Spots news

ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ရက်ရ်ှဖို့ဒ် နဲ့ ဆန်ချို ပွဲထွကစားမှ ရမည်ဖြစ်ကြောင်း ဂယ်ရီနဗီးလ် ပြော

Unicode Version

ယူနိုက်တက် နဲ့ အင်္ဂလန်အသင်း ရဲ့ နောက်ခံ လူဟောင်း ဂယ်ရီနဗီးလ် ကတော့ လာမယ့် အီတလီ အသင်း နဲ့ ယူရို  ၂၀၂၀ ဗိုလ်လုပွဲ ယှဉ်ပြိုင် ရမယ့် အင်္ဂလန်အသင်း လူစာရင်း မှာ ရက်ရ်ှဖို့ဒ် နဲ့ ဆန်ချိုတို့ ပါဝင်လာသင့်တယ် လို့ သုံးသပ် ပြော ဆို လိုက် ပါတယ် ။

အဆိုပါ သရဲနီကစားသမား နှစ်ဦးလုံးဟာ နည်းပြ ဆောက်ဂိတ် လက်အောက်မှာ အရန်ကစား သမားအဖြစ်နဲ့ သာ ရှိနေခဲ့တာ ဖြစ်ပြီး မှော်ဝင် ဆန်းပြားတဲ့ တော်ဝင်ဂန်းနားအသင်းက ဆာကာ ကိုသာ ဆောက်ဂိတ်က ဦးစားပေး ကစားသမား အဖြစ် ပွဲစဉ် တော်တော်များများ မှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ် ။

ဒါပေမယ့် ဖိတ်ချငိးဖိတ် ကိုယ့်အိတ်ထဲ က ဖိတ် လို့ပဲ ပြောပြော ၊ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ် လို့ပဲ ဆိုဆို ဂယ်ရီနီဗီးလ် ကတော့ သူ့ ရဲ့ ဂျူနီယာ သရဲနီ ကစားသမား နှစ်ယောက်ကိုသာ ဗိုလ်လုပွဲစဉ် မှာ အသုံးပြုသင့် ပြီး သူတို့ ရဲ့လျင်မြန်တဲ့ ကစားဟန်က အသင်းကို အထောက်အကူ ဖြစ်စေလိမ့်မယ် လို့ ပြောဆိုခဲ့ပါတယ် ။

” ဆောက်ဂိတ် အနေ နဲ့ ဗိုလ်လုပွဲ မှာ ဆာကာ က ထပ် ပြီး ပွဲ ထုတ်ဦးမလား တော့ ကျွန်တော့် လည်း သေချာမပြောနိုင်ဘူး ။ ဒိန်းမတ်နဲ့ ပွဲစဉ် မှာရော ယူရို ၂၀၂၀ ပြိုင်ပွဲ တစ်လျှောက် မှာပါ သူ စွမ်းဆောင် ပြခဲ့တာတွေကို ကျွန်တော်သိပါတယ် ။

ကျွန်တော်လည်း တချိန်တုန်း က အသက် ( ၂၁) နှစ် နဲ့  အသင်းကြီးမှာ ပွဲထွက်ခွင့် ရခဲ့တယ် ။ အဲ့ဒီ တုန်းက ၁၉၉၆ ယူရို ပြိုင်ပွဲ ပေါ့ ။ ပြိုင်ပွဲ တလျှောက်လုံးမှာ ကျွန်တော်ဟာ စိတ်လှုပ်ရှား မှု အပြည့် ဖြစ်ခဲ့ရပါတယ်။

ဆာကာ အနေ နဲ့ လည်း သူ့အသက်အရွယ် မှာ ဗိုလ်လုပွဲကို ပွဲထွက်ကစားခွင့် ရမယ်ဆိုရင် သူ့ အတွက် ကြီးကျယ်ခမ်းနား တဲ့ အခိုက်အတန့် ဖြစ်လာမှာပါ ။ ဒါ ပေမယ့် ကျွန်တော့်အနေ နဲ့ ကတော့ ဆာကာထက် ပိုပြီး လျင်လျင်မြန်မြန်ကစား နိုင် တဲ့ ရက်ရ်ှဖို့ဒ် နဲ့ ဆန်ချို တို့ကို ဆောက်ဂိတ် အနေ နဲ့ပိုပြီး ရွေးချယ် စေချင် ပါတယ် ။

