Unicode Version
ယူနိုက်တက် ကွင်းလယ်လူ မာတာ ဟာ ကလပ် အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ ဆက်ရှိ နေမယ့် စာချုပ်သစ် ကို ချုပ်ဆို နိုင်ခဲ့ ပြီး နောက်ထပ် ဝမ်းသာစရာအနေနဲ့ ဟွမ်မာတာ ဟာ သူ ကိုယ်တိုင် ဦးစီး လုပ်ဆောင်နေတဲ့ Common Goal ပရဟိတ အတွက် ကြီးမားတဲ့ လက်တွဲဖော် တစ်ခုကို ရရှိခဲ့ ပါတယ် ။ အဲ့ဒါကတော့ Adidas ပါပဲ ။
လက်ရှိ ကျင်းပ နေတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲ မှာ အသုံးပြုတဲ့ ဘောလုံးတွေကို ထုတ်လုပ်ပေး နေတဲ့ Adidas အဖွဲ့ကြီး ဟာ ဟွမ်မာတာ ရဲ့ Common Goal ပရဟိတ မှာ ၂၀၂၃ ခုနှစ် နှစ်ကုန် အထိ ပါဝင်ဖို့ သဘောတူခဲ့ပြီး တစ်ကမ္ဘာလုံးက ရောင်းရငွေရဲ့ ၁% ကို ထည့်ဝင် လှူဒန်း သွားမှာ ဖြစ်ပါတယ် ။
Common Goal ပရဟိတ ဟာ ဟွမ်မာတာ နဲ့ ဂျာဂင် ဂရိစ်ဘတ် တို့ ၂၀၁၇ ခုနှစ်မှာ ပူးပေါင်းပြီး စတင် အကောင်အထည် ဖော်ခဲ့တဲ့ လုပ်ငန်း တစ်ခု ဖြစ်ပါတယ် ။ Common Goal မှာ ပါဝင်သူတိုင်းဟာ သူတို့ ရဲ့ လစဉ် ဝင်ငွေရဲ့ ၁% ကို ထည့်ဝင် လှူဒါန်း ရမှာ ဖြစ်ပါတယ် ။
လက်ရှိ အချိန်အထိ မာတာ ရဲ့ အစီအစဉ်မှာ အီတလီ အသင်းခေါင်းဆောင် ချီယာလီနီ ၊ လီဗာပူး နည်းပြ ကလော့ ၊ ယူနိုက်တက် အမျိုးသမီး အသင်း နည်းပြဟောင်း ကေစီစတုန်နီ ၊ ဂျာမနီ နဲ့ ချဲလ်ဆီး တိုက်စစ်မှူး တီမို ဗာနာ တို့ အပါအဝင် ဘောလုံးလောက ထဲက ကစားသမား ၊ ဝန်ထမ်း နဲ့ နည်းပြပေါင်း များစွာ ပါဝင် ထားခဲ့ကြပြီ ဖြစ်ပါတယ် ။
Common Goal ဟာ အဆိုပါ အလှူငွေတွေကို ကမ္ဘာတစ်ဝှမ်း မှာ ရှိတဲ့ အကူအညီ လိုအပ်နေတဲ့ သူတွေ အထူးသဖြင့် ကလေးငယ်တွေ ကိုထောက်ပံ့ လှူဒါန်း သွားမှာ ဖြစ်ပါတယ် ။ မာတာ နဲ့ ဂရိစ်ဘတ် တို့ ဟာ
ဘောလုံး လောကကြီး တစ်ခုလုံး သူတို့ရဲ့ စီမံကိန်းမှာ ပါဝင်လာဖို့ အထိ မျှော်မှန်းထားကြပြီး တစ်နှစ်ကို ယူရို သန်း ၅၀ အထိ အလှူငွေ ရရှိ ထားဖို့ ရည်မှန်းထား ကြပါတယ်။
ဒီလို မွန်မြတ် တဲ့ စီမံကိန်း ကို အကောင်အထည် ဖော်နေတဲ့ မာတာ အတွက် Adidas လို အားကစား လောကရဲ့ ထိပ်တန်း အမှတ်တံဆိပ် တစ်ခု ပါဝင်လာခဲ့တာဟာ ကြီးမားတဲ့ ခြေလှမ်းတစ်ခုကို လှမ်းတက် လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။
