၊ ဝိုင်ဖိုင် စနစ်တွေ နဲ့ ပေါ်တူဂီ အနုပညာ လက်ရာတွေ ပါဝင်တယ် လို့ သိရှိရ ပါတယ် ။

ရိုနယ်ဒို ဟာ ဘောလုံး ပြင်ပမှာ စီးပွားရေး အင်ပိုင်ယာ တစ်ခုကို ထူထောင် နေတာ ဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင် အမှတ်တံဆိပ် နဲ့ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ အပြင် ဟိုတယ်လုပ်ငန်းတွေ ကိုလည်း

နှစ်စဉ် ချဲ့ထွင် နေခဲ့ ပါတယ် ။ လာမယ့် ၂၀၂၃ မှာလည်း ဟိုတယ် တစ်ခုကို မန်ချက်စတာ မှာ ဖွင့်လှစ် နိုင်ဖို့ လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

အသက် ၃၆ နှစ် ရှိပြီ ဖြစ်တဲ့ ရိုနယ်ဒို ဟာ သူ့ရဲ့ မိခင် နိုင်ငံ ပေါ်တူဂီ မှာ CR7 ဟိုတယ် ၂ ခု ကို ဦးစွာ ဖွင့်လှစ် ခဲ့ပါတယ် ။ အဲ့ဒိ နောက်မှာတော့ သူ ၉ နှစ်ကြာ ကျဉ်လည် ကစားခဲ့တဲ့ စပိန် နိုင်ငံ ၊

မက်ဒရစ်မြို့မှာ နောက်ထပ် ဟိုတယ် တစ်လုံးကို ဖွင့်လှစ် ခဲ့ပြန်ပါတယ် ။ အခု နယူးယောက် ဟိုတယ် ကတော့ ရိုနယ်ဒို ရဲ့ စီးပွားရေး အင်ပါယာ အတွက် စတုတ္ထမြောက် ဟိုတယ် ဖြစ်လာခဲ့ရ ပါတယ် ။

Credit to Original

Zawgyi Version

ေပၚတူဂီ နဲ႕ ဂ်ဴဗင္တပ္ တိုက္စစ္မႉးႀကီး ခရစၥတီယာနို ရိုနယ္ဒို ဟာ သူ႕ရဲ႕ ဟိုတယ္ ကို အေမရိကန္ နိုင္ငံ ၊ နယူးေယာက္ၿမိဳ႕ မွာ ဖြင့္လွစ္ လိုက္ၿပီလို႔ သိရွိရ ပါတယ္ ။ ဒီဟိုတယ္ ဟာ ရိုနယ္ဒို အတြက္

စတုတၳေျမာက္ ဟိုတယ္ ျဖစ္ၿပီး ဇာတိနိုင္ငံ ေပၚတူဂီ နဲ႕ ၉ ႏွစ္ၾကာ ကစားခဲ့တဲ့ စပိန္ နိုင္ငံ ၊ မက္ဒရစ္ တို႔မွာလည္း ဟိုတယ္ေတြ ဖြင့္လွစ္ ထားခဲ့ၿပီး ျဖစ္ပါတယ္ ။ နယူးေယာက္က ဟိုတယ္ ကိုေတာ့ ၿပီးခဲ့တဲ့ လကုန္ပိုင္းက ဖြင့္လွစ္ခဲ့တာပါ ။

ရိုနယ္ဒို ဟာ ယူရို ၿပိဳင္ပြဲ အၿပီး မိသားစုဝင္ေတြနဲ႕ အနားယူ အပန္းေျဖေနခ်ိန္မွာ ဟိုတယ္ လုပ္ငန္းေတြ အတြက္ အခ်ိန္ေပး ခဲ့ပါတယ္ ။ ယမန္ေန႕က ေပၚတူဂီသားႀကီးဟာ သူ႕ရဲ႕ ဆိုရွယ္မီဒီယာ ထက္မွာ ေနာက္ဆုံး ဖြင့္လွစ္ ခဲ့တဲ့ ဟိုတယ္ အေၾကာင္းကို သူ႕ရဲ႕ ဘီလီယံခ်ီတဲ့ ပရိသတ္ေတြ ကို အသိေပးသြားခဲ့ ပါတယ္ ။

ဒီဟိုတယ္ ဟာ ရိုနယ္ဒို အတြက္ ဥေရာပ အျပင္ဘက္က ပထမဆုံး ဟိုတယ္ ျဖစ္ခဲ့ၿပီး နယူးေယာက္ၿမိဳ႕ ရဲ႕ နာမည္ေက်ာ္ မန္ဟတ္တန္ ရပ္ကြက္ က Times Square မွာ တည္ေဆာက္ ထားတာ ျဖစ္ပါတယ္ ။

