Spots news

လုပ်ခလစာ ပိုပေးတဲ့ အာဆင်နယ်နဲ့ မန်စီးတီးကိုမရွေးပဲ ပီအက်စ်ဂျီကို ရာမိုစ့်ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်း

Unicode Version

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ဟာ Free Agent ကစားသမားတစ်ယောက် ဖြစ်လာချိန်မှာ သူ့ကို ကလပ်အသင်းများစွာကနေ ကမ်းလှမ်းမှုတွေ

လုပ်ဆောင်လာခဲ့ကြပြီး ဒီအသင်းတွေထဲမှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့လည်း ပါဝင်ခဲ့ကြပေမယ့် ရာမို့စ်က ဒီကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့ကာ ပီအက်စ်ဂျီအသင်းကိုသာ ရွေးချယ်ခဲ့တာလို့ သိရှိရပါတယ်။

ရာမို့စ်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်ဘက်ကနေ တစ်နှစ်လုပ်ခ ယူရို(၁၇)သန်း (၂)နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်က ဥရောပချန်ပီယံလိဂ်ဝင်ခွင့် မရရှိထားခဲ့တဲ့အတွက် ရာမို့စ်က အာဆင်နယ်ကို ငြင်းဆန်သွားခဲ့ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ချန်ပီယံ မန်စီးတီးအသင်းကလည်း ရာမို့စ်လို အတွေ့အကြုံရင့် နောက်ခံလူတစ်ဦးကို အလိုရှိနေတဲ့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ရာမို့စ်ကတော့ ပီအက်စ်ဂျီအသင်းကိုသာ ရွေးချယ်ခဲ့ပြီး အသင်းနဲ့ (၂)နှစ်စာချုပ်ချုပ်ဆို ဖြစ်ခဲ့ပါတယ်။

ရာမို့စ်က ပီအက်စ်ဂျီအသင်းမှာ တစ်နှစ်လုပ်ခ ယူရို(၁၃)သန်းအထိ ရရှိနေတာဖြစ်ပေမယ့် အပိုဆုကြေးတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ သူရဲ့တစ်နှစ်လုပ်ခက ယူရို(၁၅)သန်းအထိ ရှိနေမှာဖြစ်ပါတယ်။ ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းရဲ့

အနာဂတ်စီမံကိန်းတွေကို သဘောကျနှစ်သက်တာကြောင့်ရော အသင်းက နေမာ ဘာပေတို့လို ကြယ်ပွင့်ကစားသမားတွေနဲ့ တွဲဖက်ပြီး အောင်မြင်မှု‌တွေကို ရယူသွားချင်တဲ့အတွက်ကြောင့်ပါ ပီအက်စ်ဂျီနဲ့ ပူးပေါင်းလိုက်တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကလည်း ဒီရာသီအတွင်းမှာ ရာမို့စ်အပါအဝင် ကွင်းလယ်လူ ဝိုင်နယ်ဒမ်း ညာနောက်ခံလူ ဟာခီမီနဲ့ ဂိုးသမားဒွန်နာရမ်မာတို့ကိုပါ ခေါ်ယူထားခဲ့ပြီး အသင်းရဲ့ ကစားသမားအင်အားကို အကောင်းဆုံးမြင့်တင်ထားနိုင်ခဲ့သလို မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကိုပါ ခေါ်ယူဖွယ် ရှိနေပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္အသင္းနဲ႕ လမ္းခြဲခဲ့တဲ့ ဝါရင့္ေနာက္ခံကစားသမားႀကီး ဆာဂ်ီယိုရာမို႔စ္ဟာ Free Agent ကစားသမားတစ္ေယာက္ ျဖစ္လာခ်ိန္မွာ သူ႕ကို ကလပ္အသင္းမ်ားစြာကေန ကမ္းလွမ္းမႈေတြ