“ကျွန်တော် ဟာ Adidas ရဲ့ မိသားစုဝင်တစ်ယောက်လို နှစ်ပေါင်းများစွာ ရှိနေခဲ့တာပါ ။ အခုလို Common Goal မှာ Adidas ပါဝင်လာ နိုင်တာဟာ အရမ်းကို ကောင်းမွန်တဲ့ ပူးပေါင်း
လုပ်ဆောင်မှု ပါပဲ ။ ဒီပူးပေါင်းမှုဟာ ဘောလုံးကို လူမှုကိစ္စရပ်တွေရဲ့ ကောင်းမွန်တဲ့ နေရာတွေမှာ ပါဝင်နိုင်ဖို့ အတွက် ခွန်အားတစ်ရပ် အနေနဲ့ အသုံးပြုနိုင်ဖို့ အကူအညီ ဖြစ်စေခဲ့ ပါတယ်”
“ ဒါကြောင့် ဒီ Common Goal အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့တာပါ ။ ကျွန်တော်တို့ ရဲ့ ရည်မှန်းချက် ကတော့ Common Goal ကို ကမ္ဘာ့အကြီးမားဆုံး ဘောလုံးအစုအဝေးကြီး ဖြစ်စေချင်တာပါပဲ ။ ဒါကြောင့် ဘယ်နေရာက ဘယ်သူ့ကိုမဆို လက်ကမ်း ကြိုဆို နေမှာပါ” လို့ မာတာ က ပြောဆို သွားခဲ့ ပါတယ် ။
Adidas ကလည်း အခုလို ပူးပေါင်းဆောင်ရွက်မှုဟာ အားကစားကို ကမ္ဘာတစ်ဝှမ်းက လူငယ်တွေရဲ့ ဘ၀ အတွက် အထောက်အကူ တစ်ခု အဖြစ် ပုံဖော် ပေးရာမှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ
ပိုမို ရရှိ လာစေဖို့ ဖြစ်တယ်လို့ ဆိုသွားခဲ့ ပါတယ် ။ Adidas ရဲ့ ပူးပေါင်း ဆောင်ရွက်မှု အပြီးမှာတော့ Common Goal ဟာ ကမ္ဘာပေါ်က လူငယ်ပေါင်း ၉ သောင်းကျော်ကို ထောက်ပံ့မှုတွေ လုပ်ဆောင် ပေးနိုင်တော့မယ်လို့ သိရ ပါတယ် ။
Zawgyi Version
ယူနိုက္တက္ ကြင္းလယ္လူ မာတာ ဟာ ကလပ္ အသင္းနဲ႕ ၂၀၂၃ ခုႏွစ္အထိ ဆက္ရွိ ေနမယ့္ စာခ်ဳပ္သစ္ ကို ခ်ဳပ္ဆို နိုင္ခဲ့ ၿပီး ေနာက္ထပ္ ဝမ္းသာစရာအေနနဲ႕ ဟြမ္မာတာ ဟာ သူ ကိုယ္တိုင္ ဦးစီး လုပ္ေဆာင္ေနတဲ့ Common Goal ပရဟိတ အတြက္ ႀကီးမားတဲ့ လက္တြဲေဖာ္ တစ္ခုကို ရရွိခဲ့ ပါတယ္ ။ အဲ့ဒါကေတာ့ Adidas ပါပဲ ။
လက္ရွိ က်င္းပ ေနတဲ့ ယူရို ၂၀၂၀ ၿပိဳင္ပြဲ မွာ အသုံးျပဳတဲ့ ေဘာလုံးေတြကို ထုတ္လုပ္ေပး ေနတဲ့ Adidas အဖြဲ႕ႀကီး ဟာ ဟြမ္မာတာ ရဲ႕ Common Goal ပရဟိတ မွာ ၂၀၂၃ ခုႏွစ္ ႏွစ္ကုန္ အထိ ပါဝင္ဖို႔ သေဘာတူခဲ့ၿပီး တစ္ကမာၻလုံးက ေရာင္းရေငြရဲ႕ ၁% ကို ထည့္ဝင္ လႉဒန္း သြားမွာ ျဖစ္ပါတယ္ ။
Common Goal ပရဟိတ ဟာ ဟြမ္မာတာ နဲ႕ ဂ်ာဂင္ ဂရိစ္ဘတ္ တို႔ ၂၀၁၇ ခုႏွစ္မွာ ပူးေပါင္းၿပီး စတင္ အေကာင္အထည္ ေဖာ္ခဲ့တဲ့ လုပ္ငန္း တစ္ခု ျဖစ္ပါတယ္ ။ Common Goal မွာ ပါဝင္သူတိုင္းဟာ သူတို႔ ရဲ႕ လစဥ္ ဝင္ေငြရဲ႕ ၁% ကို ထည့္ဝင္ လႉဒါန္း ရမွာ ျဖစ္ပါတယ္ ။
