Spots news

နံပါတ် ၈ ကိုလိုချင်ရင် “ကောင်လေးကြိုးစားဦး ” လို့ ဖာနန်ဒက်စ်ကို သတိပေးလိုက်တဲ့ မာတာ

Unicode Version

အသင်းဖော် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ နောက်ထပ် တစ်နှစ်မကစောင့်လဲ မာတာဝတ်ဆင်ထားတဲ့ ယူနိုက်တက်ရဲ့ ကျောနံပါတ် ၈ ကို ရရှိနိုင်ဦးမှာ မဟုတ်‌သေးဘူးလို့ ဂျူအန်မာတာက ပေါ်တူဂီ ကွင်းလယ်ဖန်တီးရှင်ကို သတိပေးသွားပါတယ်။

အသက် ၃၃ နှစ်အရွယ် စပိန်သားကြီး မာတာဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တစ်နှစ် တိုးခဲ့တာကြောင့် သူကြိုက်နှစ်သက်တဲ့ ကျောနံပါတ် ၈ ကို ယူနိုက်တက်မှာပဲ ဆက်လက် ဝတ်ဆင်သွားဦးမှာဖြစ်ပါတယ်။

စပို့တင်းအသင်းက ပြောင်းလာတဲ့ ဖာနန်ဒက်စ်ဟာလည်း ကျောနံပါတ် ၈ ခရေဇီတစ်ယောက်ဖြစ်ပြီး ဖာနန်ဒက်စ်နဲ့ မာတာတို့ဟာ ယူနိုက်တက်မှာ ရင်းနှီးတဲ့သူငယ်ချင်းကောင်းတွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်ဟာ မာတာကို စာချုပ်သက်တမ်း တိုးလိုက်တာကြောင့် ဖာနန်ဒက်စ်က သူဟာ ကျောနံပါတ် ၈ ကိုဝတ်ဆင်ခွင့်ရဖို့ နောက်တစ်နှစ်လောက် ထပ်စောင့်ရဦးမယ်လို့ မာတာကို စနောက်ခဲ့ပါတယ်။

“ကျွန်တော်ဟာ ကျောနံပါတ် ၈ ကိုဝတ်ရဖို့ နောက်တစ်နှစ်လောက် ထပ်စောင့်ရတော့မယ်နဲ့တူပါတယ်။” လို့ ဖာနန်ဒက်စ်က မာတာကို စာချုပ်သက်တမ်းတိုးခဲ့တဲ့အပေါ် လူမှုကွန်ရက်ပေါ်မှာ ဟာသလုပ်သွားတာပါ။

“ဂုဏ်ယူပါတယ် ဘရိုရယ်။ ထိုက်တန်ပါတယ်။ ကွင်းတွင်း၊ ကွင်းပြင်မှာ စံထားရတဲ့သူ လေးစားရတဲ့သူ တစ်ယောက်ပါပဲ။” လို့ သူက ဆက်လက် ရေးသားခဲ့ပါတယ်။

လက်ရှိမှာတော့ မာတာက သူဟာ လာမယ့်နှစ်မှာ ကစားသမားဘဝက အနားယူဦးမှာမဟုတ်တဲ့အတွက် ကျောနံပါတ် ၈ ကို နောက်တစ်နှစ်လောက် ထပ်စောင့်ပေမယ့် ပေါ်တူဂီသားအနေနဲ့ ဝတ်ဆင်ခွင့်ရရှိဦးမှာမဟုတ်ဘူးလို့ တုန့်ပြန်လိုက်ပါတယ်။

“နောက်တစ်နှစ်လောက် ထပ်စောင့်တာနဲ့ (ကျောနံပါတ် ၈ ကို) ရတော့မှာလား?” လို့ မာတာက club media နဲ့ အင်တာဗျူးမှာ ဟာသနှောပြီး ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အသင်းမှာ ဆက်နေခဲ့လို့ သူပျော်ရွှင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူနဲ့ တွဲကစားခွင့်ရလို့ ကျွန်တော် ပျော်ပါတယ်။ သူရောက်လာတဲ့ အချိန်ကတည်းက ကျွန်တော်နဲ့ သူနဲ့ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ သူဟာ ကျွန်တော်တို့အတွက် ကွင်းတွင်၊ ကွင်းပြင်မှာ အရမ်းကောင်းတဲ့သူပါ။ သူက လူကောင်းတစ်ယောက်ပါပဲ။ တခြားသူတွေအတွက်လည်း စံနမူနာယူရမယ့်သူပါ။သူ့အတွက် ကံမကောင်းတာက (ကျောနံပါတ် ၈ ကိုရဖို့) သူစိတ်ရှည်ရပါ ဦးမယ် ” လို့ ပြန်လည် နောက်ပြောင်ခဲ့ပါတယ်။

