Spots news

မကြာခင် ယူနိုက်တတ်ကို ကစားသမားသစ်တစ်ယောက် ရောက်ရှိလာတော့မှာကြောင့် စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ ဆိုးလ်ရှား

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ယူနိုက်တက် အသင်းသည် အက်တလန်တာ အသင်းမှ အိုင်ဗရီကို့ကြယ်ပွင့် တိုက်စစ် ကစားသမား ထရာအိုရေးရဲ့ အပြောင်းအရွေ့ကိစ္စကို အပြီးသတ်နိုင်ဖို့ နီးစပ်နေပြီလို့ အတည်ပြုပြောကြားခဲ့တာ တွေ့ရပြီး အိုးလ်ထရက်ဖို့ ကွင်းရှိရာကို မကြာခင် အချိန်အတွင်းမှာ

ရောက်ရှိလာတော့မယ့် အရည်အချင်းတွေ ပြည့်မှီနေတဲ့ အိုင်ဗရီကို့ကြယ်ပွင့် တိုက်စစ် ကစားသမား ထရာအိုရေးနဲ့ ပတ်သက်ပြီး သူအရမ်း စိတ်လှုပ်ရှားနေတယ်လို့ ပြောပါတယ်။ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက် အသင်းသည် အက်တလန်တာ အသင်းမှ အိုင်ဗရီကို့ကြယ်ပွင့် တိုက်စစ် ကစား သမား ထရာအိုရေး ကို ပြောင်းရွေ့ကြေး 19 သန်းနဲ့ခေါ်ယူဖို့ အောက်တိုဘာလအတွင်းက သဘောတူမှု ရရှိခဲ့တာပါ။

ထရာအိုရေး သည် အလုပ်ပါမစ်ရရှိဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဆိုးလ်ရှားကတော့ ယူနိုက်တက်ဖက်က အသက် ၁၈ နှစ်အရွယ် ကစားသမားကိုခေါ်ယူဖို့ စာရွက်စာတန်းကိစ္စတွေကို အဆင်သင့်လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ အက်စ်တွန်ဗီလာကို 2 – 1 ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ သူက “ကျွန်တော်တို့ဖက်က စာရွက်စာတန်းကိစ္စတွေကို အကုန်လုံး လုပ်ပြီးသွားပါပြီ။

ဘာအနှောင့်အယှက်မှ မရှိတော့ဘူးလို့ ကျွန်တော်မြင်ပါတယ်။ သူလာနေပါပြီ။” လို့ ပြောကြားသွားပါတယ်။ “သူ့ကို ခေါ်ယူနိုင်ခဲ့လို့ ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားမိ ပါတယ်။ သူက သူ့ရဲ့ အရည်အသွေးတွေကို ပြသထားသူပါ။ ဒါပေမယ့် သူက သူကစားခဲ့တဲ့ ဘောလုံးကစားနည်းနဲ့မတူတဲ့ ကစားနည်းကို အင်္ဂလန်မှာ သင်ယူရပါမယ်။ ဒီတော့ သူတိုးတက်ဖို့အတွက် သူ့ကို ကျွန်တော်တို့ အချိန်ပေးရမှာပါ။”

“ဒါပေမယ့် ဒီအပြင်တော့ ကျွန်တော်တို့ ဒီထက်ပိုပြီး လုပ်ပေးစရာမရှိဘူးလို့ မြင်မိပါတယ်။ ကျွန်တော်တို့က ရေရှည်လက်တွဲလုပ်ကိုင်သွားမှာပါ။ ဒီကိစ္စကတော့ အကြီးကြီးပါပဲ။” ထရာအိုရေး သည် အက်တလန်တာအသင်း အတွက် ငါးပွဲကစားပေးထားပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်းက အူဒီးနီးစ်နဲ့ပွဲဦးထွက်ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အဆိုဘာ ကစားသမားကတော့ အက်စ်တွန်ဗီလာကို အနိုင်ယူခဲ့လို့ ဦးဆောင်သူ လီဗာပူးလ်နဲ့ ရမှတ်တူညီသွားတဲ့ ယူနိုက်တက်သို့ ပြောင်းရွေ့ကစားတော့မှာဖြစ်ပါတယ်။ နိုင်ပွဲနဲ့ ပတ်သက်ပြီးလည်း ဆိုးလ်ရှားက “ကျွန်တော်တို့ တိုးတက်လာပါတယ်။ ပရီးမီးယား လိဂ်နဲ့ ဒီရာသီက ခက်ခဲတယ်လို့ ကျွန်တော်ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ တိုးတက်အောင် လုပ်ပါမယ်။ ပြီးတော့ အသင်းတစ်သင်းအနေနဲ့ ကောင်းမွန်လာအောင်လုပ်ပါမယ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပွဲစဉ်တစ်ပွဲကို အနိုင်ယူတတ်ရင် ခင်များက ခြေတစ်လှမ်းသာနေပါတယ်။” “ခင်များ က ရမှတ်တွေ ပိုမို စုဆောင်းမိလာပါလိမ့်မယ်။ သူတို့ကလည်း ဒီလိုပဲ ရမှတ်တွေကို ရေတွက်နေကြပါလိမ့်မယ်။”