Unicode Version
လာမယ့် ရာသီမှာ အီတလီ စီးရီးအေ ကလပ်ရိုမားအသင်းရဲ့ နည်းပြသစ်ဖြစ်တဲ့ ဂျိုဆေးမော်ရင်ဟိုဟာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့
ဗဟိုခံစစ်မှူး အဲရစ်ဘိုင်လီကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ အီတီလီအခြေစိုက် သတင်းမီဒီယာ များကဖော်ပြသွားပါတယ်။
အသက် ၂၇ နှစ်အရွယ် အိုင်ဗရီကိုစ့် နောက်ခံလူ ဘိုင်လီကို ယူနိုက်တက်သို့ မော်ရင်ဟိုကိုယ်တိုင် ခေါ်ယူခဲ့တာ ဖြစ်ပီး ပြောင်းရွေ့ကြေး ပေါင် ၃၄.၂ သန်းနဲ့ စပိန်ကလပ်
ဗီလာရီးရဲလ်အသင်းက ၂၀၁၆ ခုနှစ်က ခေါ်ယူပေးခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် နည်းပြဆိုးလ်ရှား လက်ထက်မှာ ဘိုင်လီဟာ ပရီးမီးယားလိဂ် ပွဲထွက်ကစားခွင့် တွေ ရရှိဖို့ ရုန်းကန်နေရပါတယ်။
အိုင်ဗရီကို့စ်သားဟာ သူ့ရဲ့ကစားပုံကြောင့် မကြာခဏ ဆိုးရွားတဲ့ဒဏ်ရာပြဿနာတွေ ဖြစ်လေ့ရှိပြီး ခြေစွမ်းပုံမှန် ထိန်းမထားနိုင်တာကြောင့် အိုလေဂန်းနားဆိုးလ်ရှားဟာ
အသင်းခံစစ်ပိုင်းမှာ မက်ဂွိုင်းယားနဲ့ တွဲကစားဖို့ အတွက် ရီးရဲလ်မက်ဒရစ် နဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ရာဖေးလ်ဗာရန်းကို ခေါ်ယူရန်အတွက် ပြင်ဆင်လျက် ရှိနေပါတယ်။
ဘိုင်လီဟာ မကြာသေးခင်ကမှ မန်ချက်စတာ ယူတိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း တိုးထားတဲ့ ကစားသမားဖြစ်ပေမယ့် အသင်းဖော် မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့
နောက်မှသာ ပွဲထွက်ခွင့် ရနေတဲ့ အခြေအနေကြောင့် ယခုနွေရာသီ အပြောငိးအရွေ့မှာပဲ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားနိုင်ချေရှိပါတယ်။
လက်ရှိမှာတော့ ဗီလာရီးရဲလ်ကစားသမားဟောင်းကိုခေါ်ယူဖို့ အီတလီကလပ် ရိုမားအသင်းက စောင့်ကြည့်နေပါတယ်။ မော်ရင်ဟိုကတော့ တပည့်ဟောင်းဖြစ်တဲ့ ဘိုင်လီနဲ့ ရောမမြေမှာ တကျော့ပြန်
လက်တွဲလိုနေတာလည်း ဖြစ်ပါတယ်။တခြားသော ဗဟိုခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ အယ်ဇယ်တွန်ဇီဘီဟာလည်း အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
Zawgyi Version
လာမယ့္ ရာသီမွာ အီတလီ စီးရီးေအ ကလပ္ရိုမားအသင္းရဲ႕ နည္းျပသစ္ျဖစ္တဲ့ ဂ်ိဳေဆးေမာ္ရင္ဟိုဟာ အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕
ဗဟိုခံစစ္မႉး အဲရစ္ဘိုင္လီကိုေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ အီတီလီအေျခစိုက္ သတင္းမီဒီယာ မ်ားကေဖာ္ျပသြားပါတယ္။
အသက္ ၂၇ ႏွစ္အ႐ြယ္ အိုင္ဗရီကိုစ့္ ေနာက္ခံလူ ဘိုင္လီကို ယူနိုက္တက္သို႔ ေမာ္ရင္ဟိုကိုယ္တိုင္ ေခၚယူခဲ့တာ ျဖစ္ပီး ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၃၄.၂ သန္းနဲ႕ စပိန္ကလပ္
ဗီလာရီးရဲလ္အသင္းက ၂၀၁၆ ခုႏွစ္က ေခၚယူေပးခဲ့တာ ျဖစ္ပါတယ္။ သို႔ေပမယ့္ နည္းျပဆိုးလ္ရွား လက္ထက္မွာ ဘိုင္လီဟာ ပရီးမီးယားလိဂ္ ပြဲထြက္ကစားခြင့္ ေတြ ရရွိဖို႔ ႐ုန္းကန္ေနရပါတယ္။
အိုင္ဗရီကို႔စ္သားဟာ သူ႕ရဲ႕ကစားပုံေၾကာင့္ မၾကာခဏ ဆိုး႐ြားတဲ့ဒဏ္ရာျပႆနာေတြ ျဖစ္ေလ့ရွိၿပီး ေျခစြမ္းပုံမွန္ ထိန္းမထားနိုင္တာေၾကာင့္ အိုေလဂန္းနားဆိုးလ္ရွားဟာ
အသင္းခံစစ္ပိုင္းမွာ မက္ဂြိုင္းယားနဲ႕ တြဲကစားဖို႔ အတြက္ ရီးရဲလ္မက္ဒရစ္ နဲ႕ ျပင္သစ္ လက္ေ႐ြးစင္ ေနာက္ခံလူ ရာေဖးလ္ဗာရန္းကို ေခၚယူရန္အတြက္ ျပင္ဆင္လ်က္ ရွိေနပါတယ္။
ဘိုင္လီဟာ မၾကာေသးခင္ကမွ မန္ခ်က္စတာ ယူတိုက္တက္ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း တိုးထားတဲ့ ကစားသမားျဖစ္ေပမယ့္ အသင္းေဖာ္ မက္ဂြိုင္းယားနဲ႕ လင္ဒီေလာ့ဖ္တို႔
ေနာက္မွသာ ပြဲထြက္ခြင့္ ရေနတဲ့ အေျခအေနေၾကာင့္ ယခုေႏြရာသီ အေျပာငိးအေ႐ြ႕မွာပဲ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာသြားနိုင္ေခ်ရွိပါတယ္။
လက္ရွိမွာေတာ့ ဗီလာရီးရဲလ္ကစားသမားေဟာင္းကိုေခၚယူဖို႔ အီတလီကလပ္ ရိုမားအသင္းက ေစာင့္ၾကည့္ေနပါတယ္။ ေမာ္ရင္ဟိုကေတာ့ တပည့္ေဟာင္းျဖစ္တဲ့ ဘိုင္လီနဲ႕ ေရာမေျမမွာ တေက်ာ့ျပန္
လက္တြဲလိုေနတာလည္း ျဖစ္ပါတယ္။တျခားေသာ ဗဟိုခံစစ္မႉးတစ္ေယာက္ျဖစ္တဲ့ အယ္ဇယ္တြန္ဇီဘီဟာလည္း အိုးလ္ထရက္ဖို႔ဒ္ကို စြန့္ခြာသြားဖြယ္ရွိတယ္လို႔ သိရပါတယ္။