Spots news

နိုင်ငံလက်‌ရွေးစင်အသင်း အာဂျင်တီးနားနဲ့အတူ ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့ပြီဖြစ်တဲ့ မက်ဆီ

Unicode Version

ဒီမနက်ပိုင်းမှာတော့ တောင်အမေရိကတိုက်ရဲ့ အကြီးကျယ်ဆုံးဘောလုံးပြိုင်ပွဲဖြစ်တဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲကို ဒေသတွင်းအင်အားအကြီးမားဆုံးအသင်းတွေဖြစ်တဲ့ ဘရာဇိးလ် နဲ့ အာဂျင်တီးနားတို့ ကစားခဲ့ကြပါတယ်။

တောင်အမေရိကမှာရော၊ ကမ္ဘာပေါ်မှာပါ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုဖလားဖြစ်တာကြောင့် အောင်ပွဲရဖို့အတွက် နှစ်သင်းစလုံးဟာ လူစုံတက်စုံနဲ့ပွဲထွက်လာခဲ့ကြပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပွဲကတော့ ထင်မှတ်သလောက် ကြည့်ကောင်းခဲ့ခြင်းမရှိဘဲ တသင်းနဲ့တသင်းရှိန်နေလို့ ထိန်းချုပ်ကစားတဲ့ပုံစံတွေကိုသာ မြင်တွေ့ခဲ့ရပါတယ်။ အာဂျင်တီးနားခြေစွမ်းက အားရစရာမရှိဘဲ ဘရာဇီးလ်က တော်တော်လေးညံ့ဖျင်းနေလို့သာ သက်သာရာရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခွင့်အရေးရရှိချိန်မှာ အသုံးချနိုင်တဲ့အသင်းက အနိုင်ရတယ်ဆိုတဲ့စကားနဲ့အညီ အခွင့်အရေးကိုအရယူနိုင်တဲ့ အာဂျင်တီးနားတို့ ဦးဆောင်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပါတယ်။

ဒီဂိုးကိုတော့ ပွဲချိန် ၂၂ မိနစ်မှာ ဒီမာရီယာက အသင်းဖော်ဒီပေါလ်ကန်တင်ပေးလိုက်ပြီး ရရှိလာတဲ့အနေအထားကနေ တချက်ထိန်းပြီး အမြင့်ဘောကျော်သွင်းယူခဲ့တာဖြစ်ပါတယ်။ တော်တော်လေးလှပတဲ့သွင်းဂိုးဖြစ်ပြီး

အဆင့်အတန်းလည်းရှိခဲ့ကာ ဂိုးသမားအီဒါဆန်ရဲ့ ခေါင်းပေါ်ကနေကျော်ပြီးတော့ ဂိုးထဲဝင်ခဲ့ပါတယ်။ ဒီသွင်းဂိုးတစ်ဂိုးတည်းကပဲ အာဂျင်တီးနားကို အားဖြစ်စေခဲ့ပြီး ပထမပိုင်းပြီးတဲ့အထိ ဘရာဇီးလ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချေပဂိုးရဖို့ ဘရာဇီးလ်တို့အားထည့်ကစားလာခဲ့ပေမယ့် တိုက်စစ်ပိုင်းအားနည်းနေတာကြောင့် အရာမထင်ခဲ့ပါဘူး။ အာဂျင်တီးနားကလည်း ကြံ့ကြံ့ခံကစားနေခဲ့ပြီး ဂိုးပြန်မပေးရဖို့ကို လိုအပ်ရင်လိုအပ်သလို ခပ်ကြမ်းကြမ်းတုံ့ပြန်မှုတွေလုပ်ခဲ့ပါတယ်။

နေမာလည်း ဘာမှလုပ်မရဖြစ်နေခဲ့ပြီး ရစ်ချာလီဆန်ချေပဂိုးတစ်ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ တကိုယ်တော်ထိုးဖောက်မှုတွေနဲ့ နေမာ အားထုတ်ပေမယ့်လည်း အာဂျင်တီးနားက ခပ်ကြမ်းကြမ်းတုံ့ပြန်ရင်း ထိန်းချုပ်နေခဲ့ပါတယ်။

ပွဲပြီးခါနီးလေး ပွဲကပိုကြမ်းလာလောပါပဲ။ အာဂျင်တီးနားကလည်း ဘရာဇီးလ်ရဲ့ ဂိုးရပေါက်ဖြစ်တဲ့ နေမာကို အသားကုန်ကို ပိတ်ဆို့ခဲ့ပြီး လူချသင့်ရင် ချပါတော့တယ်။ နေမာ ဘယ်လိုမှကျော်မရလို့ အခက်တွေ့နေခဲ့ရပြီး အာဂျင်တီးနားကလည်း

 

မက်ဆီကိုယ်တိုင် ခံစစ်ထိလိုက်ဆော့ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အာဂျင်တီးနားတို့ ဒီမာရီယာရဲ့ဂိုးနဲ့ပဲ အနိုင်ရခဲ့ပြီး မက်ဆီလည်း လက်ရွေးစင်အသင်းနဲ့အတူ ပထမဆုံးဆုဖလားကို ရယူကာ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့ပြီဖြစ်ပါတော့တယ်။

Zawgyi Version

ဒီမနက္ပိုင္းမွာေတာ့ ေတာင္အေမရိကတိုက္ရဲ႕ အႀကီးက်ယ္ဆုံးေဘာလုံးၿပိဳင္ပြဲျဖစ္တဲ့ ကိုပါအေမရိကဖလားဗိုလ္လုပြဲကို ေဒသတြင္းအင္အားအႀကီးမားဆုံးအသင္းေတြျဖစ္တဲ့ ဘရာဇိးလ္ နဲ႕ အာဂ်င္တီးနားတို႔ ကစားခဲ့ၾကပါတယ္။