Zawgyi Version

အသင္းေဖာ္ ကြင္းလယ္လူ ဘ႐ူနိုဖာနန္ဒက္စ္အေနနဲ႕ ေနာက္ထပ္ တစ္ႏွစ္မကေစာင့္လဲ မာတာဝတ္ဆင္ထားတဲ့ ယူနိုက္တက္ရဲ႕ ေက်ာနံပါတ္ ၈ ကို ရရွိနိုင္ဦးမွာ မဟုတ္‌ေသးဘူးလို႔ ဂ်ဴအန္မာတာက ေပၚတူဂီ ကြင္းလယ္ဖန္တီးရွင္ကို သတိေပးသြားပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ စပိန္သားႀကီး မာတာဟာ ယူနိုက္တက္နဲ႕ စာခ်ဳပ္သက္တမ္း တစ္ႏွစ္ တိုးခဲ့တာေၾကာင့္ သူႀကိဳက္ႏွစ္သက္တဲ့ ေက်ာနံပါတ္ ၈ ကို ယူနိုက္တက္မွာပဲ ဆက္လက္ ဝတ္ဆင္သြားဦးမွာျဖစ္ပါတယ္။

စပို႔တင္းအသင္းက ေျပာင္းလာတဲ့ ဖာနန္ဒက္စ္ဟာလည္း ေက်ာနံပါတ္ ၈ ခေရဇီတစ္ေယာက္ျဖစ္ၿပီး ဖာနန္ဒက္စ္နဲ႕ မာတာတို႔ဟာ ယူနိုက္တက္မွာ ရင္းႏွီးတဲ့သူငယ္ခ်င္းေကာင္းေတြ ျဖစ္ၾကပါတယ္။

ၿပီးခဲ့တဲ့အပတ္က ယူနိုက္တက္ဟာ မာတာကို စာခ်ဳပ္သက္တမ္း တိုးလိုက္တာေၾကာင့္ ဖာနန္ဒက္စ္က သူဟာ ေက်ာနံပါတ္ ၈ ကိုဝတ္ဆင္ခြင့္ရဖို႔ ေနာက္တစ္ႏွစ္ေလာက္ ထပ္ေစာင့္ရဦးမယ္လို႔ မာတာကို စေနာက္ခဲ့ပါတယ္။

“ကြၽန္ေတာ္ဟာ ေက်ာနံပါတ္ ၈ ကိုဝတ္ရဖို႔ ေနာက္တစ္ႏွစ္ေလာက္ ထပ္ေစာင့္ရေတာ့မယ္နဲ႕တူပါတယ္။” လို႔ ဖာနန္ဒက္စ္က မာတာကို စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့အေပၚ လူမႈကြန္ရက္ေပၚမွာ ဟာသလုပ္သြားတာပါ။

“ဂုဏ္ယူပါတယ္ ဘရိုရယ္။ ထိုက္တန္ပါတယ္။ ကြင္းတြင္း၊ ကြင္းျပင္မွာ စံထားရတဲ့သူ ေလးစားရတဲ့သူ တစ္ေယာက္ပါပဲ။” လို႔ သူက ဆက္လက္ ေရးသားခဲ့ပါတယ္။

လက္ရွိမွာေတာ့ မာတာက သူဟာ လာမယ့္ႏွစ္မွာ ကစားသမားဘဝက အနားယူဦးမွာမဟုတ္တဲ့အတြက္ ေက်ာနံပါတ္ ၈ ကို ေနာက္တစ္ႏွစ္ေလာက္ ထပ္ေစာင့္ေပမယ့္ ေပၚတူဂီသားအေနနဲ႕ ဝတ္ဆင္ခြင့္ရရွိဦးမွာမဟုတ္ဘူးလို႔ တုန့္ျပန္လိုက္ပါတယ္။

“ေနာက္တစ္ႏွစ္ေလာက္ ထပ္ေစာင့္တာနဲ႕ (ေက်ာနံပါတ္ ၈ ကို) ရေတာ့မွာလား?” လို႔ မာတာက club media နဲ႕ အင္တာဗ်ဴးမွာ ဟာသေႏွာၿပီး ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ အသင္းမွာ ဆက္ေနခဲ့လို႔ သူေပ်ာ္႐ႊင္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ သူနဲ႕ တြဲကစားခြင့္ရလို႔ ကြၽန္ေတာ္ ေပ်ာ္ပါတယ္။ သူေရာက္လာတဲ့ အခ်ိန္ကတည္းက ကြၽန္ေတာ္နဲ႕ သူနဲ႕ၾကားမွာ ဆက္ဆံေရးေကာင္းေတြ ရွိပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ကြၽန္ေတာ္တို႔အတြက္ ကြင္းတြင္၊ ကြင္းျပင္မွာ အရမ္းေကာင္းတဲ့သူပါ။ သူက လူေကာင္းတစ္ေယာက္ပါပဲ။ တျခားသူေတြအတြက္လည္း စံနမူနာယူရမယ့္သူပါ။သူ႕အတြက္ ကံမေကာင္းတာက (ေက်ာနံပါတ္ ၈ ကိုရဖို႔) သူစိတ္ရွည္ရပါ ဦးမယ္ ” လို႔ ျပန္လည္ ေနာက္ေျပာင္ခဲ့ပါတယ္။
.