Spots news

ယူနိုက်တက်ရဲ့ပစ်မှတ် နောက်ခံလူ ရိုမဲရိုးကို တန်ကြေး သတ်မှတ်‌ပေးလိုက်တဲ့ အတ္တလန်တာ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ အာဂျင်တီးနား နောက်ခံကစားသမား ခရစ္စတီယန်ရိုမဲရိုးရဲ့ တန်ကြေးကို အတ္တလန်တာ အသင်းဘက်ကနေ ယူရိုသန်း(၆၀)အဖြစ် သတ်မှတ်လိုက်တယ်လို့ အီတလီအခြေစိုက် သတင်းမီဒီယာ များက ဖော်ပြလာပါတယ်။

အသက်(၂၃)နှစ်အရွှယ် အာဂျင်တီးနားလက်ရွေးစင် နောက်ခံကစားသမား ရိုမဲရိုးဟာ အတ္တလန်တာအသင်းရဲ့ အဓိကနောက်ခံကစားသမားတစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကလည်း အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါကြောင့် အာဂျင်တီးနား နောက်ခံလူကို ဥရောပထိပ်တန်း ကလပ်အသင်း များစွာက စိတ်ဝင်စားနေကြတာဖြစ်သလို ခံစစ်ပိုင်းမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲကစားဖို့ ဗဟိုနောက်ခံလူတစ်ယောက် အလိုရှိနေတဲ့ ယူနိုက်တက်အသင်းကလည်း ရိုမဲရိုးကို ပစ်မှတ်ထားလာခဲ့ပါတယ်။

အတ္တလန်တာအသင်းဟာ ဂျုဗင်တပ်စ်အသင်းကနေ (၂)ရာသီအငှားစာချုပ်+ ယူရို(၁၆)သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်နဲ့ ရိုမဲရိုးကို ခေါ်ယူထားခဲ့တာဖြစ်လို့ ဒီနွေမှာပဲ ရိုမဲရိုးကို အပြီးသတ်ခေါ်ယူကာ အနည်းဆုံး ယူရိုသန်း(၆၀)ခန့် ပြန်လည်ရရှိမှပဲ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

ဒီလို မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ဆိုရင် ယူနိုက်တက်ဘက်က ရိုမဲရိုးကို ခေါ်ယူဖို့အတွက် လက်လျော့သွားနိုင်ဖွယ် ရှိနေပြီး အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ပြင်သစ်နဲ့ ရီးရဲလ်မက်ဒရစ် နောက်ခံကစားသမား ရာဖယ်ဗာရန်းကိုသာ အရခေါ်ယူဖွယ် ရှိနေပါတယ်။

လက်ရှိမှာလည်း ယူနိုက်တက်အသင်းဟာ ဗာရန်းကို ခေါ်ယူဖို့အတွက် အသေအချာ ကြိုးပမ်းလျက် ရှိလို့နေပြီး တကယ်လို့ ဗာရန်း နဲ့ ရိုမဲရိုး ကို ခေါ်ယူဖို့အတွက် အဆင်မပြေခဲ့ရင် လိုင်ယွန်အသင်းရဲ့ ဒိန်းမတ်နောက်ခံလူ ဂျိုအာချင်းအန်ဒါဆန်ကို ပြောင်းလဲကမ်းလှမ်းဖွယ် ရှိနေပါတယ်။

အန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက လိုင်ယွန်ကနေ ဖူလ်ဟမ်အသင်းမှာ အငှားလာရောက်ကစားခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့လို့ သူ့ကို မန်ချက်စတာ ယူနိုက်တက်အပါအဝင် အာဆင်နယ် စပါးအသင်းတွေကလည်း ပစ်မှတ်ထား နေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ပစ္မွတ္ျဖစ္လို႔ေနတဲ့ အာဂ်င္တီးနား ေနာက္ခံကစားသမား ခရစၥတီယန္ရိုမဲရိုးရဲ႕ တန္ေၾကးကို အတၱလန္တာ အသင္းဘက္ကေန ယူရိုသန္း(၆၀)အျဖစ္ သတ္မွတ္လိုက္တယ္လို႔ အီတလီအေျခစိုက္ သတင္းမီဒီယာ မ်ားက ေဖာ္ျပလာပါတယ္။