အီတလီလို အသင်းမျိုး နဲ့ ကစားရမယ့် ပွဲစဉ် မှာ တစ်ဖက် ခြမ်း မှာ စတာလင် ၊ တစ်ဖက်ခြမ်း မှာ ရက်ရ်ှဖို့ဒ် ( ဒါမှ မဟုတ် )ဆန်ချို ကို အသုံး ပြုတာ က ပို ပြီး ဖြစ်သင့် ပါတယ် ” လို့ ဂယ်ရီနီဗီးလ် က ဆိုပါ တယ် ။

နည်းပြ ဆောက်ဂိတ် ဟာ ပြိုင်ပွဲ တစ်လျှောက် မှာ ဆာကာ ကို ပွဲထွက် ကစား သမား အဖြစ် အသုံး ပြုခဲ့ ပေမယ့် ဂျာမနီ နဲ့ ကစား ခဲ့တဲ့ ကွာတား ဖိုင်နယ် ပွဲစဉ် မှတော့ သရဲနီ ကစား သမား သစ် ဆန်ချို ကို ပြောင်းလဲ အသုံး ပြုခဲ့ ပါတယ် ။

အဲ့ဒီ ပွဲစဉ် မှာ ဆန်ချို ခြေစွမ်း ပြသ ခဲ့ သလို အင်္ဂလန် အသင်း က ( ၂−၀) နဲ့ အနိုင် ရပြီး ကွာတား ဖိုင်နယ် ကျိန်စာဆိုး ကို ချေဖျက် နိုင်ခဲ့ပါတယ် ။ ဒါကြောင့် လာမယ့်အီတလီ နဲ့ အရေး ပါတဲ့

ပွဲစဉ်မှာရော နည်းပြဆောက်ဂိတ် အနေ နဲ့ ကစား ကွက်အပြောင်းအလဲ ပြုလုပ် ပြီး ( ၅၅ ) နှစ်ကြာဝေးကွာနေတဲ့ ဆုဖလား အောင်မြင်မှု ကို ရယူပြ သွားနိုင်မလား ဆိုတာ စောင့်ကြည့် ရ မှာဖြစ်ပါတယ် ။

Zawgyi Version

ယူနိုက္တက္ နဲ႕ အဂၤလန္အသင္း ရဲ႕ ေနာက္ခံ လူေဟာင္း ဂယ္ရီနဗီးလ္ ကေတာ့ လာမယ့္ အီတလီ အသင္း နဲ႕ ယူရို  ၂၀၂၀ ဗိုလ္ လု ပြဲ ယွဥ္ ၿပိဳင္ ရမယ့္ အဂၤလန္အသင္း လူစာရင္း မွာ ရက္ရ္ွဖို႔ဒ္ နဲ႕ ဆန္ခ်ိဳ တို႔ ပါဝင္လာ သင့္တယ္ လို႔ သုံးသပ္ ေျပာ ဆို လိုက္ ပါတယ္ ။

အဆိုပါ သရဲနီကစားသမား ႏွစ္ဦးလုံးဟာ နည္းျပ ေဆာက္ဂိတ္ လက္ေအာက္မွာ အရန္ကစား သမားအျဖစ္နဲ႕ သာ ရွိေနခဲ့တာ ျဖစ္ၿပီး ေမွာ္ဝင္ ဆန္းျပားတဲ့ ေတာ္ဝင္ဂန္းနားအသင္းက ဆာကာ ကိုသာ ေဆာက္ဂိတ္က ဦးစားေပး ကစားသမား အျဖစ္ ပြဲစဥ္ ေတာ္ေတာ္မ်ားမ်ား မွာ အသုံးျပဳခဲ့တာ ျဖစ္ပါတယ္ ။

ဒါေပမယ့္ ဖိတ္ခ်ငိးဖိတ္ ကိုယ့္အိတ္ထဲ က ဖိတ္ လို႔ပဲ ေျပာေျပာ ၊ ကိုယ့္ငါးခ်ဥ္ ကိုယ္ခ်ဥ္တယ္ လို႔ပဲ ဆိုဆို ဂယ္ရီနီဗီးလ္ ကေတာ့ သူ႕ ရဲ႕ ဂ်ဴနီယာ သရဲနီ ကစားသမား ႏွစ္ေယာက္ကိုသာ ဗိုလ္လုပြဲစဥ္ မွာ အသုံးျပဳသင့္ ၿပီး သူတို႔ ရဲ႕လ်င္ျမန္တဲ့ ကစားဟန္က အသင္းကို အေထာက္အကူ ျဖစ္ေစလိမ့္မယ္ လို႔ ေျပာဆိုခဲ့ပါတယ္ ။

