Spots news

ရာသီသစ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ကစားနေတာကို မြင်ရချေရှိနေတဲ့ ဗန်ဒိဘိခ်

Unicode Version

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်အသင်းဟာ အသင်းရဲ့ နယ်သာလန်လက်ရွေးစင် ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်အား လာမည့်ရာသီတွင်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ် အသင်းသို့ အငှားချရန် စီစဉ်နေကြောင်း ဗြိတိန်အခြေစိုက် သတင်းမီဒီယာ များက ဖော်ပြထားပါတယ်။

ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက် အသင်းဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန် နေခဲ့ရသလို

အရန်ကစားသမား အဖြစ်နဲ့ အချိန်ကုန် နေရတာကြောင့် သူရဲ့ယူနိုက်တက် ကစားသမားဘဝ အနာဂတ် အနေအထားတွေက မရေမရာ ဖြစ်လာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီက မန်ချက်စတာ ယူနိုက်တက်အတွက် ပွဲထွက်ကစားခွင့် ၄ ပွဲသာရခဲ့တဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ် အနေနဲ့ အသင်းပြောင်းရွှေ့ချင်နေကြောင်း ကစားသမားရဲ့အကြံပေးက ပြောဆိုမှုပြုလုပ်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရရှိတဲ့ ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကို ရီးရလ်မက်ဒရစ်အသင်းက အငှားခေါ်ယူရန် ပစ်မှတ်ထားနေတာ

ဖြစ်ပြီး တစ်ရာသီစာအငှားခေါ်ယူခြင်းအတွက် ပေါင်(၂)သန်းခန့် သာ အသုံးပြု၍ ခေါ်ယူနိုင်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်ဟာ ဗန်ဒီဘိခ်ကို ယူနိုက်တက်ကို မရောက်ခင် အေဂျက်အသင်းမှာ ကစားခဲ့စဉ်ကတည်းက ခေါ်ယူဖို့ စီစဉ်ခဲ့တာဖြစ်ပြီး

အခုလိုယူနိုက်တက်ကနေ တစ်နှစ်အဌားနဲ့ ခေါ်ယူပြီးရင် အပြီးသတ် ခေါ်ယူခွင့်အတွက်ပါ စာချုပ်ချုပ်ဆိုဖို့ အလိုရှိနေပါတယ်။

Zawgyi Version








ရီးရဲလ်ဟာ ဗန်ဒီဘိတ်ခ်ကို ယူနိုက်တက်ကို မရောက်ခင် အေဂျက်အသင်းမှာ ကစားခဲ့စဉ်ကတည်းက ခေါ်ယူဖို့ စီစဉ်ခဲ့တာဖြစ်ပြီး
