Spots news

စပါးနဲ့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး မန်ယူရဲ့ ကမ်းလှမ်းမှုကို စောင့်နေတဲ့ ကွန်ဒေ

Unicode Version

ဆီဗီးလားအသင်းရဲ့ အဓိက နောက်ခံလူ ကွန်ဒေဟာ ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းကိုသာ ပြောင်းရွှေ့ချင်နေကြောင်း နာမည်ကြီး အင်္ဂလန် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြလာပါတယ်။

အသက် ၂၂နှစ် အရွယ်နောက်ခံလူ ကွန်ဒေဟာ လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တဦး ဖြစ်ပြီး ဘောလုံးစွမ်းရည် ပြည့်ဝသလို လျင်မြန်မှုလည်း ရှိတာကြောင့် သူ့ကို စပိန်ဝါရင့် နောက်ခံလူ ဆာဂျီယို ရာမို့စ်လက်သစ်လို့ စပိန်ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက တင်စားထားကြပါတယ်။

ပြင်သစ်ကလပ် ဘော်ဒိုးအသင်း ကနေ ဆီဗီးလားအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းနဲ့ ပြောင်းရွှေ့လာသူ ကွန်ဒေဟာ လာလီဂါမှာ လျင်လျင်မြန်မြန်ပဲ အသားကျခဲ့ကာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ထိပ်တန်းအသင်းတွေ အမြောက်အမြား ရှိနေပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ တုန်းကလည်း ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်းဟာ ကွန်ဒေကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဆီဗီးလားအသင်းဟာ ကွန်ဒေအတွက် ယူရို ၉၀သန်း အထိ တောင်းဆိုခဲ့တာကြောင့် မန်ချက်စတာ စီးတီးအသင်းဟာ ကွန်ဒေကို ခေါ်ယူဖို့ လက်လျော့ခဲ့တာပါ။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်ကြတဲ့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ကွန်ဒေကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး စပါးအသင်းဟာ ကွန်ဒေကို ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းနဲ့ စတင် ကမ်းလှမ်းထားပါတယ်။

ဒါပေမယ့် ကွန်ဒေကတော့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ထံ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ကနေ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း အင်္ဂလန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Mirror သတင်းဌာနက ဖော်ပြသွားပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ရဲ့ ချိတ်ဆက်မှုတွေကို ရရှိထားပေမယ့် ကွန်ဒေဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စား နေပြီး ယူနိုက်တက်ကလည်း ဗာရန်းကို ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်ပါက ကွန်ဒေကို ပြောင်းလဲ ခေါ်ယူဖွယ် ရှိကြောင်း သိရပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး အကယ်၍ ဗာရန်းကိုသာ မခေါ်ယူဖြစ်ပါက ကွန်ဒေကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

Zawgyi Version

ဆီဗီးလားအသင္းရဲ႕ အဓိက ေနာက္ခံလူ ကြန္ေဒဟာ ပရီးမီးယားလိဂ္ ကလပ္ ခ်ယ္လ္ဆီးအသင္းနဲ႕ စပါးအသင္းတို႔ရဲ႕ စိတ္ဝင္စားမႈကို ခံေနရေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းကိုသာ ေျပာင္းေ႐ႊ႕ခ်င္ေနေၾကာင္း နာမည္ႀကီး အဂၤလန္ နာမည္ႀကီး သတင္းဌာနေတြက ေဖာ္ျပလာပါတယ္။

အသက္ ၂၂ႏွစ္ အ႐ြယ္ေနာက္ခံလူ ကြန္ေဒဟာ လာလီဂါၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ေနာက္ခံလူေတြထဲက တဦး ျဖစ္ၿပီး ေဘာလုံးစြမ္းရည္ ျပည့္ဝသလို လ်င္ျမန္မႈလည္း ရွိတာေၾကာင့္ သူ႕ကို စပိန္ဝါရင့္ ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္လက္သစ္လို႔ စပိန္ေဘာလုံးေရးရာ ကြၽမ္းက်င္သူေတြက တင္စားထားၾကပါတယ္။

ျပင္သစ္ကလပ္ ေဘာ္ဒိုးအသင္း ကေန ဆီဗီးလားအသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၂၅သန္းနဲ႕ ေျပာင္းေ႐ႊ႕လာသူ ကြန္ေဒဟာ လာလီဂါမွာ လ်င္လ်င္ျမန္ျမန္ပဲ အသားက်ခဲ့ကာ ေျခစြမ္းေကာင္းေတြ ထုတ္ျပနိုင္ခဲ့တာေၾကာင့္ သူ႕ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ထိပ္တန္းအသင္းေတြ အေျမာက္အျမား ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီ တုန္းကလည္း ပရီးမီးယားလိဂ္ အင္အားႀကီးကလပ္ မန္ခ်က္စတာ စီးတီးအသင္းဟာ ကြန္ေဒကို ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆီဗီးလားအသင္းဟာ ကြန္ေဒအတြက္ ယူရို ၉၀သန္း အထိ ေတာင္းဆိုခဲ့တာေၾကာင့္ မန္ခ်က္စတာ စီးတီးအသင္းဟာ ကြန္ေဒကို ေခၚယူဖို႔ လက္ေလ်ာ့ခဲ့တာပါ။

လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ နာမည္ႀကီးအသင္းေတြ ျဖစ္ၾကတဲ့ စပါးအသင္းနဲ႕ ခ်ယ္လ္ဆီးအသင္းတို႔ဟာ ကြန္ေဒကို ေခၚယူဖို႔ စိတ္ဝင္စားေနၾကၿပီး စပါးအသင္းဟာ ကြန္ေဒကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၀သန္းနဲ႕ စတင္ ကမ္းလွမ္းထားပါတယ္။

ဒါေပမယ့္ ကြန္ေဒကေတာ့ စပါးအသင္းနဲ႕ ခ်ယ္လ္ဆီးအသင္းတို႔ထံ ေျပာင္းေ႐ႊ႕ဖို႔ စိတ္မဝင္စားပဲ မန္ခ်က္စတာ ယူနိုက္တက္အသင္းဆီ ကေန ကမ္းလွမ္းမႈကို ေစာင့္ေမွ်ာ္ေနေၾကာင္း အဂၤလန္ နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ The Mirror သတင္းဌာနက ေဖာ္ျပသြားပါတယ္။

ခ်ယ္လ္ဆီးအသင္းနဲ႕ စပါးအသင္းတို႔ရဲ႕ ခ်ိတ္ဆက္မႈေတြကို ရရွိထားေပမယ့္ ကြန္ေဒဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းဆီသာ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စား ေနၿပီး ယူနိုက္တက္ကလည္း ဗာရန္းကို ေခၚယူဖို႔ ႀကိဳးစားမႈ မေအာင္ျမင္ပါက ကြန္ေဒကို ေျပာင္းလဲ ေခၚယူဖြယ္ ရွိေၾကာင္း သိရပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဗာရန္းကို ေျပာင္းေ႐ႊ႕ေၾကး ယူရို ၅၀သန္း ဝန္းက်င္နဲ႕ ေခၚယူဖို႔ ႀကိဳးစားေနၿပီး အကယ္၍ ဗာရန္းကိုသာ မေခၚယူျဖစ္ပါက ကြန္ေဒကို ေျပာင္းေ႐ႊ႕ေၾကး ယူရို ၆၀သန္း ဝန္းက်င္နဲ႕ ကမ္းလွမ္းဖြယ္ ရွိေနပါတယ္။