Spots news

ဆန်ချိုကြောင့် ယူနိုက်တက်ရဲ့ ဆုဖလားစိန်ခေါ်မှုက ပိုမိုထိရောက်လာမယ်လို့ ဘာဘာတော့ဗ်ပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်း အရ ခေါ်ယူဖို့ ကြိုးစားနေခဲ့တဲ့ ဒေါ့မွန် အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမား ဖြစ်သူ

ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက တရားဝင် အတည်ပြု ကြေငြာခဲ့ပါတယ် ။

ဒေါ့မွန် တောင်ပံကစားသမား ဆန်ချိုဟာ ယူရို ၂၀၂၀ ပြီးတာနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားတစ်ယောက် ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကိုရဖို့

အတော်လေး ကြိုးစား ခေါ်ယူခဲ့ရတာဖြစ်ပြီး ဂါးဒီးယန်သတင်းစာအရ အသက် ၂၁ နှစ်အရွယ် ကစားသမားရဲ့ ပြောင်းရွေ့‌ကြေးဟာ ပေါင် ၇၃ သန်း ဖြစ်တယ်လို့ သိရပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့လကတည်းက ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိခဲ့သလို ယူနိုက်တက် အသင်းမှာ တစ်ပတ်ကို ပေါင် ၃၅၀,၀၀၀ အထိရရှိသွားမယ်လို့ ဗြိတိန် သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

ယူရိုပြိုင်ပွဲပြီးတာနဲ့တစ်ပြိုင်နက် ယူနိုက်တက် အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်သလို အသင်းရဲ့ လစာငွေ အများဆုံး စာရင်းဝင်အဖြစ် ရပ်တည်နိုင်မှာပါ။

လူငယ်တောင်ပံကစားသမားဟာ အိုးထရတ်ဖို့ဒ်နဲ့ နှစ်ပေါင်းများစွာ သတင်းတွေထွက်နေခဲ့ပြီး ဘိုရပ်ရှား ဒေါ့မွန်အသင်းမှာ

နောက်ထပ်တစ်ရာသီ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် လက်ရှိမှာတော့ ယူနိုက်တက်ထံ ‌အောင်မြင်စွာ ပြောင်းရွေ့နိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကစားသမားဟောင်း ဒီမီတာ ဘာဘာတော့က ဂျာမနီကို မပြောင်းရွေ့မီ မန်ချက်စတာစီးတီးအသင်းထံမှာ ၂ ရာသီကြာ ဖြတ်သန်းခဲ့ဖူးတဲ့ ဆန်ချိုကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဘာဘာတော့က မန်ချက်စတာ ညနေခင်းသတင်းနဲ့ တွေ့ဆုံရာမှာ “ တချို့ပရိသတ်တွေက ယူရို ၂၀၂၀ မှာ အင်္ဂလန်အသင်းအတွက် ဆန်ချို ပွဲကစားခွင့်များစွာမရတဲ့အပေါ် စိတ်ပျက်နေကြပါတယ်။

ဒါပေမယ့် ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံးမှာ သူ့ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် ပျော်ရွှင်မိပါတယ်။” လို့ဆိုခဲ့ပါတယ်။

“ ဆန်ချိုရောက်ရှိလာမှုက ပရီးမီးယားလိဂ် ချန်ပီယံဆုကို အမှန်တကယ် စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် ပြောင်းလဲပေးနိုင်မလား ?

ကျွန်တော်ကတော့ သူ သရဲနီအင်္ကျီဝတ်ပြီကစားတာကို ကြည့်ရဖို့ မစောင့်နိုင်တော့ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဒါက ယူနိုက်တက်ရဲ့

အမှတ်ပေးချန်ပီယံဆု မျှော်လင့်ချက်အပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ လို့ ဆိုခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြ အတြင္း အရ ေခၚယူဖို႔ ႀကိဳးစားေနခဲ့တဲ့ ေဒါ့မြန္ အသင္းရဲ႕ လူငယ္ ၾကယ္ပြင့္ ကစားသမား ျဖစ္သူ ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ရက္ပိုင္းက တရားဝင္ အတည္ျပဳ ေၾကျငာခဲ့ပါတယ္ ။

