Unicode Version
ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာကတော့ ယခုနှစ် ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ သူ့နဲ့ ရင်းနှီးလှတဲ့ သူငယ်ချင်း ဖြစ်တဲ့ မက်ဆီရဲ့ အာဂျင်တီးနားအသင်းနဲ့ လာရောက် တွေ့ဆုံနေတဲ့ အတွက် ဝမ်းသာ မိကြောင်းနဲ့ မက်ဆီရဲ့ အာဂျင်တီးနားကို အနိုင်ရချင်ကြောင်း ဆိုသွားပါတယ်။
ဘရာဇီးလ်အသင်းဟာ အသင်းရဲ့ ၁၀ကြိမ်မြောက် ကိုပါအမေရိကဖလားကို အရယူဖို့ ဆုံးဖြတ်ထားသလို မက်ဆီ ဦးဆောင်လာတဲ့ အာဂျင်တီးနားအသင်းကလည်း ၂၈နှစ်ကြာ ဝေးကွာနေတဲ့ ကိုပါအမေရိကဖလား အောင်ပွဲကို ရယူဖို့ အပီအပြင် ကြိုးစားနေပါတယ်။
ထို့ကြောင့် ကိုပါအမေရိက ဗိုလ်လုပွဲဟာ နောက်ဆုံး ကစားခဲ့တဲ့ ကိုပါအမေရိက ဗိုလ်လုပွဲတွေ အနက် အကောင်းဆုံး ပွဲစဉ်တပွဲ ဖြစ်လိမ့်မယ်လို့ တောင်အမေရိက သတင်းထောက်တွေက ရေးသား ဖော်ပြနေကြပြီး နှစ်သင်းစလုံးကလည်း ဆုဖလား အောင်မြင်မှု ရရှိဖို့ အစွမ်းကုန် ကြိုးစားနေကြပါတယ်။
ဘရာဇီးလ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ နေမာကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း မက်ဆီဟာ သူမြင်ဖူးသမျှ ကစားသမားထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်းနဲ့ ကိုပါအမေရိကဗိုလ်လုပွဲမှာ မက်ဆီ ပါဝင်တဲ့ အာဂျင်တီးနားအသင်းကို အနိုင်ရချင်ကြောင်း ဆိုလာပါတယ်။
နေမာက – “ကျွန်တော် အမြဲတမ်း ပြောသလိုပါပဲ။ မက်ဆီက ကျွန်တော် မြင်ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားပါ။ ပြီးတော့ သူက အရမ်းကို ခင်ဖို့ ကောင်းတဲ့ မိတ်ဆွေတဦးပါ။ ဒါပေမယ့် ကျွန်တော်တို့က အခုတော့ ဗိုလ်လုပွဲမှာ တွေ့နေကြပါပြီ။
ကျွန်တော်တို့က ပြိုင်ဘက်တွေပါ။ ဒီဗိုလ်လုပွဲကို ကျွန်တော် တကယ် အနိုင်ရချင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ပထမဦးဆုံး ကိုပါအမေရိကဖလားလည်း ဖြစ်လာနိုင်ပါတယ်။ မက်ဆီကလည်း သူ့ရဲ့ နိုင်ငံအသင်းနဲ့ ပထမဦးဆုံး ဆုဖလားကို အရယူနိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပါတယ်။
ဒါကြောင့် ဘရာဇီးလ်အသင်း ပြိုင်ပွဲမှာ မရှိတော့တိုင်း ကျွန်တော်က အာဂျင်တီးနားကို အားပေးခဲ့ပါတယ်။ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမဏီနဲ့ တွေ့တုန်းကလည်း ကျွန်တော် အာဂျင်တီးနားအသင်းကို အားပေးခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဘရာဇီးလ်အသင်းက ဗိုလ်လုပွဲ ရောက်နေပါပြီ။ ဒီတော့ ကျွန်တော်တို့ရဲ့ သံယောဇဉ်တွေကို ခဏလေး ဘေးဖယ်ထားရပါမယ်” လို့ ပြောကြား သွားခဲ့တာပါ။
