Spots news

ကာမာဗင်ဂါကို ခေါ်ယူမယ့် ချယ်လ်ဆီးရဲ့ကြောင့် လက်နှေးရင် ခွက်ဆေးရမယ့် မန်ယူနိုက်တက်

Unicode Version

ချယ်လ်ဆီးအသင်းဟာ နွေစျေးကွက်အတွင်း ကစားသမားသစ် အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်လျက်ရှိနေရာ ရန်းနက်စ်အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့အတွက် တာဝန်ရှိသူတွေနဲ့ပါ ဆွေးနွေးနေပြီလို့ သိရပါတယ်။

 

အသက်(၁၈)နှစ်အရွယ် ဆယ်ကျော်သက် လူငယ်ကစားသမားလေး ကာမာဗင်ဂါဟာ ရန်းနက်စ်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ ရန်းနက်စ်စီနီယာအသင်းကြီးနဲ့ ပွဲထွက်ခွင့်ရခဲ့သလို တစ်နှစ်အကြာမှာပဲ ပြင်သစ်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။

ကာမာဗင်ဂါဟာ လက်ရှိမှာတော့ ရန်းနက်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိနေတော့တာဖြစ်ပြီး သူ့ဘက်ကလည်း အသင်းနဲ့ သက်တမ်းတိုးတော့မှာ မဟုတ်တဲ့အတွက် ဒီနွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်သွားရတော့မှာဖြစ်ပါတယ်။

ကာမာဗင်ဂါကို စိတ်ဝင်စားပြီး ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ ကာမာဗင်ဂါနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ကြားမှာ အပြောင်းအရွေ့ သတင်းတွေ

ဆက်တိုက်ထွက်ပေါ်နေပေမယ့် ချယ်လ်ဆီးအသင်းက ကာမာဗင်ဂါကို ခေါ်ယူသွားဖို့ ကြားဝင်ကြိုးစားလာခဲ့ပြီး ရန်းနက်စ်နဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

ချယ်လ်ဆီးနဲ့ ရန်းနက်စ်အသင်းတို့ဟာ ဆက်ဆံရေးကောင်းတွေ ပိုင်ဆိုင်ထားကြပြီး ချယ်လ်ဆီးအသင်းရဲ့ အားကစားဒါရိုက်တာ ပီတာချက်က သူရဲ့ကစားသမားဘဝကို ရန်းစ်အသင်းမှာ စတင်ခဲ့တာဖြစ်လို့ ချက်ရဲ့အကူအညီနဲ့ ဂိုးသမားအက်ဒွါမန်ဒီကိုပါ ပြီးခဲ့တဲ့ရာသီက ခေါ်ယူနိုင်ခဲ့ပါတယ်။

အခုလည်း ကာမာဗင်ဂါကို ခေါ်ယူဖို့ပါ အခြေအနေကောင်းလာခဲ့ပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးဟာ ကာမာဗင်ဂါအပြင် ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းကိုပါ ခေါ်ယူချင်နေပြီး အသုံးစရိတ် လုံလောက်ဖို့အတွက် အသင်းရဲ့ကစားသမားတချို့ကို ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းဟာ ေႏြေစ်းကြက္အတြင္း ကစားသမားသစ္ အင္အားျဖည့္တင္းမႈေတြ လုပ္ေဆာင္ဖို႔ ျပင္ဆင္လ်က္ရွိေနရာ ရန္းနက္စ္အသင္းရဲ႕ လူငယ္ကြင္းလယ္ကစားသမားေလး ကာမာဗင္ဂါကို ေခၚယူနိုင္ဖို႔အတြက္ တာဝန္ရွိသူေတြနဲ႕ပါ ေဆြးေႏြးေနၿပီလို႔ သိရပါတယ္။

အသက္(၁၈)ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္ လူငယ္ကစားသမားေလး ကာမာဗင္ဂါဟာ ရန္းနက္စ္လူငယ္အသင္းကေန ေပၚထြက္လာခဲ့တာျဖစ္ၿပီး ၂၀၁၉ခုႏွစ္မွာပဲ ရန္းနက္စ္စီနီယာအသင္းႀကီးနဲ႕ ပြဲထြက္ခြင့္ရခဲ့သလို တစ္ႏွစ္အၾကာမွာပဲ ျပင္သစ္လက္ေ႐ြးစင္အသင္းမွာပါ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ကာမာဗင္ဂါဟာ လက္ရွိမွာေတာ့ ရန္းနက္စ္အသင္းနဲ႕ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းက တစ္ႏွစ္ပဲ က်န္ရွိေနေတာ့တာျဖစ္ၿပီး သူ႕ဘက္ကလည္း အသင္းနဲ႕ သက္တမ္းတိုးေတာ့မွာ မဟုတ္တဲ့အတြက္ ဒီေႏြေစ်းကြက္အတြင္းမွာပဲ အသင္းကေန ေရာင္းထုတ္သြားရေတာ့မွာျဖစ္ပါတယ္။

ကာမာဗင္ဂါကို စိတ္ဝင္စားၿပီး ေခၚယူဖို႔ မန္ခ်က္စတာယူနိုက္တက္က ထိပ္ဆုံးကေန ပါဝင္ေနပါတယ္။ ကာမာဗင္ဂါနဲ႕ ယူနိုက္တက္အသင္းတို႔ရဲ႕ၾကားမွာ အေျပာင္းအေ႐ြ႕ သတင္းေတြ

ဆက္တိုက္ထြက္ေပၚေနေပမယ့္ ခ်ယ္လ္ဆီးအသင္းက ကာမာဗင္ဂါကို ေခၚယူသြားဖို႔ ၾကားဝင္ႀကိဳးစားလာခဲ့ၿပီး ရန္းနက္စ္နဲ႕ပါ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနပါတယ္။

ခ်ယ္လ္ဆီးနဲ႕ ရန္းနက္စ္အသင္းတို႔ဟာ ဆက္ဆံေရးေကာင္းေတြ ပိုင္ဆိုင္ထားၾကၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕ အားကစားဒါရိုက္တာ ပီတာခ်က္က သူရဲ႕ကစားသမားဘဝကို ရန္းစ္အသင္းမွာ စတင္ခဲ့တာျဖစ္လို႔ ခ်က္ရဲ႕အကူအညီနဲ႕ ဂိုးသမားအက္ဒြါမန္ဒီကိုပါ ၿပီးခဲ့တဲ့ရာသီက ေခၚယူနိုင္ခဲ့ပါတယ္။

အခုလည္း ကာမာဗင္ဂါကို ေခၚယူဖို႔ပါ အေျခအေနေကာင္းလာခဲ့ပါတယ္။ လက္ရွိမွာေတာ့ ခ်ယ္လ္ဆီးဟာ ကာမာဗင္ဂါအျပင္ ေဒါ့မြန္တိုက္စစ္မႉး အာလင္းဟာလန္းကိုပါ ေခၚယူခ်င္ေနၿပီး အသုံးစရိတ္ လုံေလာက္ဖို႔အတြက္ အသင္းရဲ႕ကစားသမားတခ်ိဳ႕ကို ေရာင္းထုတ္သြားဖြယ္ ရွိေနပါတယ္။