Spots news

ပရီးမီးယားလိဂ်ကို ပြန်ရောက်လာဖို့ရှိနေတဲ့ ယူနိုက်တက် ကြယ်ပွင့်ဟောင်း

Unicode Version

မန်ယူအသင်းရဲ့တချိန်ကကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ဘယ်ဂျီယန်လက်ရွေးစင်တောင်ပံကစားသမားဂျာနူးဇက်ဟာ ဆောက်သင်တန်အသင်းကို ပြောင်းရွှေ့ဖို့ဆွေးနွေးမှုတွေပြုလုပ်နေကြောင်းSportwitnessသတင်းအရသိရပါတယ်။

ဂျာနူးဇက်ဟာမန်ယူလူငယ်အသင်းကပေါ်ထွက်လာခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီးဖာဂူဆန်ခေတ်လွန်နည်းပြဟောင်းမိုရက်လက်ထက်မှာတောက်ပခဲ့တဲ့ကစားသမားလေးပါ။

မိုရက်အသင်းကနေထွက်ခွါပြီးနောက်ပိုင်းမှာဂျာနူးဇက်လည်းနေရာပျောက်ခဲ့ပြီးအငှားကစားသမားဘဝဖြင့်ကျင်လည်နေရာမှ၂၀၁၇ခုနှစ်မှာမန်ယူအသင်းကိုစွန့်ခွါပြီးစပိန်ကလပ်ဆိုစီဒက်အသင်းထံပေါင်၈.၅သန်းနဲ့ပြောင်းရွှေ့ခဲ့တာပါ။

ဆိုစိဒက်အသင်းနဲ့ဂျာနူဇက်တို့ရဲ့စာချုပ်သက်တမ်းဟာနောက်ဆုံးနှစ်ထဲကိုရောက်ရှိနေပြီးစာချုပ်သစ်အတွက်ဆွေးနွေးရာမှာမပြေလည်ဖြစ်နေတာကြောင့်ဆောက်သင်တန်အသင်းကအခုလိုကြားဝင်လာတာပါ။

ဆောက်သင်တန်အသင်းဟာ ၎င်းတို့အသင်းရဲ့တိုက်စစ်မှူးဒန်နီအင့်ကို စာချုပ်သက်တမ်းတိုးဖို့အဆင်မပြေဖြစ်နေတာကြောင့်အခုလိုတိုက်စစ်အားသန်ကစားသမားတွေအားဖြည့်ဖို့ ရှာဖွေနေတာပါ။

ဆိုစိဒက်အသင်းကတော့ဂျာနူဇက်အတွက်ပြောင်းရွှေကြေးကို မန်ယူအသင်းကိုပေးခဲ့ရတဲ့ပေါင်၈သန်းကိုပြန်လည်တောင်းဆိုထားကြောင်းသိရပါတယ်။

ဆောက်သင်တန်အသင်းကလည်းကစားသမားသစ်ကိုဝယ်ယူဖို့အတွက်အသင်းမှကစားသမားအချို့ကိုအရင်ရောင်းချရဦးမှာဖြစ်ကြောင်းသိရပါတယ်။

Zawgyi Version

မန္ယူအသင္းရဲ႕တခ်ိန္ကၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ဘယ္ဂ်ီယန္လက္ေ႐ြးစင္ေတာင္ပံကစားသမားဂ်ာႏူးဇက္ဟာ ေဆာက္သင္တန္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ေဆြးေႏြးမႈေတြျပဳလုပ္ေနေၾကာင္းSportwitnessသတင္းအရသိရပါတယ္။

ဂ်ာႏူးဇက္ဟာမန္ယူလူငယ္အသင္းကေပၚထြက္လာခဲ့တဲ့ကစားသမားတစ္ဦးျဖစ္ၿပီးဖာဂူဆန္ေခတ္လြန္နည္းျပေဟာင္းမိုရက္လက္ထက္မွာေတာက္ပခဲ့တဲ့ကစားသမားေလးပါ။

မိုရက္အသင္းကေနထြက္ခြါၿပီးေနာက္ပိုင္းမွာဂ်ာႏူးဇက္လည္းေနရာေပ်ာက္ခဲ့ၿပီးအငွားကစားသမားဘဝျဖင့္က်င္လည္ေနရာမွ၂၀၁၇ခုႏွစ္မွာမန္ယူအသင္းကိုစြန႔္ခြါၿပီးစပိန္ကလပ္ဆိုစီဒက္အသင္းထံေပါင္၈.၅သန္းနဲ႕ေျပာင္းေ႐ႊ႕ခဲ့တာပါ။

ဆိုစိဒက္အသင္းနဲ႕ဂ်ာႏူဇက္တို႔ရဲ႕စာခ်ဳပ္သက္တမ္းဟာေနာက္ဆုံးႏွစ္ထဲကိုေရာက္ရွိေနၿပီးစာခ်ဳပ္သစ္အတြက္ေဆြးေႏြးရာမွာမေျပလည္ျဖစ္ေနတာေၾကာင့္ေဆာက္သင္တန္အသင္းကအခုလိုၾကားဝင္လာတာပါ။

ေဆာက္သင္တန္အသင္းဟာ ၎တို႔အသင္းရဲ႕တိုက္စစ္မႉးဒန္နီအင့္ကို စာခ်ဳပ္သက္တမ္းတိုးဖို႔အဆင္မေျပျဖစ္ေနတာေၾကာင့္အခုလိုတိုက္စစ္အားသန္ကစားသမားေတြအားျဖည့္ဖို႔ ရွာေဖြေနတာပါ။

ဆိုစိဒက္အသင္းကေတာ့ဂ်ာႏူဇက္အတြက္ေျပာင္းေ႐ႊေၾကးကို မန္ယူအသင္းကိုေပးခဲ့ရတဲ့ေပါင္၈သန္းကိုျပန္လည္ေတာင္းဆိုထားေၾကာင္းသိရပါတယ္။

ေဆာက္သင္တန္အသင္းကလည္းကစားသမားသစ္ကိုဝယ္ယူဖို႔အတြက္အသင္းမွကစားသမားအခ်ိဳ႕ကိုအရင္ေရာင္းခ်ရဦးမွာျဖစ္ေၾကာင္းသိရပါတယ္။