Unicode Version
ဒီနေ့ခေတ်ရဲ့ ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူ၁၀ဦးစာရင်းထွက်ပေါ်လာပါပြီ။ ဒီစာရင်းမှာပါဝင်တဲ့သူတွေက ပရိသတ်တွေ မျှော်လင့်နေကြတဲ့သူတွေပဲ ပါဝင်လာတာတွေ့ရပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူ အဖြစ်ရပ်တည်နေတာကတော့ စကော့တလန် လက်ရွေးစင် လီဗာပူးအသင်းရဲ့ ဘယ်နောက်ခံလူ အင်ဒီရောဘတ်ဆင် ဖြစ်ပါတယ်။
ရောဘတ်ဆင်ဟု ၂၀၂၀-၂၁ဘောလုံးရာသီတုန်းက လီဗာပူး အသင်းအတွက် ၃၈ပွဲ ကစားကာ၁ဂိုးသွင်းပြီး (၇) ကြိမ်ဖန်တီး နိုင်ခဲ့ပါတယ်။ သူဟာတစ်ပွဲပျမ်းမျှ ရှင်းထုတ်မှု၁.၈ကြိမ်နှင့် အရေးပါတဲ့ပေးပို့မှု ၁.၇ကြိမ် ပြုလုပ်ထား နိုင်ပါတယ်။
ဒုတိယနေရာမှာ အေစီမီလန်နှင့် ပြင်သစ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ် ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် နောက်ခံလူဟောင်း ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မီလန်အတွက် (၇)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၅)ကြိမ် လုပ်ခဲ့ပါတယ်။
တတိယနေရာမှာ အင်္ဂလန်ကို ယူရို၂၀၂၀ပြိုင်ပွဲ ဖိုင်နယ်ကို ပို့ဆောင်ပေးထားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောက ရပ်တည်နေပါတယ်။
သူဟာပြီးခဲ့တဲ့ ရာသီတုန်းက မန်ယူအတွက် ပွဲ (၃၀) ကစားခဲ့ပြီး ၁ဂိုးသွင်းကာ ဖန်တီးမှု (၅)ကြိမ် လုပ်နိုင်ခဲ့ပါတယ်။ အခုလည်း ယူရို ၂၀၂၀ပြိုင်ပွဲမှာ အင်္ဂလန်အတွက် ဂိုးဖန်တီးမှု(၃)ကြိမ် ပြုလုပ်ထားပါတယ်။
ဘိုင်ယန်နှင့် ကနေဒါ နောက်ခံလူ အယ်ဖွန်ဆိုဒါးဗီးစ် ကစတုတ္ထနေရာမှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့ရာသီတုန်းက သူဟာ ဘိုင်ယန်အတွက်၂၂ပွဲကစားခဲ့ရာမှာ ၁ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးခဲ့ပါတယ်။
အဆင့်၅ နေရာမှာ ရီးရဲလ်မက်ဒရစ် နောက်ခံလူသစ် ဒေးဗစ်အလာဘာ ကရပ်တည်နေပါတယ်။ ဗဟိုနောက်ခံလူ နေရာနှင့် ကွင်းလယ်နေရာတို့တွင်လည်း ကစားနိုင်တဲ့ ဩစတြီးယားလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကပွဲ ၃၀ ကစားခဲ့ရာမှာ ၂ဂိုးသွင်းပြီး ၃ ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံ လူ၁၀ ဦးရဲ့ ကျန်၅ဦး စာရင်းကတော့ အဲလက်စ်ဆန်ဒရို(ဂျူဗင်တပ်/ဘရာဇီး) ၊ဂျော်ဒီအယ်လ်ဘာ (ဘာစီလိုနာ/စပိန်)၊ဘင်ချဲလ်ဝဲလ် (ချဲလ်ဆီး/အင်္ဂလန်)၊ရာဖေးလ်ဂွါရဲရိုး(ဒေါ့မွန်/ပေါ်တူဂီ)၊ဒီဂနီ(အဲဗာတန်/ပြင်သစ်)တို့ဖြစ်ပါတယ်။
Zawgyi Version