Spots news

ဟာလန်းကိုခေါ်ယူဖို့ အသင်းရဲ့ကြယ်ပွင့် ကစား သမားအချို့ကို ရောင်းချသွားမယ့်ချယ်လ်ဆီး

Unicode Version

ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ အသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ နွေရာသီ အပြောင်းအ‌ရွေ့ အတွက် နံပါတ်တစ် ပစ်မှတ်

ကစားသမား ဖြစ်သူ ဟာလန်းကို ခေါ်ယူနိုင်ဖို့ အတွက် အသင်းရဲ့ ကစားသမား တချို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဝါရင့် တိုက်စစ်မှူး ဂျရူးကို အေစီမီလန်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂သန်းနဲ့ ရောင်းချအပြီးမှာ ဒေါ့မွန်အသင်းရဲ့

လူငယ် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလာသလို တဖက်မှာလည်း ကစားသမား တချို့ကို ရောင်းထုတ်ဖို့ ပြင်ဆင် နေပါတယ်။

ချယ်လ်ဆီးဟာ ဘဏ္ဍာရေးအင်အား တောင့်တင်းတဲ့ အသင်း ဖြစ်ပေမယ့် ကိုဗစ်ရောဂါကြောင့် ဝင်ငွေနည်းပါးနေတဲ့ အချိန်မှာ ဟာလန်းကို

ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ အတွက် အသင်းရဲ့ ကစားသမား တချို့ကို ရောင်းထုတ်ဖို့ လိုအပ် နေပါတယ်။

လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တောင်ပံ ကစားသမား ဇီရက်ဇ် ၊ တိုက်စစ်မှူး အေဗရာဟမ် ၊ ကွင်းလယ်လူ ဘာကာယိုကိုတို့ကို ရောင်းချဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ နည်းပြ တူချယ်ရဲ့ အနာဂတ်မှာ မပါဝင်တော့တဲ့ တိုက်စစ်မှူး အေဗရာဟမ် ၊ယခုနှစ် နွေဈေးကွက် အတွင်းမှာ

အသင်းပြောင်းဖို့ ဘာကာယိုကို တို့ကို ရောင်းချရာကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း ဝန်းကျင် ရရှိမယ်လို့ ချယ်လ်ဆီး အသင်းက မျှော်လင့်နေပါတယ်။

တောင်ပံကစားသမား ဇီရက်ဇ်ကတော့ တူချယ်ရဲ့ စိတ်ကြိုက် ကစားသမား တဦး မဟုတ်သလို ဒဏ်ရာပြဿနာ များပြားတဲ့ ကစားသမား တဦး ဖြစ်တာကြောင့်

ချယ်လ်ဆီးအသင်းဟာ သူ့ကို အရောင်းစာရင်း တင်ခဲ့တာ ဖြစ်ပြီး သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း ဝန်းကျင် လိုချင်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဇီရက်ဇ် ၊ အေဗရာဟမ် ၊ ဘာကာယိုကိုတို့ကို ရောင်းချရာကနေ ပေါင် ၇၀သန်း ဝန်းကျင် ရရှိနိုင်ပြီး ရောင်းချမှုတွေကို အပြီးသတ် ပြီးပါက

ချယ်လ်ဆီးအသင်းဟာ ဟာလန်းအတွက် ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်းနဲ့ ကမ်းလှမ်းဖွယ် ရှိကြောင်း Marca သတင်းဌာနက ဆိုပါတယ်။

Zawgyi Version

ဥေရာပ ခ်န္ပီယံလိဂ္ ခ်န္ပီယံ အသင္းျဖစ္တဲ့ ခ်ယ္လ္ဆီးအသင္းဟာ အသင္းရဲ႕ ေႏြရာသီ အေျပာင္းအ‌ေ႐ြ႕ အတြက္ နံပါတ္တစ္ ပစ္မွတ္

