Spots news

အဂွဲရိုးရဲ့ နေရာအတွက် ပရီးမီးယားလိဂ်ကိုရောက်ရှိလာတော့မယ့် ဂရဇ်မန်း

Unicode Version

မန်စီးတီးအသင်းဟာ အဂွဲရိုးရဲ့ နေရာကို အစားထိုးဖို့ တိုက်စစ်မှူးသစ် ရှာဖွေနေလျက်ရှိ‌ နေပြီး လတ်ရှိမှာတော့ ဘာစီလိုနာအသင်းနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိလို့နေတဲ့

ပြင်သစ်တိုက်စစ်ကစားသမား ဂရဇ်မန်းကို ခေါ်ယူဖို့အတွက် ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ သတင်းများ ဖော်ပြလာခဲ့ပါတယ်။

မူလက အဂွဲရိုးအတွက် မန်စီတီးဟာ စပါးတိုက်စစ်မှူး ဟာရီကိန်းကို အဓိကပစ်မှတ်ထားနေတာ ဖြစ်ပေမယ့် ပြောင်းရွေ့ကြေး အလွန်မြင့်မားစွာ သတ်မှတ်ထားတာမို့ ကိုဗစ်ကြောင့် အသင်းစီးပွားရေး ထိခိုက်နေတဲ့

အတွက် ဟာလန်းနဲ့ ဟာရီကိန်းတို့လို တန်ကြေးမြင့်လွန်းတဲ့ ကစားသမားမျိုးကို ခေါ်ယူနိုင်မှာ မဟုတ်ဘူးလို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားခဲ့ပါသေးတယ်။

လက်ရှိ ဘာစီလိုနာအသင်းမှာ တိုက်စစ်ကစားသမား ဂရဇ်မန်းရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပြီး ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး

လစာပိုင်း လျော့ချမှုတွေကိုပါ လုပ်ဆောင်ရတော့မှာ ဖြစ်တာကြောင့် အသင်းက ဒီနွေစျေးကွက်အတွင်းမှာပဲ ဂရဇ်မန်းကို ရောင်းထုတ်သွားရဖွယ် ရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိမှာလည်း သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီကိုလည်း စာချုပ်သက်တမ်းတိုးဖို့က

အရေးတကြီး လိုအပ်နေတာကြောင့် ကစားသမား အများအပြားကို ရှင်းလင်းသွားဖို့ လိုအပ်လျက်ရှိနေပြီး ဒီကစားသမားတွေထဲမှာလည်း ဂရဇ်မန်းပါ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

အသင်းနဲ့ လမ်းခွဲရဖို့ နီးစပ်လာခဲ့တဲ့ ဂရဇ်မန်းကို မန်စီးတီးအသင်းဘက်ကနေ ခေါ်ယူရန် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ပြီး ဘာစီလိုနာအသင်းကလည်း သူတို့ရဲ့ ဂရဇ်မန်းအတွက် ပြောင်းရွေ့ကြေး ပေါင်သန်း(၅၀)ဝန်းကျင်လောက်နဲ့ပင် ရောင်းချသွားနိုင်ဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ (၂)နှစ်လောက်ကမှ အသက်လက်တီကိုကနေ ဘာစီလိုနာကို ရောက်ရှိလာခဲ့တဲ့ ဂရီးဇ်မန်းဟာ ဘာစီလိုနာမှာ (၂)ရာသီကြာ ဖြတ်သန်းခဲ့ပြီး လာလီဂါသွင်းဂိုး (၂၂)ဂိုးသာ သွင်းယူခဲ့သလို အသင်းနဲ့လည်း ကိုပါဒယ်ရေး ဆုဖလားတစ်ခုတည်းသာ ရယူနိုင်ခဲ့ရပါတယ်။

Zawgyi Version

မန္စီးတီးအသင္းဟာ အဂြဲရိုးရဲ႕ ေနရာကို အစားထိုးဖို႔ တိုက္စစ္မႉးသစ္ ရွာေဖြေနလ်က္ရွိ‌ ေနၿပီး လတ္ရွိမွာေတာ့ ဘာစီလိုနာအသင္းနဲ႕ လက္တြဲျဖဳတ္ရဖြယ္ ရွိလို႔ေနတဲ့ ျပင္သစ္တိုက္စစ္ကစားသမား ဂရဇ္မန္းကို ေခၚယူဖို႔အတြက္ ဆက္သြယ္မႈေတြ လုပ္ေဆာင္လာခဲ့တယ္လို႔ သတင္းမ်ား ေဖာ္ျပလာခဲ့ပါတယ္။

