Spots news

ဆုဖလားတွေဟာ မိတ်ဆွေကောင်းတစ်ယောက်ထက်တော့ တန်ဖိုးမရှိနိုင်ပါဘူး – နေမာ

Unicode Version

အာဂျင်တီးနား နဲ့ ဘရာဇီးလ်တို့ရဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲအပြီးမှာတော့ ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ ဘာစီလိုနာအသင်းဖော်ဟောင်းမက်ဆီကို သွားရောက်ကာ ဂုဏ်ပြုခဲ့ပါတယ်။

ပွဲချိန်အတွင်းမှာ နေမာက ဘရာဇီးလ်အတွက် အစွမ်းကုန်အားထုတ်ကြိုးစားခဲ့ပြီး ဂိုးသွင်းပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အာဂျင်တီးနားခံစစ်ပိုင်းက ခပ်ကြမ်းကြမ်းတုံ့ပြန်ပြီး ထိန်းချုပ်ခဲ့ကာ ဘရာဇီးလ်ကို ရှုံးပွဲကြုံစေခဲ့ပါတယ်။

မိနစ် ၉၀ အတွင်း နေမာက နိုင်လိုစိတ်ပြင်းပြတဲ့ကစားဟန်ကို ပြသခဲ့ပြီး အာဂျင်တီးနားကစားသမားတွေနဲ့လည်း မကြာခဏပြသနာတက်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာတော့ နေမာဟာ

လေးနှစ်ကြာတွဲဖက်ကစားဖူးတဲ့ မက်ဆီကို ဂုဏ်ပြုစကားသွားရောက်ပြောဆိုခဲ့ပြီး မက်ဆီက ပြန်လည်နှစ်သိမ့်ပေးမှုတွေပြုလုပ်ခဲ့ကာ သူတို့နှစ်ဦးရဲ့ပွေ့ဖက်နှုတ်ဆက်နေမှုက ဘောလုံးလောကရဲ့ အလှတရားတစ်ခုကို ပြသခဲ့သလိုဖြစ်ခဲ့ပါတယ်။

ဒီလောက်နဲ့တင်မဟုတ်သေးဘဲ ဆုပေးပွဲအခမ်းအနားအပြီးမှာလည်း ဥမင်လှိုဏ်ခေါင်းထဲ သူတို့နှစ်ဦးအတူတူထိုင်ပြီး ရယ်မောပျော်ရွှင်ကာ စကားပြောဆိုနေတာကလည်း ကြည်နူးဖွယ်ရာအဖြစ် ပရိသတ်တွေမြင်တွေ့ခဲ့ကြရပါတယ်။

 

ဒီပွဲစဉ်မတိုင်ခင်မှာ အာဂျင်တီးနားနဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ချင်တယ်လို့ နေမာက ပြောဆိုခဲ့သလို မက်ဆီကို ဆုဖလားရစေချင်လို့ အာဂျင်တီးနားကိုအားပေးမယ်ပြောခဲ့တဲ့ ဘရာဇီးလ်ပရိသတ်တွေကို ဝေဖန်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ပြိုင်ပွဲကသက်သက်၊ ကစားသမားချင်းလေးစားမှု၊ ချစ်ခင်မှုနဲ့ သံယောဇဉ်က သက်သက်ဆိုတာကို နေမာက ပြသခဲ့ပါတယ်။ နေမာဟာ အသင်းရှုံးနိမ့်ပြီးနောက်

ကွင်းအတွင်းမှာ ဝမ်းနည်းစွာနဲ့ ငိုကြွေးနေခဲ့ပါတယ်။ သူ့အတွက်လည်း ဘရာဇီးလ်နဲ့အတူ ပထမဆုံးဆုဖလားကို ရယူနိုင်မယ့် အခွင့်အရေးဖြစ်ခဲ့ပေမယ့် လက်လွှတ်ခဲ့ရလို့ ဝမ်းနည်းကြေကွဲခဲ့ရတာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြားမှာမှ နေမာဟာ သူ့ရဲ့ရင့်ကျက်လာမှုကိုလည်း ပြသခဲ့ပြီး သူနဲ့ခင်မင်ရင်းနှီးတဲ့ မက်ဆီအတွက် မုဒိတာပွားခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေက ယူဆပြီး နေမာကို ချီးကျူးခဲ့ပါတယ်။

ဒါ့အပြင် နေမာနဲ့ မက်ဆီကို အခုလိုမျိုးမြင်တွေ့ရပြီးနောက် ကွင်းအတွင်းယှဉ်ပြိုင်မှု နဲ့ တစ်ဦးအပေါ်တစ်ဦးလေးစားမှု၊ ချစ်ခင်မှုက သက်သက်ဖြစ်တယ်ဆိုတာကိုလည်း ပြသခဲ့ကြတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

Zawgyi Version

အာဂ်င္တီးနား နဲ႕ ဘရာဇီးလ္တို႔ရဲ႕ ကိုပါအေမရိကဖလားဗိုလ္လုပြဲအၿပီးမွာေတာ့ ဘရာဇီးလ္တိုက္စစ္မႉးေနမာဟာ ဘာစီလိုနာအသင္းေဖာ္ေဟာင္းမက္ဆီကို သြားေရာက္ကာ ဂုဏ္ျပဳခဲ့ပါတယ္။