ဟိုတယ္ ရဲ႕ Website မွာ ေဖာ္ျပခ်က္ အရ အခန္းတစ္ခန္း အတြက္ တစ္ညကို 117 ေပါင္ က်သင့္မွာ ျဖစ္ၿပီး ပတ္စတာနာ ကလပ္ အဖြဲ႕ဝင္ေတြ အတြက္ေတာ့ အထူးေလ်ာ့ေဈးေတြ ရွိတယ္လို႔ သိရ ပါတယ္ ။

ရိုနယ္ဒို ဟာ ပတ္စတာနာ ဟိုတယ္ လုပ္ငန္း နဲ႕ အက်ိဳးတူ လုပ္ေဆာင္ ေနတာျဖစ္ၿပီး PestanaCR7 ဆိုတဲ့ အမည္ေတြနဲ႕ ဟိုတယ္ေတြ ဖြင့္လွစ္ ေနခဲ့တာပဲ ျဖစ္ပါတယ္ ။ သူ႕ရဲ႕ ဆိုရွယ္ မီဒီယာ မွာေတာ့ “ဘယ္ေလာက္ ေမွာ္ဆန္တဲ့ ေန႕ရက္လဲ ၊

ဒီေန႕ 7 လပိုင္း 7 ရက္ေန႕မွာ အေမရိကန္ Times Square က ကြၽန္ေတာ့ရဲ႕ PestanaCR7 ဟိုတယ္သစ္ အေၾကာင္းကို မိတ္ဆက္ေပးခ်င္ ပါတယ္ ။ နယူးေယာက္ၿမိဳ႕ရဲ႕ အေကာင္းဆုံး ေနရာမွာ ရွိတဲ့ အလန္းစား ဟိုတယ္ မွာ အခုပဲ အမွာတင္လိုက္ၾကပါေတာ့” လို႔ ေရးသား ေဖာ္ျပ သြားခဲ့ ပါတယ္ ။

အဆိုပါ ဟိုတယ္ ဟာ နယူးေယာက္ၿမိဳ႕ ရဲ႕ အေကာင္းဆုံး အေနအထားကို ေတြ႕ျမင္ နိုင္မွာ ျဖစ္ၿပီး အားကစား ခန္းမ ၊ ျပပြဲ နဲ႕ အခမ္းအနား က်င္းပ နိုင္တဲ့ ခန္းမေတြ ၊ ကမာၻတစ္ဝွမ္းက အားကစားပြဲ မ်ိဳးစုံကို ၾကည့္ရႈ နိုင္မယ့္ ဖန္သားျပင္ႀကီးေတြ ၊ ဝိုင္ဖိုင္ စနစ္ေတြ နဲ႕ ေပၚတူဂီ အႏုပညာ လက္ရာေတြ ပါဝင္တယ္ လို႔ သိရွိရ ပါတယ္ ။

ရိုနယ္ဒို ဟာ ေဘာလုံး ျပင္ပမွာ စီးပြားေရး အင္ပိုင္ယာ တစ္ခုကို ထူေထာင္ ေနတာ ျဖစ္ၿပီး သူ႕ရဲ႕ကိုယ္ပိုင္ အမွတ္တံဆိပ္ နဲ႕ ထုတ္လုပ္တဲ့ ကုန္ပစၥည္းေတြ အျပင္ ဟိုတယ္လုပ္ငန္းေတြ ကိုလည္း

ႏွစ္စဥ္ ခ်ဲ့ထြင္ ေနခဲ့ ပါတယ္ ။ လာမယ့္ ၂၀၂၃ မွာလည္း ဟိုတယ္ တစ္ခုကို မန္ခ်က္စတာ မွာ ဖြင့္လွစ္ နိုင္ဖို႔ လုပ္ေဆာင္ ေနတယ္လို႔ သိရ ပါတယ္ ။

အသက္ ၃၆ ႏွစ္ ရွိၿပီ ျဖစ္တဲ့ ရိုနယ္ဒို ဟာ သူ႕ရဲ႕ မိခင္ နိုင္ငံ ေပၚတူဂီ မွာ CR7 ဟိုတယ္ ၂ ခု ကို ဦးစြာ ဖြင့္လွစ္ ခဲ့ပါတယ္ ။ အဲ့ဒိ ေနာက္မွာေတာ့ သူ ၉ ႏွစ္ၾကာ က်ဥ္လည္ ကစားခဲ့တဲ့ စပိန္ နိုင္ငံ ၊

မက္ဒရစ္ၿမိဳ႕မွာ ေနာက္ထပ္ ဟိုတယ္ တစ္လုံးကို ဖြင့္လွစ္ ခဲ့ျပန္ပါတယ္ ။ အခု နယူးေယာက္ ဟိုတယ္ ကေတာ့ ရိုနယ္ဒို ရဲ႕ စီးပြားေရး အင္ပါယာ အတြက္ စတုတၳေျမာက္ ဟိုတယ္ ျဖစ္လာခဲ့ရ ပါတယ္ ။

Credit to Original