Unicode Version
အပြောင်းအရွှေ့တွေမှာ လက်သွက်နေတဲ့ ပြင်သစ် ထိပ်သီး ကလပ် ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းလာတယ်လို့ သိရပါတယ်။ ပြင်သစ်ဘီလူးတို့ဟာ အခုအပြောင်းအရွှေ့မှာပဲ ရာမို့စ် ၊ ဝှစ်ချ်နယ်ဒန် ၊ ဟာကီမီတို့ကို ခပ်သွက်သွက်ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။
ပိုချက်တီနိုကတော့ လီဂူးဝမ်းချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာကြောင့် အသင်းရဲ့ လူအင်အားကိုဖြည့်တင်းဖို့ စီစဉ်လာတာဖြစ်ပါတယ်။ ပြင်သစ်သတင်းဌာနတစ်ခုကလည်း ပီအက်စ်ဂျီဟာ ပေါ့ဘာကို ခေါ်ယူဖို့ အရှိန်မြှင့်တင်လာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ပေါ့ဘာဟာ ၂၀၂၂ခုနှစ်မှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ယူနိုက်တက် ဘက်ကနေ သူတို့ရဲ့ကြယ်ပွင့် ကစားသမားကို သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်ထိ သက်တမ်းတိုးဖို့က အဆင်မပြေနေတာပဲ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိလို့နေပြီး ရိုင်အိုလာကလည်း အေးဂျင့်ကြေးကို မြိုးမြိုးမြက်မြက် ရနိုင်တာကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ စွမ်းဆောင်ဖွယ် ရှိနေပါတယ်။
ပီအက်စ်ဂျီဟာ ပေါ့ဘာကို ပေါင် ၅၁ သန်းနဲ့ခေါ်ယူဖို့ပြင်ဆင်နေပြီး ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ ပြင်သစ်အသင်းနဲ့ အတူ ခြေစွမ်းကောင်းတစ်ရပ်ပြသနိုင်ခဲ့ပေမယ့် ဆွစ်ဇာလန်ကို ပင်နယ်တီနဲ့ အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။
လက်ရှိအချိန်မှာ ပေ့ါဘာကို ပီအက်စ်ဂျီအသင်း အပါအဝင် ဥရောပထိပ်သီး အသင်းတွေက ပစ်မှတ်ထား နေကြပြီး ရိုင်အိုလာကလည်း ပေ့ါဘာကို ယူနိုက်တက်နဲ့ လမ်းခွဲဖို့ တိုက်တွန်းသွားမယ့် အနေအထားရှိလို့ နေတာကြောင့် ယူနိုက်တက် အနေနဲ့ ရောင်းချရဖွယ် ရှိနေပါတယ်။
Zawgyi Version
အေျပာင္းအေ႐ႊ႕ေတြမွာ လက္သြက္ေနတဲ့ ျပင္သစ္ ထိပ္သီး ကလပ္ ပီအက္စ္ဂ်ီအသင္းဟာ ယူနိုက္တက္ ကြင္းလယ္လူ ေပါ့ဘာကို ေခၚယူဖို႔ အရွိန္ျမႇင့္ႀကိဳးပမ္းလာတယ္လို႔ သိရပါတယ္။ ျပင္သစ္ဘီလူးတို႔ဟာ အခုအေျပာင္းအေ႐ႊ႕မွာပဲ ရာမို႔စ္ ၊ ဝွစ္ခ်္နယ္ဒန္ ၊ ဟာကီမီတို႔ကို ခပ္သြက္သြက္ေခၚယူထားခဲ့တာျဖစ္ပါတယ္။
ပိုခ်က္တီနိုကေတာ့ လီဂူးဝမ္းခ်န္ပီယံဆုနဲ႕ လြဲေခ်ာ္ခဲ့တာေၾကာင့္ အသင္းရဲ႕ လူအင္အားကိုျဖည့္တင္းဖို႔ စီစဥ္လာတာျဖစ္ပါတယ္။ ျပင္သစ္သတင္းဌာနတစ္ခုကလည္း ပီအက္စ္ဂ်ီဟာ ေပါ့ဘာကို ေခၚယူဖို႔ အရွိန္ျမႇင့္တင္လာခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
ေပါ့ဘာဟာ ၂၀၂၂ခုႏွစ္မွာပဲ ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္တဲ့အတြက္ ယူနိုက္တက္ ဘက္ကေန သူတို႔ရဲ႕ၾကယ္ပြင့္ ကစားသမားကို သက္တမ္းတိုးဖို႔ လုပ္ေဆာင္ေနေပမယ့္ လက္ရွိအခ်ိန္ထိ သက္တမ္းတိုးဖို႔က အဆင္မေျပေနတာပဲ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီ အသင္းဟာ ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္သူ ရိုင္အိုလာနဲ႕ပါ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိလို႔ေနၿပီး ရိုင္အိုလာကလည္း ေအးဂ်င့္ေၾကးကို ၿမိဳးၿမိဳးျမက္ျမက္ ရနိုင္တာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕ ျဖစ္ေပၚလာဖို႔ စြမ္းေဆာင္ဖြယ္ ရွိေနပါတယ္။
ပီအက္စ္ဂ်ီဟာ ေပါ့ဘာကို ေပါင္ ၅၁ သန္းနဲ႕ေခၚယူဖို႔ျပင္ဆင္ေနၿပီး ယူနိုက္တက္အသင္းနဲ႕ ေဆြးေႏြးဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ ေပါ့ဘာဟာ ျပင္သစ္အသင္းနဲ႕ အတူ ေျခစြမ္းေကာင္းတစ္ရပ္ျပသနိုင္ခဲ့ေပမယ့္ ဆြစ္ဇာလန္ကို ပင္နယ္တီနဲ႕ အေရးနိမ့္ၿပီး ထြက္ခြာခဲ့ရပါတယ္။
လက္ရွိအခ်ိန္မွာ ေပ့ါဘာကို ပီအက္စ္ဂ်ီအသင္း အပါအဝင္ ဥေရာပထိပ္သီး အသင္းေတြက ပစ္မွတ္ထား ေနၾကၿပီး ရိုင္အိုလာကလည္း ေပ့ါဘာကို ယူနိုက္တက္နဲ႕ လမ္းခြဲဖို႔ တိုက္တြန္းသြားမယ့္ အေနအထားရွိလို႔ ေနတာေၾကာင့္ ယူနိုက္တက္ အေနနဲ႕ ေရာင္းခ်ရဖြယ္ ရွိေနပါတယ္။