ေဒါ့မြန္ ေတာင္ပံကစားသမား ဆန္ခ်ိဳဟာ ယူရို ၂၀၂၀ ၿပီးတာနဲ႕ မန္ခ်က္စတာယူနိုက္တက္ရဲ႕ ကစားသမားတစ္ေယာက္ ျဖစ္လာေတာ့မွာပဲ ျဖစ္ပါတယ္။ ယူနိုက္တက္ဟာ ဆန္ခ်ိဳကိုရဖို႔

အေတာ္ေလး ႀကိဳးစား ေခၚယူခဲ့ရတာျဖစ္ၿပီး ဂါးဒီးယန္သတင္းစာအရ အသက္ ၂၁ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ ေျပာင္းေ႐ြ႕‌ေၾကးဟာ ေပါင္ ၇၃ သန္း ျဖစ္တယ္လို႔ သိရပါတယ္။

ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့လကတည္းက ယူနိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈရရွိခဲ့သလို ယူနိုက္တက္ အသင္းမွာ တစ္ပတ္ကို ေပါင္ ၃၅၀,၀၀၀ အထိရရွိသြားမယ္လို႔ ၿဗိတိန္ သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။

ယူရိုၿပိဳင္ပြဲၿပီးတာနဲ႕တစ္ၿပိဳင္နက္ ယူနိုက္တက္ အသင္းနဲ႕ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားမွာျဖစ္သလို အသင္းရဲ႕ လစာေငြ အမ်ားဆုံး စာရင္းဝင္အျဖစ္ ရပ္တည္နိုင္မွာပါ။

လူငယ္ေတာင္ပံကစားသမားဟာ အိုးထရတ္ဖို႔ဒ္နဲ႕ ႏွစ္ေပါင္းမ်ားစြာ သတင္းေတြထြက္ေနခဲ့ၿပီး ဘိုရပ္ရွား ေဒါ့မြန္အသင္းမွာ ေနာက္ထပ္တစ္ရာသီ ေျခစြမ္းျပနိုင္ခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ ယူနိုက္တက္ထံ ‌ေအာင္ျမင္စြာ ေျပာင္းေ႐ြ႕နိုင္ခဲ့ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ကစားသမားေဟာင္း ဒီမီတာ ဘာဘာေတာ့က ဂ်ာမနီကို မေျပာင္းေ႐ြ႕မီ မန္ခ်က္စတာစီးတီးအသင္းထံမွာ ၂ ရာသီၾကာ ျဖတ္သန္းခဲ့ဖူးတဲ့ ဆန္ခ်ိဳကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဘာဘာေတာ့က မန္ခ်က္စတာ ညေနခင္းသတင္းနဲ႕ ေတြ႕ဆုံရာမွာ “ တခ်ိဳ႕ပရိသတ္ေတြက ယူရို ၂၀၂၀ မွာ အဂၤလန္အသင္းအတြက္ ဆန္ခ်ိဳ ပြဲကစားခြင့္မ်ားစြာမရတဲ့အေပၚ စိတ္ပ်က္ေနၾကပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္က ေနာက္ဆုံးမွာ သူ႕ကို ေခၚယူနိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ ေပ်ာ္႐ႊင္မိပါတယ္။” လို႔ဆိုခဲ့ပါတယ္။ “ ဆန္ခ်ိဳေရာက္ရွိလာမႈက ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို အမွန္တကယ္ စိန္ေခၚနိုင္တဲ့အသင္းအျဖစ္ ေျပာင္းလဲေပးနိုင္မလား ?

ကြၽန္ေတာ္ကေတာ့ သူ သရဲနီအကၤ်ီဝတ္ၿပီကစားတာကို ၾကည့္ရဖို႔ မေစာင့္နိုင္ေတာ့ပါဘူး ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အေနနဲ႕ ဒါက ယူနိုက္တက္ရဲ႕ အမွတ္ေပးခ်န္ပီယံဆု ေမွ်ာ္လင့္ခ်က္အေပၚ ဘယ္လိုသက္ေရာက္မႈရွိနိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။ လို႔ ဆိုခဲ့ပါတယ္။