” ေဆာက္ဂိတ္ အေန နဲ႕ ဗိုလ္လုပြဲ မွာ ဆာကာ က ထပ္ ၿပီး ပြဲ ထုတ္ဦးမလား ေတာ့ ကြၽန္ေတာ့္ လည္း ေသခ်ာမေျပာနိုင္ဘူး ။ ဒိန္းမတ္နဲ႕ ပြဲစဥ္ မွာေရာ ယူရို ၂၀၂၀ ၿပိဳင္ပြဲ တစ္ေလွ်ာက္ မွာပါ သူ စြမ္းေဆာင္ ျပခဲ့တာေတြကို ကြၽန္ေတာ္သိပါတယ္ ။

ကြၽန္ေတာ္လည္း တခ်ိန္တုန္း က အသက္ ( ၂၁) ႏွစ္ နဲ႕  အသင္းႀကီးမွာ ပြဲထြက္ခြင့္ ရခဲ့တယ္ ။ အဲ့ဒီ တုန္းက ၁၉၉၆ ယူရို ၿပိဳင္ပြဲ ေပါ့ ။ ၿပိဳင္ပြဲ တေလွ်ာက္လုံးမွာ ကြၽန္ေတာ္ဟာ စိတ္လႈပ္ရွား မႈ အျပည့္ ျဖစ္ခဲ့ရပါတယ္။

ဆာကာ အေန နဲ႕ လည္း သူ႕အသက္အ႐ြယ္ မွာ ဗိုလ္လုပြဲကို ပြဲထြက္ကစားခြင့္ ရမယ္ဆိုရင္ သူ႕ အတြက္ ႀကီးက်ယ္ခမ္းနား တဲ့ အခိုက္အတန႔္ ျဖစ္လာမွာပါ ။ ဒါ ေပမယ့္ ကြၽန္ေတာ့္အေန နဲ႕ ကေတာ့ ဆာကာထက္ ပိုၿပီး လ်င္လ်င္ျမန္ျမန္ကစား နိုင္ တဲ့ ရက္ရ္ွဖို႔ဒ္ နဲ႕ ဆန္ခ်ိဳ တို႔ကို ေဆာက္ဂိတ္ အေန နဲ႕ပိုၿပီး ေ႐ြးခ်ယ္ ေစခ်င္ ပါတယ္ ။

အီတလီလို အသင္းမ်ိဳး နဲ႕ ကစားရမယ့္ ပြဲစဥ္ မွာ တစ္ဖက္ ျခမ္း မွာ စတာလင္ ၊ တစ္ဖက္ျခမ္း မွာ ရက္ရ္ွဖို႔ဒ္ ( ဒါမွ မဟုတ္ )ဆန္ခ်ိဳ ကို အသုံး ျပဳတာ က ပို ၿပီး ျဖစ္သင့္ ပါတယ္ ” လို႔ ဂယ္ရီနီဗီးလ္ က ဆိုပါ တယ္ ။

နည္းျပ ေဆာက္ဂိတ္ ဟာ ၿပိဳင္ပြဲ တစ္ေလွ်ာက္ မွာ ဆာကာ ကို ပြဲထြက္ ကစား သမား အျဖစ္ အသုံး ျပဳခဲ့ ေပမယ့္ ဂ်ာမနီ နဲ႕ ကစား ခဲ့တဲ့ ကြာတား ဖိုင္နယ္ ပြဲစဥ္ မွေတာ့ သရဲနီ ကစား သမား သစ္ ဆန္ခ်ိဳ ကို ေျပာင္းလဲ အသုံး ျပဳခဲ့ ပါတယ္ ။

အဲ့ဒီ ပြဲစဥ္ မွာ ဆန္ခ်ိဳ ေျခစြမ္း ျပသ ခဲ့ သလို အဂၤလန္ အသင္း က ( ၂−၀) နဲ႕ အနိုင္ ရၿပီး ကြာတား ဖိုင္နယ္ က်ိန္စာဆိုး ကို ေခ်ဖ်က္ နိုင္ခဲ့ပါတယ္ ။ ဒါေၾကာင့္ လာမယ့္အီတလီ နဲ႕ အေရး ပါတဲ့

ပြဲစဥ္မွာေရာ နည္းျပေဆာက္ဂိတ္ အေန နဲ႕ ကစား ကြက္အေျပာင္းအလဲ ျပဳလုပ္ ၿပီး ( ၅၅ ) ႏွစ္ၾကာေဝးကြာေနတဲ့ ဆုဖလား ေအာင္ျမင္မႈ ကို ရယူျပ သြားနိုင္မလား ဆိုတာ ေစာင့္ၾကည့္ ရ မွာျဖစ္ပါတယ္ ။