Spots news

အင်္ဂလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ယူရိုဖလားကို အီတလီတို့ ဆွတ်ခူး

Unicode Version

ယူရို-2020 ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအပြီးမှာတော့ အဇူရီတို့ဟာ ဝင်ဘလေကွင်းအတွင်း ယူရိုဆုဖလားကို အင်္ဂလန်မြေမှာ မချန်ခဲ့ဘဲ အီတလီအရောက်ပြန်သယ်သွားခဲ့ကာ Football is coming “ROME” သာ ဖြစ်ခဲ့ပါပြီ။

အင်္ဂလန် နဲ့ အီတလီတို့ဟာ သာမန်ပွဲကစားချိန်အတွင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ပြီးနောက် အချိန်ပိုဆက်ကစားခဲ့ပေမယ့် အဖြေမပေါ်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီမှာတော့ အီတလီတို့ အနိုင်ရရှိခဲ့ပြီး

အရင်လွဲချော်ခဲ့ပေမယ့် အင်္ဂလန်ဘက်က ရက်ရှ်ဖို့ဒ်၊ ဆန်ချို နဲ့ ဆာကာတို့ရဲ့ ကန်သွင်းချက်တွေ လွဲချော်ခဲ့ပြီး ဒွန်နာရမ်မာလက်စွမ်းပြခဲ့လို့ အီတလီတို့ ဆုဖလားကို ဆွတ်ခူးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အင်္ဂလန် ဘောလုံးအသင်းကတော့ ၅၅ နှစ်ကြာ ဝေးကွာနေရတဲ့ အဓိက ဆုဖလားတစ်လုံး ရရှိဖို့ လက်တစ်ကမ်း အလိုမှာပဲ ဝင်ဘာလေကွင်းကြီးထဲမှာ အီတလီကို ပင်နယ်တီ အဆုံးအဖြတ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ ဝင်ဘလေကွင်းမှာ ရှုံးပြီး အသည်းကွဲ ခဲ့ရပါတယ်။

အင်္ဂလန် ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်က လက်စွမ်းပြပြီး ပင်နယ်တီ ၂ လုံး ဖမ်းခဲ့ပေမယ့် ရပ်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ ဆာကာတို့ ပင်နယ်တီ ၃ လုံး ဆက်ပြီး လွဲချော် ခဲ့ပါတယ်။

ဝင်ဘလေကွင်းကြီးထဲ ရှိနေကြတဲ့ အင်္ဂလန် ပရိသတ်တွေ အတွက် ပွဲစလို့ ၂ မိနစ်မှာပဲ လုခ်ရှောရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့လို့ ဥရောပချန်ပီယံ အိပ်မက် ပီပြင်လာတော့မယောင် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အီတလီကို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ပွဲကို ထိန်းချုပ် ကစားခဲ့ပါတယ်။

ဒုတိယပိုင်း ၆၇ မိနစ်မှာတော့ ယူဗင်းတပ်စ် ကစားသမား လီယိုနာဒို ဘိုနူချီက အီတလီ အတွက် ချေပဂိုးသွင်းခဲ့ပါတယ်။ အချိန်ပိုပြီးတဲ့ အီတလီရဲ့ တိုက်စစ်ကို အင်္ဂလန် အသင်း ဂိုးမပေးရပဲ ခုခံနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ပင်နယ်တီ အဆုံးအဖြတ် ကန်ခဲ့ရတာ ဖြစ်ပါတယ်။

ဥရောပချန်ပီယံ နောက်ဆုံးဗိုလ်လုပွဲတွေကို ပင်နယ်တီနဲ့ ဆုံးဖြတ်ရတာ ဒီပွဲနဲ့ပါဆိုမှ နှစ်ကြိမ်ပဲ ရှိပါသေးတယ်။ ဒီပွဲမတိုင်ခင် ၃၃ ပွဲ ဆက် ရှုံးပွဲမရှိ ခြေမှန်နေတဲ့ အီတလီဟာ အခုလည်းပဲ အဆုံးမှာတော့ ပွဲကို နိုင်အောင် ကစားသွားနိုင်ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာပါတယ်။

Zawgyi Version







