Spots news

ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေး သတ်မှတ်‌ ပေးလိုက်ပြီဖြစ်တဲ့တဲ့ မန်ယူ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းက ခေါ်ယူချင်နေတဲ့ သူတို့အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာ အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်ကြောင်း နာမည်ကြီး ဗြိတိန်အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။

ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပေမယ့် ပေါ့ဘာကတော့ အသင်းပြောင်းဖို့ စိတ်ကူး ရှိနေပါတယ်။

နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာန ဖြစ်တဲ့ RMC Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေသလို ပေါ့ဘာရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်မှုတွေလည်း ရှိနေကြောင်း သိရပါတယ်။

သို့ပေမယ့် ပီအက်စ်ဂျီအသင်းဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAရဲ့ နာမည်ကျော် ဘဏ္ဍာရေးစည်းမျဉ်း ဖြစ်တဲ့ FFPစည်းမျဉ်းကို မချိုးဖောက်မိအောင် အသင်းရဲ့ ကစားသမား တချို့ကို ရောင်းထုတ်ဖို့ လိုအပ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းထောက်တွေက ဆိုပါတယ်။

ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပေမယ့် ပေါ့ဘာကစာချုပ်သစ် မချုပ်ဆိုတော့ဘူး ဆိုရင် ပေါ့ဘာကို ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းထုတ်ပြီး ရလာတဲ့ ပြောင်းရွှေ့ကြေးနဲ့ အစားထိုး ကစားသမား တဦးကို ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

The Mirror ရဲ့ ဖော်ပြချက်အရ နည်းပြဖြစ်သူ ဆိုးလ်ရှားနဲ့ အားကစား ဒါရိုက်တာ ဂျွန်မားတော့ပ်တို့ဟာ ပေါ့ဘာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကာ ပေါ့ဘာရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၅၁သန်း သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ပီအက္စ္ဂ်ီအသင္းက ေခၚယူခ်င္ေနတဲ့ သူတို႔အသင္းရဲ႕ ျပင္သစ္ လက္ေ႐ြးစင္ ကြင္းလယ္လူ ေပါလ္ေပါ့ဘာ အတြက္ ေျပာင္းေ႐ႊ႕ေၾကး သတ္မွတ္လိုက္ေၾကာင္း နာမည္ႀကီး ၿဗိတိန္အေျခစိုက္ သတင္းဌာန အမ်ားစုက ေဖာ္ျပသြားၾကပါတယ္။

ေပါလ္ေပါ့ဘာဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား တဦး ျဖစ္ၿပီး မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ေပါ့ဘာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးေနေပမယ့္ ေပါ့ဘာကေတာ့ အသင္းေျပာင္းဖို႔ စိတ္ကူး ရွိေနပါတယ္။

နာမည္ႀကီး ျပင္သစ္ အေျခစိုက္ သတင္းဌာန ျဖစ္တဲ့ RMC Sports သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအသင္းဟာ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ ေပါ့ဘာကို ေခၚယူဖို႔ စိတ္ဝင္စားမႈေတြ ရွိေနသလို ေပါ့ဘာရဲ႕ ေအးဂ်င့္ေတြနဲ႕ ခ်ိတ္ဆက္မႈေတြလည္း ရွိေနေၾကာင္း သိရပါတယ္။

သို႔ေပမယ့္ ပီအက္စ္ဂ်ီအသင္းဟာ ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္ UEFAရဲ႕ နာမည္ေက်ာ္ ဘ႑ာေရးစည္းမ်ဥ္း ျဖစ္တဲ့ FFPစည္းမ်ဥ္းကို မခ်ိဳးေဖာက္မိေအာင္ အသင္းရဲ႕ ကစားသမား တခ်ိဳ႕ကို ေရာင္းထုတ္ဖို႔ လိုအပ္ေၾကာင္း ျပင္သစ္ အေျခစိုက္ သတင္းေထာက္ေတြက ဆိုပါတယ္။

ယူနိုက္တက္အသင္းဟာ ေပါ့ဘာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးေနေပမယ့္ ေပါ့ဘာကစာခ်ဳပ္သစ္ မခ်ဳပ္ဆိုေတာ့ဘူး ဆိုရင္ ေပါ့ဘာကို ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာပဲ သင့္ေတာ္တဲ့ ေျပာင္းေ႐ႊ႕ေၾကး တရပ္နဲ႕ ေရာင္းထုတ္ၿပီး ရလာတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ အစားထိုး ကစားသမား တဦးကို ေခၚယူဖို႔ စီစဥ္ထားပါတယ္။

The Mirror ရဲ႕ ေဖာ္ျပခ်က္အရ နည္းျပျဖစ္သူ ဆိုးလ္ရွားနဲ႕ အားကစား ဒါရိုက္တာ ဂြၽန္မားေတာ့ပ္တို႔ဟာ ေပါ့ဘာရဲ႕ အေျပာင္းအေ႐ႊ႕နဲ႕ ပတ္သတ္ၿပီး ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ကာ ေပါ့ဘာရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၅၁သန္း သတ္မွတ္ခဲ့ေၾကာင္း သိရပါတယ္။