Spots news

ယူနိုက်တက်ရဲ့ ဂန္ဓဝင် နံပါတ်(၇) ကို ဆန်ချိုကိုပေးဖို့ တောင်းဆိုလိုက်တဲ့ ဆန်ချိုရဲ့ဆရာဟောင်း

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ယခုနွေရာသီ အပြောင်းအရွေ့မှာ ခေါ်ယူထားတဲ့ တောင်ပံ ကစားသမားသစ် ဆန်ချိုကို ကျောနံပါတ် (၇)

ဝတ်ဆင်စေသင့်ကြောင်း ဝက်ဖို့ဒ်အသင်းရဲ့ အကယ်ဒမီမှာတုန်းက ဆန်ချိုရဲ့နည်းပြ ဖြစ်ခဲ့ဖူးတဲ့ လူးဝစ်လန်ကက်စတာ က ပြောကြား လိုက်ပါတယ်

ဆန်ချို ဟာ ကျောနံပါတ် (၇) နဲ့ ပိုမိုလိုက်ဖက်တဲ့ ကစသမားတစ်ယောက်ဖြစ်ပြီး ယူနိုက်တက်ရဲ့ နံပါတ်(၇) သာ ဝတ်ဆင်ထားခဲ့ရင် ပိုမိုခြေစွမ်းပြနိုင်ပြီး အခုထက်ပိုကောင်းတဲ့ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဆရာဟောင်း က သုံးသပ်ပြောဆိုခဲ့တာပါ။

ဆန်ချိုဟာ အသက်(၇)နှစ်အရွယ်မှာဝက်ဖို့ဒ်အသင်းအကယ်ဒမီကို ရောက်ရှိခဲ့ပြီး အဲဒီအချိန်တုန်းက လန်ကက်စတာဟာဝက်ဖို့ဒ်အသင်းလူငယ်နည်းပြအဖြစ် ဆောင်ရွက်နေတာဖြစ်လို့ဆန်ချိုရဲ့ခြေစွမ်းတိုးတက်လာအောင် ကူညီပေးခဲ့တဲ့ ဆရာဟောင်းလို့လည်းသတ်မှတ်ရမှာပါ။

ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ပေါင်(၇၃)သန်းနဲ့ခေါ်ယူဖို့ ဒေ့ါမွန်အသင်းနဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးမှာ (၅)နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကလည်း ဆန်ချိုကို အသင်းရဲ့ဂန္ထဝင်နံပါတ်ဖြစ်တဲ့ ကျောနံပါတ်(၇)ဝတ်ဆင်ကစားတာကို မြင်တွေ့လိုနေပေမယ့် အခုလောလောဆယ်

ကာဗာနီက အဲဒီနံပါတ်ဝတ်ဆင်နေတာကြောင့် ယူနိုက်တက်အသင်းမှာ ဆန်ချို နံပါတ်ဘယ်လောက်ဝတ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

လန်ကန်စတာက “ကျောနံပါတ်(၇)အရှိန်အဝါကြောင့် ဆန်ချိုဟာ ဖိအားရှိနေမှာမဟုတ်ဘဲ အဲဒီဖိအားတွေကြောင့်သာ သူဟာ အခုထက်ပိုကောင်းတဲ့ ကစားသမားဖြစ်လာမှာပါ။ ယူနိုက်တက်အသင်းမှာ ကျောနံပါတ်(၇)ဝတ်ဆင်ပြီး

ခြေစွမ်းပျောက်သွားတဲ့သူတွေရှိသလို တချို့သူတွေကတော့ နာမည်ကျော်တွေ ဖြစ်ခဲ့ကြပါတယ်။ ဆန်ချိုကို ကျောနံပါတ်(၇)ပေးဖို့ ယူနိုက်တက်အသင်းကိုကျွန်တော်တိုက်တွန်းလိုက်ပါရစေ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Zawgyi Version




ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ပေါင်(၇၃)သန်းနဲ့ခေါ်ယူဖို့ ဒေါ့မွန်အသင်းနဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးမှာ (၅)နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။


