Unicode Version
မန်ချက်စတာ ယူနိုက်တက် နာမည်ကျော်တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ဘာဘာတော့ဗ်က ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြနေတဲ့ လိဒ်စ်အသင်း ကွင်းလယ်လူ ကယ်လ်ဗင်ဖိလစ်ကို ယူနိုက်တက်အသင်း ခေါ်ယူသင့်တယ်လို့ အကြံပြုတိုက်တွန်းခဲ့ပါတယ်။
ကွင်းလယ်လူ ကယ်လ်ဗင်ဖိလစ်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနေပြီး ယူရိုသမိုင်းတစ်လျှောက် အင်္ဂလန်အသင်းကို ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်နိုင်အောင် တစ်ဖက်တစ်လမ်းကနေ ပါဝင် ကူညီပေးခဲ့ပါတယ်။
ယူရိုမှာ ပြသနေတဲ့ ကယ်လ်ဗင်ဖိလစ်ရဲ့ ခြေစွမ်းကြောင့် လီဗာပူးလ်အပါအဝင် ပရီးမီးယားလိဂ်ထိပ်သီး အသင်းတွေက သူ့ကိုခေါ်ယူဖို့ မျက်စိကျနေပြီး ဘာဘာတော့ဗ်က ယူနိုက်တက်အသင်းအနေနဲ့ ကယ်လ်ဗင်ဖိလစ်ကို ကြိုးပမ်းသင့်တယ်လို့ တိုက်တွန်းခဲ့တာပါ။
ဘာဘာတော့ဗ်က “ဒိန်းမတ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ကယ်လ်ဗင်ဖိလစ်ဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး သူက ယူရိုပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံးပုံစံပြသနေတာပါ။
သိပ်မကြာခင်မှာ ထိပ်သီးအသင်းတစ်သင်းကို ကယ်လ်ဗင်ဖိလစ် ပြောင်းရွှေ့ဖို့ရှိနေပြီး ယူနိုက်တက်အသင်းနဲ့စာချုပ်ချုပ်တာကို ကျွန်တော်မြင်တွေ့လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Credit to Original
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း တစ္ဦးျဖစ္တဲ့ ဘာဘာေတာ့ဗ္က ယူရိုၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ ေျခစြမ္းျပေနတဲ့ လိဒ္စ္အသင္း ကြင္းလယ္လူ ကယ္လ္ဗင္ဖိလစ္ကို ယူနိုက္တက္အသင္း ေခၚယူသင့္တယ္လို႔ အႀကံျပဳတိုက္တြန္းခဲ့ပါတယ္။
ကြင္းလယ္လူ ကယ္လ္ဗင္ဖိလစ္ဟာ ယူရို-၂၀၂၀ ၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ အေကာင္းဆုံး ေျခစြမ္းျပ ကစားေနၿပီး ယူရိုသမိုင္းတစ္ေလွ်ာက္ အဂၤလန္အသင္းကို ပထမဆုံးအႀကိမ္ ဗိုလ္လုပြဲတက္ေရာက္နိုင္ေအာင္ တစ္ဖက္တစ္လမ္းကေန ပါဝင္ ကူညီေပးခဲ့ပါတယ္။
ယူရိုမွာ ျပသေနတဲ့ ကယ္လ္ဗင္ဖိလစ္ရဲ႕ ေျခစြမ္းေၾကာင့္ လီဗာပူးလ္အပါအဝင္ ပရီးမီးယားလိဂ္ထိပ္သီး အသင္းေတြက သူ႕ကိုေခၚယူဖို႔ မ်က္စိက်ေနၿပီး ဘာဘာေတာ့ဗ္က ယူနိုက္တက္အသင္းအေနနဲ႕ ကယ္လ္ဗင္ဖိလစ္ကို ႀကိဳးပမ္းသင့္တယ္လို႔ တိုက္တြန္းခဲ့တာပါ။
ဘာဘာေတာ့ဗ္က “ဒိန္းမတ္အသင္းကို အနိုင္ရခဲ့တဲ့ပြဲမွာ ကယ္လ္ဗင္ဖိလစ္ဟာ ေျခစြမ္းျပကစားနိုင္ခဲ့ၿပီး သူက ယူရိုၿပိဳင္ပြဲတစ္ေလွ်ာက္လုံး အေကာင္းဆုံးပုံစံျပသေနတာပါ။
သိပ္မၾကာခင္မွာ ထိပ္သီးအသင္းတစ္သင္းကို ကယ္လ္ဗင္ဖိလစ္ ေျပာင္းေ႐ႊ႕ဖို႔ရွိေနၿပီး ယူနိုက္တက္အသင္းနဲ႕စာခ်ဳပ္ခ်ဳပ္တာကို ကြၽန္ေတာ္ျမင္ေတြ႕လိုပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
Credit to Original