Spots news

ယူရို ၂၀၂၀ ချန်ပီယံဆုကို အင်္ဂလန်အသင်း ပင်နယ်တီမှာ အနိုင်ယူလိမ့်မယ်ဟု ကာရေဂါ ခန့်မှန်း

Unicode Version

ယူရို ၂၀၂၀ ဗိုလ်လုပွဲဖြစ်တဲ့ အင်္ဂလန်နဲ့ အီတလီတို့ရဲ့ ပွဲဟာ အင်မတန်မှ ပြင်းထန်မယ့် ပွဲ ဖြစ်ပြီး အဆုံးသတ်မှာ အင်္ဂလန် အသင်းက ပင်နယ်တီနဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်မယ်လို့ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း အားကစား သုံးသပ်သူလည်း ဖြစ်တဲ့ ကာရေဂါက ပြောကြားလိုက်ပါတယ်။

“လာမယ့် တနင်္ဂနွေနေ့မှာကစားရမယ့် ဒီပွဲမှာ လေ့ကျင့်ရေးကွင်းက ခြေစွမ်းတွေကြောင့် အင်္ဂလန်အသင်းဟာ ၁၂ကိုက်စည်းကနေ အခွင့်အရေးတွေ ပိုရလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲအဖြေဟာ ပင်နယ်တီနဲ့သာ ပေါ် ပါလိမ့်မယ်။”လို့ ကာရေဂါက sky sportမှာ ပြောကြားခဲ့ပါတယ်။

နည်းပြကြီး မန်ချီနီရဲ့ အီတလီအသင်းကလည်း အင်္ဂလန်အသင်း အတွက် ပြိုင်ဘက်ကောင်းဖြစ်ပြီး ၃၃ပွဲ ဆက် ရှုံးပွဲမရှိ စံချိန် တင်ထားနိုင်တာလည်း ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ယခင် နှစ်ပေါင်း များစွာကတည်းက ပင်နယ်တီ ကံကောင်းလေ့ရှိတဲ့ အသင်း တစ်သင်းတော့ မဟုတ်ခဲ့ပါဘူး။

အင်္ဂလန်အသင်းဟာ ပြိုင်ဖက်တွေနဲ့ ရင်ဆိုင်ရတိုင်း ပင်နယ်တီဆိုရင် အမြဲတမ်း ရှုံးနိမ့်ခဲ့ရစမြဲလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အင်္ဂလန်အသင်းရဲ့ ရှုံးထွက်အဆင့် ၃ပွဲစလုံးဟာ ပင်နယ်တီအထိ မရောက်လိုက်ပဲ အင်္ဂလန်အသင်း သာမန် ပွဲချိန်အတွင်း အနိုင်ယူနိုင်ခဲ့ပါတယ်။

ခံစစ်ကောင်းမွန်တဲ့ အီတလီ အသင်းနဲ့ ရင်ဆိုင်ရာမှာတော့ ဒီ ဗိုလ်လုပွဲဟာ ပင်နယ်တီကို ရောက်ဖို့ ရာခိုင်နှုန်း များနေတာ ဖြစ်ပြီး အင်္ဂလန် ဒီတစ်ကြိမ်တော့ ယခင်က အပွဲပွဲ ရှုံးခဲ့သမျှ အခွင့်အရေး ပြန်ယူမယ်လို့ ကာရေဂါက ဆိုလာတာပါ။

Zawgyi Version

ယူရို ၂၀၂၀ ဗိုလ္လုပြဲျဖစ္တဲ့ အဂၤလန္နဲ႕ အီတလီတို႔ရဲ႕ ပြဲဟာ အင္မတန္မွ ျပင္းထန္မယ့္ ပြဲ ျဖစ္ၿပီး အဆုံးသတ္မွာ အဂၤလန္ အသင္းက ပင္နယ္တီနဲ႕ အနိုင္ရၿပီး ခ်န္ပီယံ ျဖစ္မယ္လို႔ အဂၤလန္ အသင္းေခါင္းေဆာင္ေဟာင္း အားကစား သုံးသပ္သူလည္း ျဖစ္တဲ့ ကာေရဂါက ေျပာၾကားလိုက္ပါတယ္။

“လာမယ့္ တနဂၤေႏြေန႕မွာကစားရမယ့္ ဒီပြဲမွာ ေလ့က်င့္ေရးကြင္းက ေျခစြမ္းေတြေၾကာင့္ အဂၤလန္အသင္းဟာ ၁၂ကိုက္စည္းကေန အခြင့္အေရးေတြ ပိုရလာနိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ပြဲအေျဖဟာ ပင္နယ္တီနဲ႕သာ ေပၚ ပါလိမ့္မယ္။”လို႔ ကာေရဂါက sky sportမွာ ေျပာၾကားခဲ့ပါတယ္။

နည္းျပႀကီး မန္ခ်ီနီရဲ႕ အီတလီအသင္းကလည္း အဂၤလန္အသင္း အတြက္ ၿပိဳင္ဘက္ေကာင္းျဖစ္ၿပီး ၃၃ပြဲ ဆက္ ရႈံးပြဲမရွိ စံခ်ိန္ တင္ထားနိုင္တာလည္း ျဖစ္ပါတယ္။ အဂၤလန္အသင္းဟာ ယခင္ ႏွစ္ေပါင္း မ်ားစြာကတည္းက ပင္နယ္တီ ကံေကာင္းေလ့ရွိတဲ့ အသင္း တစ္သင္းေတာ့ မဟုတ္ခဲ့ပါဘူး။

အဂၤလန္အသင္းဟာ ၿပိဳင္ဖက္ေတြနဲ႕ ရင္ဆိုင္ရတိုင္း ပင္နယ္တီဆိုရင္ အၿမဲတမ္း ရႈံးနိမ့္ခဲ့ရစၿမဲလည္း ျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ အဂၤလန္အသင္းရဲ႕ ရႈံးထြက္အဆင့္ ၃ပြဲစလုံးဟာ ပင္နယ္တီအထိ မေရာက္လိုက္ပဲ အဂၤလန္အသင္း သာမန္ ပြဲခ်ိန္အတြင္း အနိုင္ယူနိုင္ခဲ့ပါတယ္။

ခံစစ္ေကာင္းမြန္တဲ့ အီတလီ အသင္းနဲ႕ ရင္ဆိုင္ရာမွာေတာ့ ဒီ ဗိုလ္လုပြဲဟာ ပင္နယ္တီကို ေရာက္ဖို႔ ရာခိုင္ႏႈန္း မ်ားေနတာ ျဖစ္ၿပီး အဂၤလန္ ဒီတစ္ႀကိမ္ေတာ့ ယခင္က အပြဲပြဲ ရႈံးခဲ့သမွ် အခြင့္အေရး ျပန္ယူမယ္လို႔ ကာေရဂါက ဆိုလာတာပါ။