လုပ္ေဆာင္လာခဲ့ၾကၿပီး ဒီအသင္းေတြထဲမွာ ပရီးမီးယားလိဂ္အသင္းေတြျဖစ္တဲ့ မန္စီးတီးနဲ႕ အာဆင္နယ္တို႔လည္း ပါဝင္ခဲ့ၾကေပမယ့္ ရာမို႔စ္က ဒီကမ္းလွမ္းမႈေတြကို ျငင္းဆန္ခဲ့ကာ ပီအက္စ္ဂ်ီအသင္းကိုသာ ေ႐ြးခ်ယ္ခဲ့တာလို႔ သိရွိရပါတယ္။

ရာမို႔စ္ကို ေခၚယူဖို႔အတြက္ အာဆင္နယ္ဘက္ကေန တစ္ႏွစ္လုပ္ခ ယူရို(၁၇)သန္း (၂)ႏွစ္စာခ်ဳပ္နဲ႕ ကမ္းလွမ္းခဲ့ေပမယ့္ အာဆင္နယ္က ဥေရာပခ်န္ပီယံလိဂ္ဝင္ခြင့္ မရရွိထားခဲ့တဲ့အတြက္ ရာမို႔စ္က အာဆင္နယ္ကို ျငင္းဆန္သြားခဲ့ပါတယ္။

ဒါ့အျပင္ ပရီးမီးယားလိဂ္ရဲ႕ခ်န္ပီယံ မန္စီးတီးအသင္းကလည္း ရာမို႔စ္လို အေတြ႕အႀကဳံရင့္ ေနာက္ခံလူတစ္ဦးကို အလိုရွိေနတဲ့အတြက္ ကမ္းလွမ္းမႈေတြ လုပ္ေဆာင္ခဲ့ေပမယ့္ ရာမို႔စ္ကေတာ့ ပီအက္စ္ဂ်ီအသင္းကိုသာ ေ႐ြးခ်ယ္ခဲ့ၿပီး အသင္းနဲ႕ (၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆို ျဖစ္ခဲ့ပါတယ္။

ရာမို႔စ္က ပီအက္စ္ဂ်ီအသင္းမွာ တစ္ႏွစ္လုပ္ခ ယူရို(၁၃)သန္းအထိ ရရွိေနတာျဖစ္ေပမယ့္ အပိုဆုေၾကးေတြနဲ႕ ေပါင္းလိုက္မယ္ဆိုရင္ေတာ့ သူရဲ႕တစ္ႏွစ္လုပ္ခက ယူရို(၁၅)သန္းအထိ ရွိေနမွာျဖစ္ပါတယ္။ ရာမို႔စ္ဟာ ပီအက္စ္ဂ်ီအသင္းရဲ႕

အနာဂတ္စီမံကိန္းေတြကို သေဘာက်ႏွစ္သက္တာေၾကာင့္ေရာ အသင္းက ေနမာ ဘာေပတို႔လို ၾကယ္ပြင့္ကစားသမားေတြနဲ႕ တြဲဖက္ၿပီး ေအာင္ျမင္မႈ‌ေတြကို ရယူသြားခ်င္တဲ့အတြက္ေၾကာင့္ပါ ပီအက္စ္ဂ်ီနဲ႕ ပူးေပါင္းလိုက္တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းကလည္း ဒီရာသီအတြင္းမွာ ရာမို႔စ္အပါအဝင္ ကြင္းလယ္လူ ဝိုင္နယ္ဒမ္း ညာေနာက္ခံလူ ဟာခီမီနဲ႕ ဂိုးသမားဒြန္နာရမ္မာတို႔ကိုပါ ေခၚယူထားခဲ့ၿပီး အသင္းရဲ႕ ကစားသမားအင္အားကို အေကာင္းဆုံးျမင့္တင္ထားနိုင္ခဲ့သလို မန္ခ်က္စတာယူနိုက္တက္ ကြင္းလယ္လူ ေပါလ္ေပါ့ဘာကိုပါ ေခၚယူဖြယ္ ရွိေနပါတယ္။