လက္ရွိ အခ်ိန္အထိ မာတာ ရဲ႕ အစီအစဥ္မွာ အီတလီ အသင္းေခါင္းေဆာင္ ခ်ီယာလီနီ ၊ လီဗာပူး နည္းျပ ကေလာ့ ၊ ယူနိုက္တက္ အမ်ိဳးသမီး အသင္း နည္းျပေဟာင္း ေကစီစတုန္နီ ၊ ဂ်ာမနီ နဲ႕ ခ်ဲလ္ဆီး တိုက္စစ္မႉး တီမို ဗာနာ တို႔ အပါအဝင္ ေဘာလုံးေလာက ထဲက ကစားသမား ၊ ဝန္ထမ္း နဲ႕ နည္းျပေပါင္း မ်ားစြာ ပါဝင္ ထားခဲ့ၾကၿပီ ျဖစ္ပါတယ္ ။
Common Goal ဟာ အဆိုပါ အလႉေငြေတြကို ကမာၻတစ္ဝွမ္း မွာ ရွိတဲ့ အကူအညီ လိုအပ္ေနတဲ့ သူေတြ အထူးသျဖင့္ ကေလးငယ္ေတြ ကိုေထာက္ပံ့ လႉဒါန္း သြားမွာ ျဖစ္ပါတယ္ ။ မာတာ နဲ႕ ဂရိစ္ဘတ္ တို႔ ဟာ
ေဘာလုံး ေလာကႀကီး တစ္ခုလုံး သူတို႔ရဲ႕ စီမံကိန္းမွာ ပါဝင္လာဖို႔ အထိ ေမွ်ာ္မွန္းထားၾကၿပီး တစ္ႏွစ္ကို ယူရို သန္း ၅၀ အထိ အလႉေငြ ရရွိ ထားဖို႔ ရည္မွန္းထား ၾကပါတယ္။
ဒီလို မြန္ျမတ္ တဲ့ စီမံကိန္း ကို အေကာင္အထည္ ေဖာ္ေနတဲ့ မာတာ အတြက္ Adidas လို အားကစား ေလာကရဲ႕ ထိပ္တန္း အမွတ္တံဆိပ္ တစ္ခု ပါဝင္လာခဲ့တာဟာ ႀကီးမားတဲ့ ေျခလွမ္းတစ္ခုကို လွမ္းတက္ လာနိုင္ခဲ့တာပဲ ျဖစ္ပါတယ္ ။
“ကြၽန္ေတာ္ ဟာ Adidas ရဲ႕ မိသားစုဝင္တစ္ေယာက္လို ႏွစ္ေပါင္းမ်ားစြာ ရွိေနခဲ့တာပါ ။ အခုလို Common Goal မွာ Adidas ပါဝင္လာ နိုင္တာဟာ အရမ္းကို ေကာင္းမြန္တဲ့ ပူးေပါင္း
လုပ္ေဆာင္မႈ ပါပဲ ။ ဒီပူးေပါင္းမႈဟာ ေဘာလုံးကို လူမႈကိစၥရပ္ေတြရဲ႕ ေကာင္းမြန္တဲ့ ေနရာေတြမွာ ပါဝင္နိုင္ဖို႔ အတြက္ ခြန္အားတစ္ရပ္ အေနနဲ႕ အသုံးျပဳနိုင္ဖို႔ အကူအညီ ျဖစ္ေစခဲ့ ပါတယ္”
“ ဒါေၾကာင့္ ဒီ Common Goal အစီအစဥ္ကို အေကာင္အထည္ ေဖာ္ခဲ့တာပါ ။ ကြၽန္ေတာ္တို႔ ရဲ႕ ရည္မွန္းခ်က္ ကေတာ့ Common Goal ကို ကမာၻ႔အႀကီးမားဆုံး ေဘာလုံးအစုအေဝးႀကီး ျဖစ္ေစခ်င္တာပါပဲ ။ ဒါေၾကာင့္ ဘယ္ေနရာက ဘယ္သူ႕ကိုမဆို လက္ကမ္း ႀကိဳဆို ေနမွာပါ” လို႔ မာတာ က ေျပာဆို သြားခဲ့ ပါတယ္ ။
Adidas ကလည္း အခုလို ပူးေပါင္းေဆာင္႐ြက္မႈဟာ အားကစားကို ကမာၻတစ္ဝွမ္းက လူငယ္ေတြရဲ႕ ဘ၀ အတြက္ အေထာက္အကူ တစ္ခု အျဖစ္ ပုံေဖာ္ ေပးရာမွာ ေကာင္းမြန္တဲ့ အက်ိဳးသက္ေရာက္မႈေတြ
ပိုမို ရရွိ လာေစဖို႔ ျဖစ္တယ္လို႔ ဆိုသြားခဲ့ ပါတယ္ ။ Adidas ရဲ႕ ပူးေပါင္း ေဆာင္႐ြက္မႈ အၿပီးမွာေတာ့ Common Goal ဟာ ကမာၻေပၚက လူငယ္ေပါင္း ၉ ေသာင္းေက်ာ္ကို ေထာက္ပံ့မႈေတြ လုပ္ေဆာင္ ေပးနိုင္ေတာ့မယ္လို႔ သိရ ပါတယ္ ။