အသက္(၂၃)ႏွစ္အ႐ႊယ္ အာဂ်င္တီးနားလက္ေ႐ြးစင္ ေနာက္ခံကစားသမား ရိုမဲရိုးဟာ အတၱလန္တာအသင္းရဲ႕ အဓိကေနာက္ခံကစားသမားတစ္ဦး ျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီကလည္း အသင္းအတြက္ အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြ ျပသနိုင္ခဲ့သူလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ အာဂ်င္တီးနား ေနာက္ခံလူကို ဥေရာပထိပ္တန္း ကလပ္အသင္း မ်ားစြာက စိတ္ဝင္စားေနၾကတာျဖစ္သလို ခံစစ္ပိုင္းမွာ အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားနဲ႕ တြဲကစားဖို႔ ဗဟိုေနာက္ခံလူတစ္ေယာက္ အလိုရွိေနတဲ့ ယူနိုက္တက္အသင္းကလည္း ရိုမဲရိုးကို ပစ္မွတ္ထားလာခဲ့ပါတယ္။

အတၱလန္တာအသင္းဟာ ဂ်ဳဗင္တပ္စ္အသင္းကေန (၂)ရာသီအငွားစာခ်ဳပ္+ ယူရို(၁၆)သန္းနဲ႕ အၿပီးသတ္ေခၚယူခြင့္နဲ႕ ရိုမဲရိုးကို ေခၚယူထားခဲ့တာျဖစ္လို႔ ဒီေႏြမွာပဲ ရိုမဲရိုးကို အၿပီးသတ္ေခၚယူကာ အနည္းဆုံး ယူရိုသန္း(၆၀)ခန႔္ ျပန္လည္ရရွိမွပဲ ေရာင္းထုတ္သြားဖြယ္ ရွိေနပါတယ္။

ဒီလို ျမင့္မားတဲ့ ေျပာင္းေ႐ြ႕ေၾကးနဲ႕ ဆိုရင္ ယူနိုက္တက္ဘက္က ရိုမဲရိုးကို ေခၚယူဖို႔အတြက္ လက္ေလ်ာ့သြားနိုင္ဖြယ္ ရွိေနၿပီး အသင္းရဲ႕ အဓိကပစ္မွတ္ျဖစ္တဲ့ ျပင္သစ္နဲ႕ ရီးရဲလ္မက္ဒရစ္ ေနာက္ခံကစားသမား ရာဖယ္ဗာရန္းကိုသာ အရေခၚယူဖြယ္ ရွိေနပါတယ္။

လက္ရွိမွာလည္း ယူနိုက္တက္အသင္းဟာ ဗာရန္းကို ေခၚယူဖို႔အတြက္ အေသအခ်ာ ႀကိဳးပမ္းလ်က္ ရွိလို႔ေနၿပီး တကယ္လို႔ ဗာရန္း နဲ႕ ရိုမဲရိုး ကို ေခၚယူဖို႔အတြက္ အဆင္မေျပခဲ့ရင္ လိုင္ယြန္အသင္းရဲ႕ ဒိန္းမတ္ေနာက္ခံလူ ဂ်ိဳအာခ်င္းအန္ဒါဆန္ကို ေျပာင္းလဲကမ္းလွမ္းဖြယ္ ရွိေနပါတယ္။

အန္ဒါဆန္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက လိုင္ယြန္ကေန ဖူလ္ဟမ္အသင္းမွာ အငွားလာေရာက္ကစားခဲ့ၿပီး ေျခစြမ္းေကာင္းေတြ ျပသနိုင္ခဲ့လို႔ သူ႕ကို မန္ခ်က္စတာ ယူနိုက္တက္အပါအဝင္ အာဆင္နယ္ စပါးအသင္းေတြကလည္း ပစ္မွတ္ထား ေနပါတယ္။