ကစားသမား ျဖစ္သူ ဟာလန္းကို ေခၚယူနိုင္ဖို႔ အတြက္ အသင္းရဲ႕ ကစားသမား တခ်ိဳ႕ကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ဝါရင့္ တိုက္စစ္မႉး ဂ်႐ူးကို ေအစီမီလန္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၂သန္းနဲ႕ ေရာင္းခ်အၿပီးမွာ ေဒါ့မြန္အသင္းရဲ႕

လူငယ္ တိုက္စစ္မႉး ဟာလန္းကို ေခၚယူဖို႔ အရွိန္အဟုန္ျမႇင့္ ႀကိဳးပမ္းလာသလို တဖက္မွာလည္း ကစားသမား တခ်ိဳ႕ကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ ေနပါတယ္။

ခ်ယ္လ္ဆီးဟာ ဘ႑ာေရးအင္အား ေတာင့္တင္းတဲ့ အသင္း ျဖစ္ေပမယ့္ ကိုဗစ္ေရာဂါေၾကာင့္ ဝင္ေငြနည္းပါးေနတဲ့ အခ်ိန္မွာ ဟာလန္းကို

ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၅၀သန္း ဝန္းက်င္နဲ႕ ေခၚယူဖို႔ အတြက္ အသင္းရဲ႕ ကစားသမား တခ်ိဳ႕ကို ေရာင္းထုတ္ဖို႔ လိုအပ္ ေနပါတယ္။

လက္ရွိအခ်ိန္မွာ ထြက္ေပၚေနတဲ့ သတင္းေတြအရေတာ့ ခ်ယ္လ္ဆီးအသင္းဟာ အသင္းရဲ႕ ေတာင္ပံ ကစားသမား ဇီရက္ဇ္ ၊ တိုက္စစ္မႉး ေအဗရာဟမ္ ၊ ကြင္းလယ္လူ ဘာကာယိုကိုတို႔ကို ေရာင္းခ်ဖိဳ႕ စီစဥ္ေနေၾကာင္း သိရပါတယ္။

ခ်ယ္လ္ဆီးအသင္းရဲ႕ နည္းျပ တူခ်ယ္ရဲ႕ အနာဂတ္မွာ မပါဝင္ေတာ့တဲ့ တိုက္စစ္မႉး ေအဗရာဟမ္ ၊ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ

အသင္းေျပာင္းဖို႔ ဘာကာယိုကို တို႔ကို ေရာင္းခ်ရာကေန ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၅သန္း ဝန္းက်င္ ရရွိမယ္လို႔ ခ်ယ္လ္ဆီး အသင္းက ေမွ်ာ္လင့္ေနပါတယ္။

ေတာင္ပံကစားသမား ဇီရက္ဇ္ကေတာ့ တူခ်ယ္ရဲ႕ စိတ္ႀကိဳက္ ကစားသမား တဦး မဟုတ္သလို ဒဏ္ရာျပႆနာ မ်ားျပားတဲ့ ကစားသမား တဦး ျဖစ္တာေၾကာင့္

ခ်ယ္လ္ဆီးအသင္းဟာ သူ႕ကို အေရာင္းစာရင္း တင္ခဲ့တာ ျဖစ္ၿပီး သူ႕အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၅သန္း ဝန္းက်င္ လိုခ်င္ေနပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ဇီရက္ဇ္ ၊ ေအဗရာဟမ္ ၊ ဘာကာယိုကိုတို႔ကို ေရာင္းခ်ရာကေန ေပါင္ ၇၀သန္း ဝန္းက်င္ ရရွိနိုင္ၿပီး ေရာင္းခ်မႈေတြကို အၿပီးသတ္ ၿပီးပါက

ခ်ယ္လ္ဆီးအသင္းဟာ ဟာလန္းအတြက္ ေဒါ့မြန္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၂၀သန္းနဲ႕ ကမ္းလွမ္းဖြယ္ ရွိေၾကာင္း Marca သတင္းဌာနက ဆိုပါတယ္။