ေတာင္အေမရိကမွာေရာ၊ ကမာၻေပၚမွာပါ ဂုဏ္သိကၡာႀကီးမားတဲ့ ဆုဖလားျဖစ္တာေၾကာင့္ ေအာင္ပြဲရဖို႔အတြက္ ႏွစ္သင္းစလုံးဟာ လူစုံတက္စုံနဲ႕ပြဲထြက္လာခဲ့ၾကၿပီး ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

ပြဲကေတာ့ ထင္မွတ္သေလာက္ ၾကည့္ေကာင္းခဲ့ျခင္းမရွိဘဲ တသင္းနဲ႕တသင္းရွိန္ေနလို႔ ထိန္းခ်ဳပ္ကစားတဲ့ပုံစံေတြကိုသာ ျမင္ေတြ႕ခဲ့ရပါတယ္။ အာဂ်င္တီးနားေျခစြမ္းက အားရစရာမရွိဘဲ ဘရာဇီးလ္က ေတာ္ေတာ္ေလးညံ့ဖ်င္းေနလို႔သာ သက္သာရာရခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အခြင့္အေရးရရွိခ်ိန္မွာ အသုံးခ်နိဳင္တဲ့အသင္းက အနိုင္ရတယ္ဆိုတဲ့စကားနဲ႕အညီ အခြင့္အေရးကိုအရယူနိုင္တဲ့ အာဂ်င္တီးနားတို႔ ဦးေဆာင္ဂိုးကို စတင္သြင္းယူနိုင္ခဲ့ပါတယ္။

ဒီဂိုးကိုေတာ့ ပြဲခ်ိန္ ၂၂ မိနစ္မွာ ဒီမာရီယာက အသင္းေဖာ္ဒီေပါလ္ကန္တင္ေပးလိုက္ၿပီး ရရွိလာတဲ့အေနအထားကေန တခ်က္ထိန္းၿပီး အျမင့္ေဘာေက်ာ္သြင္းယူခဲ့တာျဖစ္ပါတယ္။ ေတာ္ေတာ္ေလးလွပတဲ့သြင္းဂိုးျဖစ္ၿပီး

အဆင့္အတန္းလည္းရွိခဲ့ကာ ဂိုးသမားအီဒါဆန္ရဲ႕ ေခါင္းေပၚကေနေက်ာ္ၿပီးေတာ့ ဂိုးထဲဝင္ခဲ့ပါတယ္။ ဒီသြင္းဂိုးတစ္ဂိုးတည္းကပဲ အာဂ်င္တီးနားကို အားျဖစ္ေစခဲ့ၿပီး ပထမပိုင္းၿပီးတဲ့အထိ ဘရာဇီးလ္ကို ဦးေဆာင္နိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ေခ်ပဂိုးရဖို႔ ဘရာဇီးလ္တို႔အားထည့္ကစားလာခဲ့ေပမယ့္ တိုက္စစ္ပိုင္းအားနည္းေနတာေၾကာင့္ အရာမထင္ခဲ့ပါဘူး။ အာဂ်င္တီးနားကလည္း ႀကံ့ႀကံ့ခံကစားေနခဲ့ၿပီး ဂိုးျပန္မေပးရဖို႔ကို လိုအပ္ရင္လိုအပ္သလို ခပ္ၾကမ္းၾကမ္းတုံ႕ျပန္မႈေတြလုပ္ခဲ့ပါတယ္။

ေနမာလည္း ဘာမွလုပ္မရျဖစ္ေနခဲ့ၿပီး ရစ္ခ်ာလီဆန္ေခ်ပဂိုးတစ္ဂိုးသြင္းခဲ့ေပမယ့္ လူကြၽံေနခဲ့တာေၾကာင့္ နစ္နာခဲ့ရပါတယ္။ တကိုယ္ေတာ္ထိုးေဖာက္မႈေတြနဲ႕ ေနမာ အားထုတ္ေပမယ့္လည္း အာဂ်င္တီးနားက ခပ္ၾကမ္းၾကမ္းတုံ႕ျပန္ရင္း ထိန္းခ်ဳပ္ေနခဲ့ပါတယ္။

ပြဲၿပီးခါနီးေလး ပြဲကပိုၾကမ္းလာေလာပါပဲ။ အာဂ်င္တီးနားကလည္း ဘရာဇီးလ္ရဲ႕ ဂိုးရေပါက္ျဖစ္တဲ့ ေနမာကို အသားကုန္ကို ပိတ္ဆို႔ခဲ့ၿပီး လူခ်သင့္ရင္ ခ်ပါေတာ့တယ္။ ေနမာ ဘယ္လိုမွေက်ာ္မရလို႔ အခက္ေတြ႕ေနခဲ့ရၿပီး အာဂ်င္တီးနားကလည္း

မက္ဆီကိုယ္တိုင္ ခံစစ္ထိလိုက္ေဆာ့ခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ အာဂ်င္တီးနားတို႔ ဒီမာရီယာရဲ႕ဂိုးနဲ႕ပဲ အနိုင္ရခဲ့ၿပီး မက္ဆီလည္း လက္ေ႐ြးစင္အသင္းနဲ႕အတူ ပထမဆုံးဆုဖလားကို ရယူကာ မွတ္တမ္းဆိုးကို ေခ်ဖ်က္နိုင္ခဲ့ၿပီျဖစ္ပါေတာ့တယ္။