Zawgyi Version
ဘရာဇီးလ္ လက္ေ႐ြးစင္ တိုက္စစ္မႉး ေနမာကေတာ့ ယခုႏွစ္ ကိုပါအေမရိကဖလား ဗိုလ္လုပြဲမွာ သူ႕နဲ႕ ရင္းႏွီးလွတဲ့ သူငယ္ခ်င္း ျဖစ္တဲ့ မက္ဆီရဲ႕ အာဂ်င္တီးနားအသင္းနဲ႕ လာေရာက္ ေတြ႕ဆုံေနတဲ့ အတြက္ ဝမ္းသာ မိေၾကာင္းနဲ႕ မက္ဆီရဲ႕ အာဂ်င္တီးနားကို အနိုင္ရခ်င္ေၾကာင္း ဆိုသြားပါတယ္။
ဘရာဇီးလ္အသင္းဟာ အသင္းရဲ႕ ၁၀ႀကိမ္ေျမာက္ ကိုပါအေမရိကဖလားကို အရယူဖို႔ ဆုံးျဖတ္ထားသလို မက္ဆီ ဦးေဆာင္လာတဲ့ အာဂ်င္တီးနားအသင္းကလည္း ၂၈ႏွစ္ၾကာ ေဝးကြာေနတဲ့ ကိုပါအေမရိကဖလား ေအာင္ပြဲကို ရယူဖို႔ အပီအျပင္ ႀကိဳးစားေနပါတယ္။
ထို႔ေၾကာင့္ ကိုပါအေမရိက ဗိုလ္လုပြဲဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ကိုပါအေမရိက ဗိုလ္လုပြဲေတြ အနက္ အေကာင္းဆုံး ပြဲစဥ္တပြဲ ျဖစ္လိမ့္မယ္လို႔ ေတာင္အေမရိက သတင္းေထာက္ေတြက ေရးသား ေဖာ္ျပေနၾကၿပီး ႏွစ္သင္းစလုံးကလည္း ဆုဖလား ေအာင္ျမင္မႈ ရရွိဖို႔ အစြမ္းကုန္ ႀကိဳးစားေနၾကပါတယ္။
ဘရာဇီးလ္အသင္းရဲ႕ အဓိက တိုက္စစ္မႉး ျဖစ္သူ ေနမာကေတာ့ သူ႕ရဲ႕ အသင္းေဖာ္ေဟာင္း မက္ဆီဟာ သူျမင္ဖူးသမွ် ကစားသမားထဲမွာ အေကာင္းဆုံး ကစားသမား ျဖစ္ေၾကာင္းနဲ႕ ကိုပါအေမရိကဗိုလ္လုပြဲမွာ မက္ဆီ ပါဝင္တဲ့ အာဂ်င္တီးနားအသင္းကို အနိုင္ရခ်င္ေၾကာင္း ဆိုလာပါတယ္။
ေနမာက – “ကြၽန္ေတာ္ အၿမဲတမ္း ေျပာသလိုပါပဲ။ မက္ဆီက ကြၽန္ေတာ္ ျမင္ဖူးသမွ် ကစားသမားေတြထဲမွာ အေကာင္းဆုံး ကစားသမားပါ။ ၿပီးေတာ့ သူက အရမ္းကို ခင္ဖို႔ ေကာင္းတဲ့ မိတ္ေဆြတဦးပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က အခုေတာ့ ဗိုလ္လုပြဲမွာ ေတြ႕ေနၾကပါၿပီ။
ကြၽန္ေတာ္တို႔က ၿပိဳင္ဘက္ေတြပါ။ ဒီဗိုလ္လုပြဲကို ကြၽန္ေတာ္ တကယ္ အနိုင္ရခ်င္ပါတယ္။ ဒါက ကြၽန္ေတာ့္ရဲ႕ ပထမဦးဆုံး ကိုပါအေမရိကဖလားလည္း ျဖစ္လာနိုင္ပါတယ္။ မက္ဆီကလည္း သူ႕ရဲ႕ နိုင္ငံအသင္းနဲ႕ ပထမဦးဆုံး ဆုဖလားကို အရယူနိုင္ဖို႔ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားခဲ့ပါတယ္။
ဒါေၾကာင့္ ဘရာဇီးလ္အသင္း ၿပိဳင္ပြဲမွာ မရွိေတာ့တိုင္း ကြၽန္ေတာ္က အာဂ်င္တီးနားကို အားေပးခဲ့ပါတယ္။ ၂၀၁၄ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဂ်ာမဏီနဲ႕ ေတြ႕တုန္းကလည္း ကြၽန္ေတာ္ အာဂ်င္တီးနားအသင္းကို အားေပးခဲ့ပါတယ္။
ဒါေပမယ့္ အခုေတာ့ ဘရာဇီးလ္အသင္းက ဗိုလ္လုပြဲ ေရာက္ေနပါၿပီ။ ဒီေတာ့ ကြၽန္ေတာ္တို႔ရဲ႕ သံေယာဇဥ္ေတြကို ခဏေလး ေဘးဖယ္ထားရပါမယ္” လို႔ ေျပာၾကား သြားခဲ့တာပါ။