မူလက အဂြဲရိုးအတြက္ မန္စီတီးဟာ စပါးတိုက္စစ္မႉး ဟာရီကိန္းကို အဓိကပစ္မွတ္ထားေနတာ ျဖစ္ေပမယ့္ ေျပာင္းေ႐ြ႕ေၾကး အလြန္ျမင့္မားစြာ သတ္မွတ္ထားတာမို႔ ကိုဗစ္ေၾကာင့္ အသင္းစီးပြားေရး ထိခိုက္ေနတဲ့

အတြက္ ဟာလန္းနဲ႕ ဟာရီကိန္းတို႔လို တန္ေၾကးျမင့္လြန္းတဲ့ ကစားသမားမ်ိဳးကို ေခၚယူနိုင္မွာ မဟုတ္ဘူးလို႔ မန္စီးတီးနည္းျပ ဂြာဒီယိုလာကိုယ္တိုင္ ထုတ္ေဖာ္ေျပာဆိုထားခဲ့ပါေသးတယ္။

လက္ရွိ ဘာစီလိုနာအသင္းမွာ တိုက္စစ္ကစားသမား ဂရဇ္မန္းရဲ႕ အနာဂတ္က မေရမရာ ျဖစ္လာခဲ့ရၿပီး ဘ႑ာေရး အက်ပ္အတည္းေတြနဲ႕ ရင္ဆိုင္ေနရၿပီး လစာပိုင္း ေလ်ာ့ခ်မႈေတြကိုပါ လုပ္ေဆာင္ရေတာ့မွာ ျဖစ္တာေၾကာင့္ အသင္းက ဒီေႏြေစ်းကြက္အတြင္းမွာပဲ ဂရဇ္မန္းကို ေရာင္းထုတ္သြားရဖြယ္ ရွိေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ လက္ရွိမွာလည္း သူတို႔အသင္းရဲ႕ အဓိက ကစားသမားတစ္ေယာက္ျဖစ္တဲ့ လီယြန္နယ္မက္ဆီကိုလည္း စာခ်ဳပ္သက္တမ္းတိုးဖို႔က အေရးတႀကီး လိုအပ္ေနတာေၾကာင့္ ကစားသမား အမ်ားအျပားကို ရွင္းလင္းသြားဖို႔ လိုအပ္လ်က္ရွိေနၿပီး ဒီကစားသမားေတြထဲမွာလည္း ဂရဇ္မန္းပါ ပါဝင္လာခဲ့တာျဖစ္ပါတယ္။

အသင္းနဲ႕ လမ္းခြဲရဖို႔ နီးစပ္လာခဲ့တဲ့ ဂရဇ္မန္းကို မန္စီးတီးအသင္းဘက္ကေန ေခၚယူရန္ ကမ္းလွမ္းမႈေတြ လုပ္ေဆာင္လာခဲ့ၿပီး ဘာစီလိုနာအသင္းကလည္း သူတို႔ရဲ႕ ဂရဇ္မန္းအတြက္ ေျပာင္းေ႐ြ႕ေၾကး ေပါင္သန္း(၅၀)ဝန္းက်င္ေလာက္နဲ႕ပင္ ေရာင္းခ်သြားနိုင္ဖြယ္ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ (၂)ႏွစ္ေလာက္ကမွ အသက္လက္တီကိုကေန ဘာစီလိုနာကို ေရာက္ရွိလာခဲ့တဲ့ ဂရီးဇ္မန္းဟာ ဘာစီလိုနာမွာ (၂)ရာသီၾကာ ျဖတ္သန္းခဲ့ၿပီး လာလီဂါသြင္းဂိုး (၂၂)ဂိုးသာ သြင္းယူခဲ့သလို အသင္းနဲ႕လည္း ကိုပါဒယ္ေရး ဆုဖလားတစ္ခုတည္းသာ ရယူနိုင္ခဲ့ရပါတယ္။