ပြဲခ်ိန္အတြင္းမွာ ေနမာက ဘရာဇီးလ္အတြက္ အစြမ္းကုန္အားထုတ္ႀကိဳးစားခဲ့ၿပီး ဂိုးသြင္းေပးနိုင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ အာဂ်င္တီးနားခံစစ္ပိုင္းက ခပ္ၾကမ္းၾကမ္းတုံ႕ျပန္ၿပီး ထိန္းခ်ဳပ္ခဲ့ကာ ဘရာဇီးလ္ကို ရႈံးပြဲႀကဳံေစခဲ့ပါတယ္။

မိနစ္ ၉၀ အတြင္း ေနမာက နိုင္လိုစိတ္ျပင္းျပတဲ့ကစားဟန္ကို ျပသခဲ့ၿပီး အာဂ်င္တီးနားကစားသမားေတြနဲ႕လည္း မၾကာခဏျပသနာတက္ခဲ့ပါတယ္။ ဒါေပမယ့္ ပြဲအၿပီးမွာေတာ့ ေနမာဟာ

ေလးႏွစ္ၾကာတြဲဖက္ကစားဖူးတဲ့ မက္ဆီကို ဂုဏ္ျပဳစကားသြားေရာက္ေျပာဆိုခဲ့ၿပီး မက္ဆီက ျပန္လည္ႏွစ္သိမ့္ေပးမႈေတြျပဳလုပ္ခဲ့ကာ သူတို႔ႏွစ္ဦးရဲ႕ေပြ႕ဖက္ႏႈတ္ဆက္ေနမႈက ေဘာလုံးေလာကရဲ႕ အလွတရားတစ္ခုကို ျပသခဲ့သလိုျဖစ္ခဲ့ပါတယ္။

ဒီေလာက္နဲ႕တင္မဟုတ္ေသးဘဲ ဆုေပးပြဲအခမ္းအနားအၿပီးမွာလည္း ဥမင္လွိုဏ္ေခါင္းထဲ သူတို႔ႏွစ္ဦးအတူတူထိုင္ၿပီး ရယ္ေမာေပ်ာ္႐ႊင္ကာ စကားေျပာဆိုေနတာကလည္း ၾကည္ႏူးဖြယ္ရာအျဖစ္ ပရိသတ္ေတြျမင္ေတြ႕ခဲ့ၾကရပါတယ္။

ဒီပြဲစဥ္မတိုင္ခင္မွာ အာဂ်င္တီးနားနဲ႕ ဗိုလ္လုပြဲမွာ ရင္ဆိုင္ခ်င္တယ္လို႔ ေနမာက ေျပာဆိုခဲ့သလို မက္ဆီကို ဆုဖလားရေစခ်င္လို႔ အာဂ်င္တီးနားကိုအားေပးမယ္ေျပာခဲ့တဲ့ ဘရာဇီးလ္ပရိသတ္ေတြကို ေဝဖန္ခဲ့ပါေသးတယ္။

ဒါေပမယ့္လည္း ၿပိဳင္ပြဲကသက္သက္၊ ကစားသမားခ်င္းေလးစားမႈ၊ ခ်စ္ခင္မႈနဲ႕ သံေယာဇဥ္က သက္သက္ဆိုတာကို ေနမာက ျပသခဲ့ပါတယ္။ ေနမာဟာ အသင္းရႈံးနိမ့္ၿပီးေနာက္

ကြင္းအတြင္းမွာ ဝမ္းနည္းစြာနဲ႕ ငိုေႂကြးေနခဲ့ပါတယ္။ သူ႕အတြက္လည္း ဘရာဇီးလ္နဲ႕အတူ ပထမဆုံးဆုဖလားကို ရယူနိုင္မယ့္ အခြင့္အေရးျဖစ္ခဲ့ေပမယ့္ လက္လႊတ္ခဲ့ရလို႔ ဝမ္းနည္းေၾကကြဲခဲ့ရတာျဖစ္ပါတယ္။

ဒီလိုအေျခအေနေတြၾကားမွာမွ ေနမာဟာ သူ႕ရဲ႕ရင့္က်က္လာမႈကိုလည္း ျပသခဲ့ၿပီး သူနဲ႕ခင္မင္ရင္းႏွီးတဲ့ မက္ဆီအတြက္ မုဒိတာပြားခဲ့တာျဖစ္တယ္လို႔ ပရိသတ္ေတြက ယူဆၿပီး ေနမာကို ခ်ီးက်ဴးခဲ့ပါတယ္။

ဒါ့အျပင္ ေနမာနဲ႕ မက္ဆီကို အခုလိုမ်ိဳးျမင္ေတြ႕ရၿပီးေနာက္ ကြင္းအတြင္းယွဥ္ၿပိဳင္မႈ နဲ႕ တစ္ဦးအေပၚတစ္ဦးေလးစားမႈ၊ ခ်စ္ခင္မႈက သက္သက္ျဖစ္တယ္ဆိုတာကိုလည္း ျပသခဲ့ၾကတယ္လို႔ မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။